27 June 2017
သို့
ဦးထင်ကျော်
နိုင်ငံတော်သမ္မတ
သို့
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
သို့
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ရက်စွဲ။ ။ ၂၇ ဇွန်၊ ၂၀၁၇
အကြောင်းအရာ။ ။ တပ်မတော်ကဖမ်းဆီးထားသော သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးပါ ရန်နှင့် သတင်းမီဒီယာကိုခြိမ်းခြောက်နေမှုများအား ရပ်တန့်ပေးပါရန်
၁။ ဇွန် ၂၆ ရက်က TNLA ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်သော သတင်းသွားယူကာပြန်လာသည့် DVB သတင်းဌာနမှသတင်းထောက်နှစ်ဦးနှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက်တစ်ဦးတို့ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်သည်ဟုဆိုကာ နမ့်ဆန် -သီပေါ ကားလမ်းပေါ်တွင် တပ်မတော်ကဖမ်းဆီးခဲ့သည်။
၂။ နိုင်ငံတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးပါဝင်ကာ တစ်ပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားပြန်လည်စည်းလုံးညီညွတ်ရေးကို နိုင်ငံတော်အစိုးရက အားသွန်ခွန်စိုက် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူ ဟူသည့်စကားလုံးသုံးစွဲကာ သတင်းသမားများကို ဖမ်းဆီးခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း အလားအလာကောင်းမဟုတ်ဟု ရှုမြင်ပါသည်။
၃။ ဖမ်းဆီးထားသောသတင်းသမားများကို မည်သည့်နေရာတွင် မည်သို့ထိန်းသိမ်းထားသည်ကို အတိအကျမသိရဘဲ ၎င်းတို့၏မိခင်သတင်းဌာနများနှင့်လည်း အဆက်သွယ်မရရှိသည့်အခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်ပါသည်။ ၎င်းသတင်းသမားများသည် သတင်းရင်းမြစ်များရှိရာသို့ သတင်းသွားရောက် ရယူခြင်းသာဖြစ်ပြီး နိုင်ငံတော်ကိုပုန်ကန်နေခြင်းမဟုတ်ပါ။
၎။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် သတင်းမီဒီယာများ၏အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း ပါဝင်လျက်ရှိသည့် အဖွဲ့အစည်းအသီးသီးက အသိအမှတ်ပြုထားကြသည်။ ယခုလို သတင်းသမားများအား ဖမ်းဆီးခြင်း၊ တစ်နည်းအားဖြင့် ပဋိပက္ခတွင်ပါဝင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ် သတင်းဖေါ်ပြခြင်းမပြုနိုင်အောင်တားဆီးခြင်းသည် သတင်းမီဒီယာကို ဆင်ဆာဖြတ်ခြင်းလုပ်ရပ်အဖြစ် ရှုမြင်ပါသည်။ သတင်းမီဒီယာသမားများအနေဖြင့် ဘက်အသီးသီးတွင် ပါဝင်ပတ်သက်နေသူများနှင့်ဆက်သွယ်ပြီး သတင်းရေးသား ဖေါ်ပြခြင်းမပြုနိုင်ပါက နိုင်ငံသားအားလုံးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်ပါ အကျိုးဆုတ်ယုတ် စေမည်ဖြစ်သည်။
၅။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းတွင် တိုင်းရင်းသားပြန်လည်စည်းလုံးညီညွတ်ရေးသည် အရေးပါသည့်ကဏ္ဍဖြစ်သည့်အလျောက် နိုင်ငံတော်ကကြိုးပမ်းနေသော ငြိမ်းချမ်းရေးအပါအ၀င် တိုင်းရင်းသားဒေသ အသီးသီးမှ သတင်းအချက်လက်များကိုလည်း ပြည်သူများရရှိရန်လိုအပ်ပါသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် သတင်းသမားများက အားထုတ်ကြိုးပမ်းခြင်းသာဖြစ်ပါသည်။
၆။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုရာတွင် တိုင်းပြည်တွင်းနေထိုင်သော မတူညီသည့်အဖွဲ့အစည်းများ၊ Institution များနှင့် Stakeholder များအားလုံး မတူညီသည့်လုပ်ဆောင်မှုများကို အချင်းချင်းအပြန်အလှန် လေးစားမှုရှိရန်လိုအပ်ပါသည်။
၇။ သို့ဖြစ်ပါသောကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုသော်လည်းကောင်း၊ ဒီမိုကရေစီ၏ စံနှုန်းတစ်ခုဖြစ်သည့် သတင်းလွတ်လပ်ခွင့်ကိုသော်လည်းကောင်း ရှေးရှုသောအားဖြင့်
၁) ဖမ်းဆီးထားသော သတင်းမီဒီယာသမားများကို အမြန်ဆုံးပြန်လွှတ်ပေးပါရန်
၂) သတင်းရေးသားဖော်ပြမှုကို အကြောင်းပြုကာ သတင်းမီဒီယာဥပဒေနှင့်မဟုတ်ဘဲ အခြားဥပဒေများနှင့် တရားစွဲဆိုထားမှုများကို ရုပ်သိမ်းပေးရန်နှင့်
၃) သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေမှုများအား ရပ်တန့်ပေးနိုင်ပါရန်
ကယားပြည်နယ်လွိုင်ကော်မြို့တွင် ကျင်းပလျက်ရှိသည့် တိုင်းရင်းမီဒီယာညီလာခံသို့ တက်ရောက် လာကြသော နိုင်ငံတစ်ဝှမ်းမှသတင်းသမားအဖွဲ့အစည်းများက တိုက်တွန်းအပ်ပါသည်။
– Arakan Journalists Association (AJA)
– Burma News International (BNI)
– Chin Media Network (CMN)
– Civil Authorize Negotiate Organization (C.A.N – Myanmar)
– Democratic Voice of Burma (DVB)
– Development Media Group
– Independent Ethnic Media Alliance
– Myae Latt Journlaist Network (MLJN)
– Myanmar Journalists Association (MJA)
– Myanmar Journalism Institute (MJI)
– Myanmar Journalist Network (MJN)
– Myanmar Women Journalist Society (MWJS)
– Myitkyina News Journal
– Narinjara
– Parents, Families and Friends of LGBTIQAs – Myanmar (PFLAG – Myanmar)
– PEN Myanmar
– Pynnar Pyoe Khin Youth Development Center
– Shan Ni Voice
– Shan State Women Journalist Organization
– Southern Myanmar Journalist Network (SMJN)
– Southern Shan State Media Network
– Taunggyi Journalist Association (TJA)
– The Irrawaddy
– The Mandalay Age Journal
– The Marnagar Journal
မိတ္တူကို
– မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
– ဥရောပသမဂ္ဂ
– ပူးတွဲစောင့်ကြည့်ရေးကော်မတီ – ပြည်ထောင်စု
– ပူးတွဲစောင့်ကြည့်ရေးကော်မတီ – ပြည်နယ်
မူရင်းအိတ်ဖွင့်ပေးစားကို ဤနေရာတွင် ဖတ်ရှုနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.