နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးရွာ ကယန်းအမျိုးသားနေ့ကျင်းပခွင့် ပိတ်ပင်သည့်အပေါ် ကယန်းမျိုးဆက်သစ်လူငယ်(KNGY)၏ သဘောထားထုတ်ပြန်ကြေညာချက်

၁။         မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံဖြင့် စုပေါင်းနေထိုင်ကြသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

၂။         မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာဌာနေတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာကြေညာစာတမ်း (UNDRIP) ကို ၁၃ရက်၊ စက်တင်ဘာ လ၊ ၂၀၀၇ခုနှစ် တွင် သဘောတူ လက်မှတ်ရေးထိုးထားခဲ့ပါသည်။

၃။         ကယန်းအမျိုးသားများသည် ပြည်ထောင်ကိုးကျေးရွာ၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေတွင် (၁၇)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားတစ်ရပ်ကို ကျင်းပရန်အတွက် ပြင်ဆင်ထားရာ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် ပိတ်ပင်တားမြစ်ခြင်းများပြုလုပ်နေပါသည်။

၎။         ယင်းကဲ့သို့သော ပိတ်ပင်တားဆီးမှုသည် မိမိတို့ ဌာနေကယန်းတိုင်းရင်းသားများကို အသိအမှတ်ပြုမှု မရှိခြင်းနှင့် နိုင်ငံတော်မှ တရားဝင် လက်မှတ်ထိုးထားသော အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း( UNDRIP) ကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။

၅။         နိုင်ငံတော်အစိုးရအနေဖြင့် ယင်းကဲ့သို့ တာဝန်ကင်းမဲ့သော အပြုအမှုများကို ထိရောက်စွာ စစ်ဆေး၊ စဉ်းစားရန်နှင့် မိမိတို့ကယန်းလူမျိုးတို့၏ နေ့ထူးနေမြတ် တစ်နေ့ဖြစ်သော ကယန်းအမျိုးသားနေ့ ကို ကယန်းဒေသနှင့် ကယန်းကျေးရွာများ မည်သည့်နေရာတွင်မဆို လွတ်လပ်စွာ ကျင်းပခွင့်ပေးရန်အတွက် ကယန်းမျိုးဆက်သစ်လူငယ်(KNGY)အနေဖြင့ှ် အလေးအနက်တိုက်တွန်းတောင်းဆိုပါသည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia