သျှမ်းပြည်ညီညွတ်ရေးကော်မတီအစည်းအဝေးကျင်းပခြင်းနှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ကြေညာချက်

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁-ရာစုပင်လုံ) အစည်းအဝေး၌ ဆွေးနွေးမည့် ကဏ္ဍငါးခုဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘုံမူဝါဒသဘောထားများ သုံးသပ်စုစည်းနိုင်ရန် ရည်ရွယ်၍ ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရှမ်းလူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်သည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပရန် စီစဉ်ခဲ့ပါသည်။

၂။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ အမှတ်(၃) စစ်တိုင်းအား မြန်မာနိုင်ငံ၏ ထိုင်းနိုင်ငံဆိုင်ရာ စစ်သံမှူးမှနေ၍ ယခုပြုလုပ်ကျင်းပမည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အစည်းအဝေးသည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆန့်ကျင်နေသည် ဟူ၍လည်းကောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) တွင် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းပါဝင်နေသည် ဟူ၍လည်းကောင်း အကြောင်းပြချက်ဖြင့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ၏ အစည်းအဝေးကို ကျင်းပခြင်း မပြုလုပ်နိုင်စေရန် ဟန့်တားအကြောင်းကြားလာပါသည်။

၃။ သို့ဖြစ်၍ ထိုင်းနိုင်ငံအစိုးရ၏ နှစ်နိုင်ငံဆက်ဆံရေးကို ထောက်ထား၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းစေရေးကို ရှေ့ရှု၍လည်းကောင်း သျှမ်းပြည်ညီညွတ်ရေးကော်မတီ၏ အစည်းအဝေးအား ဆက်လက်ကျင်းပခြင်း မပြုတော့ရန် ဆုံးဖြတ်ခဲ့ပါသည်။

၎။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သျှမ်းပြည်ညီညွတ်ရေးကော်မတီသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ကို အသိပေး ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။ အစိုးရအနေဖြင့် ငြိမ်းချမ်းလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ငြိမ်းချမ်းရေးပန်းတိုင်သို့ မြန်ဆန်စွာ ရောက်ရှိနိုင်ရေးအတွက် သဘောထားကြီးမှုနှင့် အမြော်အမြင်ရှိမှု အပေါ်တွင် အခြေခံဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါသည်။ ထို့အတူ ရှမ်းပြည်ညီညွတ်ရေးကော်မတီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုအပေါ်၌လည်း သံသယမဖြစ်စေရေးအတွက် တိုက်ရိုက် မေးမြန်းဆောင်ရွက်သွားသင့်ပါသည်။

၆။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစုပင်လုံ အစည်းအဝေး၌ ဆွေးနွေးမည့် အကြောင်းအရာ ကဏ္ဍငါးရပ်နှင့် ပတ်သက်၍ ဆွေးနွေးသွားမည့် ဤအစည်းအဝေးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (NCA) အပေါ်တွင် ဆန့်ကျင်ပြုလုပ်နေခြင်း မဟုတ်ကြောင်း သျှမ်းပြည်ညီညွတ်ရေး ကော်မတီ အနေဖြင့် ယုံကြည်ပါသည်။

၇။ သျှမ်းပြည်ညီညွတ်ရေးကော်မတီအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း လုပ်ငန်းစဉ်များ စသည်တို့တွင် အောင်မြင်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးကို ရှေ့ရှုပြီး ယခု သဘောထားကြေညာချက်အား ထုတ်ပြန်လိုက်သည်။

ဆက်သွယ်ရန်
၁။ စဝ်ဘောင်ခေး (+၆၆) ၀၈-၂၈၉၆၀၉၇၀
၂။ စိုင်းညွန့်လွင် (+၉၅) ၀၉-၇၃၂၄ ၁၅၈၇
၃။ စိုင်းဘိုးအောင် (+၉၅) ၀၉-၄၁၀၀ ၁၆၅၄

ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia