“အရပ်သားများ အားလုံး ခံစားနေကြရပါသည်” မြန်မာပြည် မြောက်ပိုင်းဒေသရှိ ပဋိပက္ခ၊ နေရပ်စွန့်ခွာထွက်ပြေးမှုနှင့် နိုင်ထက်စီးနင်းပြုကျင့်ခံရမှုများ

“အရပ်သားများ အားလုံး ခံစားနေကြရပါသည်”  မြန်မာပြည် မြောက်ပိုင်းဒေသရှိ ပဋိပက္ခ၊ နေရပ်စွန့်ခွာထွက်ပြေးမှုနှင့် နိုင်ထက်စီးနင်းပြုကျင့်ခံရမှုများ

မြန်မာအစိုးရစစ်တပ်နှင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တို့အနက် အင်အားအကြီးဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်သော ကချင်လွတ်မြောက် ရေးတပ် (ကေအိုင်အို/ကေအိုင်အေ)၊ တို့အကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်စီးသွားပြီးနောက် ခြောက်နှစ်ခန့် အကြာ၌၊ မြန်မာနိုင်ငံမြောက်ပိုင်းတစ်လျှောက် တိုက်ပွဲများ တစ်ကျော့ပြန် ပြန်ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံနှင့် အိမ်နီးချင်းဖြစ်သော ကချင် ပြည်နယ်နှင့် ရှမ်းမြောက် နေရာဒေသ အချို့တွင် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုရှိသော ကြိုကြားတိုက်ပွဲများ မကြာခဏ ဖြစ်ပွားသကဲ့သို့ အခြား လူ့အခွင့်အရေးဆိုင်ရာ ဆိုးဆိုးရွားရွား ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ ပေါ်ပေါကခ်ဲ့သည် – အထူးသဖြင့် လူနည်းစုဌာနေတိုင်းရင်းသား လူနည်းစုတို့အပေါ် အကြမ်းဖက်ချိုးဖောက်မှုများ ရှိနေသည။် အရပ်သားပြည်သူ ၉၈,၀၀၀ ထက်မနည်း မိမိတို့ ရပ်ရွာမှ စွန့်ခွာထွက်ပြေးခဲ့ရပြီး အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် စစ်ပြေးဒုက္ခသည်များ သတ်မှတ် နေရာအသီးသီး၌ ပြန်လည်နေရာချထား ရေးအပေါ် မြန်မာ အစိုးရက ကန့်သတ်ချက်များ ထားရှိသည့်ကိစ္စမှာ အဆိုးဝါးဆုံး ဖြစ်သည်။

ဤအစီရင်ခံစာမှာ ၂၀၁၆ နှစ်လယ်ပိုင်းမှ စတင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့၌ ဆက်လက် ဖြစ်ပေါ်နေသော ပြည်တွင်းစစ် ပဋိ ပက္ခများအတွင်း နိုင်ငံတကာဆိုင်ရာ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာဥပဒေ ချိုးဖောက်ကျူးလွန်မှု အခြေအနေ အရပ်ရပ်အပေါ် စစ်ဆေးမှု လုပ်ဆောင်ခြင်းဖြစ်သည်။ ၂၀၁၆ သြဂုတ်လအတွင်း၊ မြန်မာအစိုးရစစ်တပ်မှ ကေအိုင်အေတို့၏ တောင်ကုန်းစစ်စခန်းများကို ဆက် တိုက် ဆိုသလို ဆိုးဆိုးရွားရွား ထိုးစစ်ဆင်ခဲ့ပြီး ယင်းထိုးစစ်ကြောင့် အရပ်သားပြည်သူ အမြောက်အများ ယင်းထိုးစစ်အတွင်း နေရပ်စွန့်ခွာ ထွက် ပြေး ခဲ့ကြရသလို ကချင်ပြည်နယ်အတွင်း စစ်ရှိန်အမြင့်ဆုံး အခြေအနေသို့တိုင် ရောက်ရခှိဲ့ရသည်။ လပေါင်းများစွာ ကြာပြီးနောက်၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှမ်းပြည် မြောက်ပိုင်းရှိ မြန်မာစစ်တပ်နှင့် ရဲစခန်း အချက်အချာ နေရာများကို တိုက်ခိုက်ခဲ့ပြီးသည့်နောက် မြန်မာစစ်တပ်မှ အပြင်းအထန် ပြန်လည် ထိုးစစ်ဆင်နွဲခဲ့သည်။ ၂၀၁၇ မေလ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကြိုးစားလုပ်ဆောင် နေလင့်ကစား တိုက်ပွဲများမှာ အရှိန်မြှင့် ဆက်လက် ဖြစ်ပွားနေပြီး အရပ်သား ပြည်သူအများစုမှာ ဆိုးရွားစွာ ထိခိုက် ခံစားနေရပါသည်။

အစီရင်ခံစာ အပြည့်အစုံ မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia