31 May 2017
ယခုမေလ ၂၇ ရက်နေ့တွင် လူမှုကွန်ယက် Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည့် မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှု ဗွီဒီယိုဖိုင်သည် လွန်ခဲ့သော ၂၀၁၅ ခုနှစ် ဇွန်လ ၈ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာတွင် မြန်မာ့တပ်မတော် တပ်မ ၈၈ နှင့် ပန်းဆေးပြည်သူ့စစ် အဖွဲ့ တို့ ရောက်ရှိကာ ကျေးရွာရှိရွာသားများအားလုံး ဖမ်းဆီးခဲ့သော Video ဖိုင်ဖြစ်သည်။
ဖြစ်စဉ်မှာ ထိုနေ့တွင် မြန်မာ့တပ်မတော်မှ လွယ်ကန်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာတွင် တအာင်းတပ်မတော် TNLA သတင်းမေးမြန်းခြင်း၊ ကျေးရွာတွင် တွေ့ရှိသည့် တောင်သူများ လယ်ယာ ခြံများတွင် တောတွင်းတိရစ္ဆာန်များ ရန်မှကာကွယ်ရန်၊ အမဲလိုက်ရန် ဆောင်ထားသည့် လက်လုပ်သေနတ်တွေ့ရှိကာ TNLA သေနတ်ဟု စွပ်စွဲ ပြောဆိုပြီး ရွာသားများအား ဖမ်းဆီးရိုက်နှက်ခဲ့ပါသည်။ Video ဖိုင်ပါ ကြိုးတုတ် ရိုက်နှက် ခံရသူများမှာ ၁။ မိုင်းအိုက်ဖေ (အဘ) ဦးလိုင်ဟိန်း (အမိ) ဒေါ်အေးပူး ကွတ်ခိုင်မြို့နယ်၊ နတ်ဖတ်ကာရွာနယ်မြေ (၂) ၊ ၂။ မိုင်း စံပ (အဘ) ဦးအိုက်နှောင့် (အမိ) ဒေါ်လှအေး ကွတ်ခိုင်မြို့နယ်၊ မော်ဆောင်ရွာ၊ ၃။ မိုင်းအိုက်ပွဲ (အဘ) ဦးဝင်းဆောင် (အမိ) ဒေါ်အီကန့် ကွတ်ခိုင်မြို့နယ်၊ နယ်မြေ၊ နမ့်ဖတ်ကာရွာ နယ်မြေ (၂) ၊ ၄။ မိုင်းအိုက်ခေါင် (အဘ) ဦးကွန်းခေါင် (အမိ) ဒေါ်မာခေါင် နမ့်ခမ်းမြို့နယ်၊ မန်ပူးရွာတို့ဖြစ်ပါသည်။
ထိုစဉ်တွင် မြန်မာ့တပ်မတော် နှင့် ပန်းဆေးပြည်သူ့စစ်များ၏ ၀င်ရောက်ညှင်းပန်းနှိပ်စက်တောင်းကျန်းခြင်း ကြောင့် လွယ်ကန်ကျေးရွာရှိ ရွာသူရွာသားများ ဒုက္ခသည်စခန်းသို့ ရွာလုံးကျွတ်ထွက်ပြေးသွားပြီး ယနေ့ထိ မည်သူမျှလာရောက် နေထိုင်ဝံ့ခြင်းမရှိတော့ပါ။
ကြိုးတုတ်ပြီး ဖမ်းဆီးညှင်းပန်း နှိပ်စက်ခံနေရသူ များကိုလည်း တအာင်းတပ်မတော်နှင့် ဆက်သွယ်မှုရှိသည်ဟု ဆိုကာ တရားစွဲဆို ထောင်ချခဲ့ပြီး ၁၇. ၄. ၂၀၁၆ ခုနှစ်တွင် ပြန်လွတ်လာ ခဲ့သည်ဟု သိရှိရပါသည်။
အလားတူဖြစ်စဉ်မျိုးလည်း လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်လည်း နမ့်ခမ်းမြို့နယ်၊ မန်ပူးကျေးရွာအုပ်စု၊ စေကင်းကျေးရွာ၌လည်း မြန်မာ့တပ်မတော် နမ္မတူအခြေစိုက် ခမရ ၃၂၄ နှင့် ပန်းဆေးပြည်သူ့စစ် ပူးပေါင်းပြီး ရွားသားများအား ဖမ်းဆီးရိုက်နှက်ကာ ကျေးရွာအတွင်း နေအိမ်များ ၀င်ရောက်မွှေနှောက်ကာ ရွှေ၊ ငွေနှင့် အဖိုးတန် ပစ္စည်းများအဓမ္မယူဆောင်ခြင်း၊ ရပ်ထားသော ဒေသသုံးအိမ်သုံး ကားဘီးများအား သေနတ်ဖြင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ခဲ့သည်။
ဖြစ်စဉ်မှာ ထိုနေ့ ၂၃ ရက်နေ့တွင် မြန်မာ့တပ်မတော်နှင့် ပန်းဆေးပြည်သူ့စစ် အဖွဲ့သည် ကျေးရွာအတွင်း မ၀င်ရောက်မှီ ကျေးရွာအတွင်းသို့ လက်နက်ကြီး/လက်နက်ငယ်များ ပစ်ခတ်ကာ ရွာသားအများစုမှ ထွက်ပြေး ခဲ့ကြသည်။ ထွက်မပြေးဘဲ ကျန်ရှိနေသည့် လူများကို မြန်မာ့တပ်မတော်နှင့် ပြည်သူ့စစ်များက ရွာသားများအား ၀င်ရောက် ဖမ်းဆီးညှင်းပန်းနှိပ်စက် ရိုက်နှက်ကာ တအာင်းတပ်မတော် TNLA သတင်းမေးမြန်း ခဲ့သည်။
ဖမ်းဆီးချုပ်နှောင်ခံရသူ ၇၉ ဦးရှိပြီး ညှင်းပန်းနှိပ်စက်ခံရသူများ ၉ ဦးဖြစ်သည်။ ထိုဖမ်းဆီးချုပ်နှောင်ခံရသူများ ထဲတွင် အမျိုးသမီး ၄၀ ဦးပါဝင်သည်။ နေအိမ်အတွင်း ၀င်ရောက် မွှေနှောက် ပစ္စည်း အဓမ္မ လုယူသွားသည့် ပစ္စည်းတန်ဖိုး ကျပ်သိန်း (၂၀၀) ကျော်ရှိသည်။ ဖမ်းဆီးချုပ်နှောင် ညှင်းပန်းနှိပ်စက်ခံရသူများမှာ ၁။ မိုင်းနိုင်ဝင်းလှိုင် ဇက်တွင်အကြောခွဲခြင်း၊ ခြေနှစ်ဖက်စလုံး၊ ဦးခေါင်းပေါက်၊ ဘောင်းဘီချွတ်၍ ရိုက်နှက်ခြင်း။ ၂။ မိုင်းညီပူး မျက်နှာပေါက်ဖုလုံး၊ ပေါက်ရိုက်နှက်ခြင်း၊ ကြိုးဖြင့်တုတ်၍ ရိုက်နှက်၊ နောက်ကျော ရိုက်နှက်ခြင်း။ ၃။ တားကွန်းအီဖြူ မျက်နှာပဲ့၊ဦးခေါင်း၊လက်မောင်း၊ခါး။ ၄။ တားကွန်းမုံ ခေါင်းထိ၊နှုတ်ခမ်းပဲ့။ ၅။ တားကွန်းမို ပခုံးတွင် အကြောလွဲ။ ၆။ တားကွန်အေးကြည် မျက်နှာပဲ့၊ တစ်ကိုယ်လုံးရိုက်နှက်ခြင်း။ ၇။ မိုင်းယိုင်ပန်း ခေါင်း၊ မျက်နှာ၊ နောက်ကြော။ ၈။ မိုင်းယိုင်ချစ်အောင် ခြေထောက်နှစ်ဖက်စလုံး၊ ခြေတစ်လုံးပေါက်၊ နောက်ကြောရိုက်။ ၉။ တားညီအောင် နောက်ကြော တစ်ပြင်လုံးရိုက်နှက်ခြင်း၊ ဦးခေါင်းအား စစ်ဖိနပ်ဖြင့် ကန်ကျောက်ခြင်းတို့ ဖြစ်ပါသည်။
တအာင်းဒေသ အတွင်း မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှု နေရာဒေသအနှံ့ ကျယ်ပြန့်စွာ ရှိသော်လည်း ဒေသခံ ပြည်သူများမှ မှတ်တမ်း ရိုက်ယူရန် အခွင့်အရေးမရှိခြင်း၊ ရိုက်ပြီးသောဖိုင်များအား မြန်မာ့တပ်မတော်မှ စစ်ဆေးတွေ့ရှိသည့်အခါ ပြန်လည် ဖမ်းဆီးနှိပ်စက်ခံရခြင်းတို့ကြောင့် မသိမ်းဆည်းရဲခြင်း မဖော်ပြရဲခြင်းများရှိခဲ့သည်။
သို့ဖြစ်ပါ၍ ယခုဖော်ပြသည့် Video ဖိုင်သည် မြေပြင်တွင် ဖြစ်စဉ်အမှန် ရိုက်ကူးထားသည့် မူရင်း Video ဖိုင်ဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.