20 March 2017
Women's League of Burma
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အကြံပေးအဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့၊ လုပ်ငန်းစဉ်တာဝန်ခံများ၊ ၀န်ထမ်းများနှင့် လေ့လာသူများ စုစုပေါင်း (၆၇) ဦးပါဝင်သော န၀မ အကြိမ် ညီလာခံကို ၂၀၁၇ ခုနှစ်၊ မတ်လ (၁၆) ရက်မှ(၁၈) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ညီလာခံတွင် အတွင်းရေးမှူးအဖွဲ့၏ အဌမအကြိမ်ညီလာခံ သက်တမ်း ၂ နှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းအစီရင် ခံစာများနှင့်ဘဏ္ဍာရေးအစီရင်ခံစာများကို တင်ပြခြင်း၊ ဆွေးနွေးသုံးသပ်အတည်ပြုခြင်းနှင့်အဖွဲ့ချုပ်၏ဖွဲ့စည်းပုံအား ပြန်လည်သုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များနှင့် ပိုမိုကိုက်ညီမှုရှိစေရန်အတွက် ဖြည့်စွက်၊ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
ထို့အပြင် မဟာဗျူဟာစီမံကိန်းအလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးအကြံပြုထားသည့် မျှော်မှန်းချက် (vision) နှင့် လုပ်ငန်း ဦးတည်ချက်(mission) ကိုအတည်ပြုနိုင်ခဲ့ပြီး ကျားမတန်းတူညီမျှရေးနှင့် တိုင်းရင်းသားတန်းတူညီမျှရေးတို့ကို
အခြေခံ၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် ဖြစ်သည်။ အဖွဲ့ချုပ်၏ လုပ်ငန်းဦးတည်ချက်များမှာ အမျိုးသမီးများ၏ အဆင့် အတန်းမြှင့်တင်ခြင်းဖြင့် ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးတို့ကို ဦးတည်လုပ် ဆောင်သွားရန် ဖြစ်သည်။
သဘောထားထုတ်ပြန်ချက် မြန်မာဘာသာအပြည့်အစုံကို ဤနေရာတွင် ရယူနိုင်သည်။
Download this statement in English HERE.
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.