09 April 2017
၁။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတစ်ရပ်ကို ၂၀၁၇ ခုနှစ် ဧပြီလ (၈) ရက်မှ (၉) ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်း အဝေးသို့ တိုင်းရင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၁၄) ဖွဲ့မှ ခေါင်းဆောင်ကိုယ်စားလှယ်စုစုပေါင်း (၆၂) ဦး တက်ရောက်ခဲ့ကြပါသည်။
၂။ အစည်းအဝေးတွင် ၂၀၁၆ ခုနှစ် ဇူလိုင်လ (၂၆) ရက်မှ (၃၀) ရက်နေ့ထိ ကချင်ပြည်နယ်၊ မိုင်ဂျာယာန်မြို့၌ ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးမှ ရလဒ်များအပေါ်အခြေခံ၍ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကိုအဓိကထားဆွေးနွေးခဲ့ကြပါသည်။
၃။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကိုင်စွဲမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရာတွင်အခြေခံရမည့် လမ်းညွှန်အခြေခံမူများ နှင့် ပင်လုံလက်စွဲစာတမ်းတို့ကို အတည်ပြုနိုင်ခဲ့ပါသည်။ ထို့အပြင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) ဆိုင်ရာကိစ္စရပ်များ၊ ကြားကာလအစီအစဉ်များဆိုင်ရာမူဝါဒနှင့် အစီအစဉ်များ ရေးဆွဲသွားနိုင်ရေးအတွက် ပူးတွဲအလုပ်အဖွဲ့များ ဖွဲ့စည်းသွားရန်စသည့် ကိစ္စရပ်များအပေါ် သဘောတူဆုံးဖြတ် ခဲ့ကြပါသည်။
၎။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် နှင့်ရှမ်းပြည်နယ်များတွင် လက်ရှိထိုးစစ်ဆင်နေမှုများအား အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အကြား ညှိနှိုင်းအဖြေရှာရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်အတူတကွပါဝင်ပူးပေါင်းနိုင်ရန် ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးတို့ကို ဤအစည်းအဝေးမှ အလေးအနက်ထား တိုက်တွန်းသည်။
၅။ NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေ ဖြင့် အစိုးရနှင့် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက်သော်လည်းကောင်း၊ မကြာမီကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံး တန်းတူရည်တူဂုဏ်သိက္ခာရှိစွာဖြင့် ပါဝင်တက်ရောက်နိုင်ရေးအတွက်သော်လည်း ကောင်း မိမိတို့အားလုံး အတူတကွဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ဆက်သွယ်ရန်
( ၁ ) ခူဦးရယ် ဖုန်း – ၆၆ ( ၀ ) ၀၈ ၄၈၀ ၅၁၃ ၄၄
( ၂ ) ဆလိုင်းထလာဟေး ဖုန်း – ၆၆ ( ၀ ) ၀၉ ၅၇၉ ၂၉၃ ၇၂
ထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် ရယူနိုင်သည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.