14 June 2017
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (Karen Peace Support Network) မှ ကြီးမှုးကျင်းပသော ကမ္ဘာ့ ဒုက္ခသည်များနေ့ (World Refugee Day) ဂုဏ်ပြုပွအဲခမ်းအနား နှင့်ကရင်ဒုက္ခသည်များ၏ စိုးရိမ်မှုနေရမှုများကို ဝေမျှမည့် သတင်းစာရှင်းလင်းပဲအွား ၂၀၁၇ ဇွန်လ ၂၀ ရက်နေ့ ရန်ကုန်မြို့ရှိ Orchid Hotel တွင် ညနေ ၁း၀၀ မှ ၃း၀၀ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသောကြောင့် ပြည်သူများ၊ မီဒီယာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာ့ ကုလသမ္မဂအဖွဲ့အစည်းများနှင့် နငိုငံတကာသံရုံးများမှ ပါဝင်နိုင်ရန် ဖိတ်ကြားအပ်ပါသည်။
ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားအစီအစဉ်တွင် ကရင့်ရေးရာကော်မတီ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများအရေးလှုပ်ရှာနေသော အဖွဲ့အစည်းနငှ့် ကရင့်ဒုက္ခသည်မျာကော်မတီ မှ ကိုယ်စားလှယ်များမှလက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ပြောင်းလဲနေသော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များ၏စိုးရိပ်ပူပန်နေမှုများအား ဦးဆောင်ဆွေးနွေးခြင်း၊ ထိုင်းမြန်မာနယ်စပ်ရှိ ကရင်ပြည်တွင်းနေရပ်စွန်ခွာသူများ၏ လက်ရှိအခြေအနေအား ရိုက်ကူး တင်ဆက်ထားသော ရုပ်သံအားပြသခြင်း၊ မေးခွန်းများမေးမြန်းခြင်း နှင့် ကမ္ဘာဒုက္ခသည်များနေ့အခမ်းအနား ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်၏ ထုတ်ပြန်ကြေညာချက်အား ဖတ်ကြားခြင်း အစီအစဉ်အား လုပ်ဆောင်သွားမည်ဖြစ်သသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်သည် ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ကရင်ရပ်ရွာအခြေပြုအရပ်ဖက်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသောကွန်ယက်များအနက် အကြီးများဆုံး အဖွဲ့စည်းဖြစ်သည်။ အဖွဲ့ဝင်များသည် ပဋိပက္ခဖြစ်ပွာရာဒေသမျာအတွင်း အထောက်အပံပေးခြင်း၊ ဒေသခံများကို စွမ်းဆောင်ရည်မြင့်တင်ခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝယူမှုတာဝန်ခံမှုရှိသော အစီအစဉ် နငှ့် ယန္တယားများပေါ်ပေါက်လာစေရန်တည်ဆောက်ပေးခြင်း နှင့် ပြည်တွင်း ရေးရှည်တည့်တံခိုင်မာပြီး စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေရန် အထောက်အကူပြုခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
အစီအစဉ်အသေးစိတ်အား သိရှိလိုပါက ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ တာဝန်ခံ စောလေးကပေါအား ph: 0976868891 , email – [email protected] မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.