“အမှောင်ရိပ်တွင် တွေ့ရှိခြင်း” မူးယစ်ဆေးဝါးဆိုင်ရာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၏ အကျိုးသက်ရောက်မှု

“အမှောင်ရိပ်တွင် တွေ့ရှိခြင်း” မူးယစ်ဆေးဝါးဆိုင်ရာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၏ အကျိုးသက်ရောက်မှု

အရှေ့တောင်အာရှရှိ‘ရွှေတြိဂံဒေသ’ ၃ တွင် တည်ရှိသော မြန်မာနိုင်ငံသည ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွင် လူသိများသည်။ မြန်မာနိုင်ငံအား ကမ္ဘာပေါ်တွင အာဖကန်နစ္စတန်  ပြီးလျှင် ဒုတိယမြောက် ဘိန်းအများဆုံး ထုတ်လုပ်သူအဖြစ် အပြည်ပြည်ဆိုင်ရာ အစီရင်ခံစာများတွင် ဖော်ပြကြသည်။ မြန်မာနိုင်ငံတွင စိုက်ပျိုးသောဘိန်းကိုဒေသတွင်း အထူးသဖြင့် တောင်ပေါ်ဒေသများတွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများအကြားတွင် ထုံးတမ်းစဉ်လာအရနှင့် ဆေးဝါးအဖြစ်သုံးစွဲကြသည်။ သို့သော်လည်း ဘိန်းပမာဏ အများစုကို ပိုမိုအန္တရာယ်ရှိသော ဘိန်းဖြူ(Heroin) အဖြစ အသွင်ပြောင်းပြီး ပြည်တွင်းနှင့် ဒေသတွင်းပြည်ပဈေးကွက်များ အထူးသဖြင့် တရုတ ၅ ် နိုင်ငံသ တင်ပို့ကြသည်။ ထို့အပြင် မြန်မာနိုင်ငံသည် အမ်ဖက်တမင်းအမျိုးအစားစိတ်ကြွဆေး (ATS / Amphetamine type stimulant) ၆ ထုတ်လုပ်တင်ပို့ ရောင်းချမှုကြောင့် နိုင်ငံတကာမှစောင ကြည့်ခြင်းခံနေရသည်။ ခိုင်မာသော သတင်းအချက်အလက်များ မရှိသော်လည်း မြန်မာနိုင်ငံတွင် ပြဿနာရှိသော မူးယစ်ဆေးသုံးစွဲမှုမှာ မြင့်တက်လျက်ရှိသည်။ တရားဝင်အစီရင်ခံစာများအရ ဘိန်းဖြူ၊ ဘိန်းမဲ၊ မက်အမ်ဖက်တမင်းနှင့် ဆေးခြောက်တို့မှာ အသုံးများသော မူးယစ်ဆေးများဖြစ်ကြသည်။ ၇ အဓိကကျန်းမာရေးပြဿနာများဖြစ်သော အိပ်ချ်အိုင်ဗွီ (HIV) ၊ အသဲရောင်အသားဝါ ဘီနှင့်စီ (Hepatitis B & C) ၊ ဆေးလွန်ခြင်း၊ တီဘီရောဂါတို့မှာ အန္တရာယ်ရှိသောအပြုအမူများဖြစ်သည့်မူးယစ်ဆေး အကြောတွင်းထိုးခြင်း နှင့်မူးယစ်ဆေးရှူရာတွင်သုံးစွဲသော ပစ္စည်းကိရိယာများ မျှဝေသုံးစွဲခြင်းတို့နှင ဆက်စပ်လျက်ရှိသည်။ ပြဿနာရှိသော ဆေးသုံးစွဲမှုသည် ဘိန်းဖြူအကြောထဲ ထိုးသွင်းသူများ၏ အန္တရာယ်ရှိသော အလေ့အထများနှင့် အထူးသဖြင့် ဆက်စပ်လျက်ရှိသည်။

ကျန်းမာရေးနှင့် အန္တရာယ်လျှော့ချရေး ဝန်ဆောင်မှုများ ထောက်ပံ့ရမည့်အစား မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများနှင့်မူဝါဒများမှာ အလွန်တရာတင်းကြပ်ပြီး ဥပဒေရေးရာမူဘောင်မှာလည်း ဆေးသုံးစွဲသူများအပေါ် ပြင်းထန်သော ပြစ်ဒဏ်ပေးမှုနှင ရာဇဝတ်ကြောင်းအရ အရေးယူမှုများကို အသားပေးလျက်ရှိသည်။ ၈ ရလဒ်အနေဖြင မြန်မာနိုင်ငံ၏ အကျဉ်းထောင်များမှာ မူးယစ်ဆေးဝါးနှင့်ဆက်စပ်၍ အသေးအဖွဲပြစ်မှုကျူးလွန သူများနှင့် ပြည့်နှက်လျက်ရှိသည်။ မူးယစ်ဆေးဝါး သုံးစွဲသူအများစုမှာ မူးယစ်ဆေးအနည်းငယ သို့မဟုတ် ဆေးထိုးအပ်/ပြွန် လက်ဝယ်ထားရှိခြင်းတို့ကြောင့် ရဲအရာရှိများနှင လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှု၊ အလွဲသုံးစားပြုမှုတို့ကို ရင်ဆိုင်နေရဆဲဖြစ သည်။ဘာသာရေးအဖွဲ့အစည်းများအပါအဝင် ဒေသခံလူထုကလည်း မူးယစ်ဆေးသုံးစွဲသူများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းသူများအဖြစ နှိမ့်ချဆက်ဆံကြသည်။ ထို့အပြင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား သဘောထားကွဲလွဲမှုများရှိပြီး နိုင်ငံရေးတည်ငြိမ်မှုမရှိသော တိုင်းရင်းသားလူမျိုးစုဒေသများတွင နေထိုင်ကြသည့် ဆေးသုံးစွဲသူအများစုမှာ မူးယစ်ဆေးနှင့် ဆက်စပ်သော ပြဿနာများအတွက မြေစာပင်အဖြစ် အသုံးချခြင်းခံနေရသည်။ အာဏာပိုင်များ၏ ကန့်သတ်ခွင့်ပြုချက်များနှင နည်းပညာဆိုင်ရာ အထောက်အပံ့များမရှိခြင်းကြောင့် ဥပဒေရေးရာမူဘောင်နှင တားဆီးနှိမ်နင်းရေးလုပ်ငန်းများက မူးယစ်ဆေးသုံးစွဲသူများ၏ လူ့အခွင့်အရေးနှင ကျန်းမာရေးစောင့်ရှောက်မှုများ (အရေးပေါ်အသက်ကယ် ဝန်ဆောင်မှုများအပါအဝင်) အပေါ်မည်သို့မည်ပုံ အကျိုးသက်ရောက်မှုရှိသည်ကို ဆန်းစစ်သောသုတေသနများမှာလည်း အလွန်တရာပင် နည်းပါးသေးသည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံရှိတည်ဆဲ မူးယစ်ဆေး ဥပဒေမူဘောင်နှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ၏ သက်ရောက်မှုကို မီးမောင်းထိုးပြထားပြီးယင်းဥပဒေ မူဘောင် အဘယ်ကြောင့် ပြောင်းလဲသင့်ကြောင်းကိုလည်း ဆွေးနွေးတင်ပြထားသည်။ အပြစ်ပေးဖိနှိပ်သော မူဝါဒများကြောင့် ထိခိုက်ခံစားနေရသည့်မူးယစ်ဆေးသုံးစွဲသူများ၏ ဘဝအတွေ့အကြုံများပေါ်တွင် အခြေခံထားသည်။ ဤအစီရင်ခံစာကို မြန်မာနိုင်င မူးယစ်ဆေးသုံးစွဲသူများ ကွန်ရက်နှင့် ပူးပေါင်းပြုစုခဲ့သည်။၎င်းကွန်ရက်သည လက်ရှိမူးယစ်ဆေးသုံးစွဲသူများ၊ မက်သာဒုံး အစားထိုးဆေးသောက်နေသူများ၊ မူးယစ်ဆေး စွဲကုသမှုခံယူနေသူများဖြင့် ဖွဲ့စည်းထားသည်။ ဤအစီရင်ခံစာသည်ကွန်ရက်အဖွဲ့ဝင်များက ပြုလုပ်သော လူတွေ့မေးမြန်းမှုများနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများမှကောက်ယူထားသော အချက်အလက်များပေါ်တွင် အခြေခံသည်။စစ်တမ်းတွင်ပါဝင်သည့် မူးယစ်ဆေးသုံးစွဲသူများမှာ မြန်မာနိုင်ငံရှိ ဒေသကြီး (၇) ခုတွင် နေထိုင်သူများဖြစ်ပြီး အချုပ်ထောင်ကျခံဖူးသူများလည်း ဖြစ်ကြသည်။


အစီရင်ခံစာအပြည့်အစုံကို ရယူပါ

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia