08 March 2017
၁၉၁၁ ခုနှစ်မှစတင်၍ မတ်လ(၈)ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ်သတ်မှတ်လာခဲ့သည်မှာ ယနေ့ဆိုလျှင် (၁၀၆)ကြိမ်မြောက် သို့ရောက်ရှိလာပြီးဖြစ်သည်။အမေရိကန်နိုင်ငံ၊ နယူးယောက်အထည်စက်ရုံရှိ အလုပ်သမားများ လူသားမဆန်စွာ အချိန်ပိုလုပ်ရခြင်း၊ လုပ်အားခအလွန် နည်းပါးခြင်း၊ လုပ်ငန်းခွင်မလုံခြုံခြင်းစသည်တို့ကိုအကြောင်းပြု၍ ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည့် တပြိုင်နက်မှာပင် ၁၈၅၇ ခုနှစ်မှစတင်၍ အမျိုးသမီး လှုပ်ရှားမှုများပါစတင်လာခဲ့ရာမှ နိုင်ငံတကာအမျိုးသမီးများနေ့ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကမ္ဘာတ၀ှမ်းရှိ အမျိုးသမီးများသည် ဤနေ့ကျရောက်တိုင်း အစဉ်အမှတ်ရလျှက် ဂုဏ်ပြုချီးမြင့်နေရမည့် နေ့ထူးနေ့မြတ် အခါသမယလည်းဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ဤနေ့တွင် အမျိုးသမီးအခွင့်အရေး ကာကွ ယ်မြှင့်တင်နိုင်ရေးကို ရှေးရှုလျှက် နိုင်ငံတကာအမျိုးသမီးများနေ့ကို နည်းမျိုးစုံဖြင့် ဆင်နွဲလာခဲ့ကြ သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာပြီးဖြစ်သည်။ သို့သော် ကမ္ဘာ့နိုင်ငံအများအပြားတွင် ယခုချိန်ထိ အမျိုးသမီးများ၏ ဘ၀လုံခြုံမှုအပြည့်အ၀ မရရှိနိုင်သည့်အခြေအနေမှာ ထပ်တူထပ်မျှပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ ကမ္ဘာ့လူမှုပတ်ဝန်းကျင်ရှိ အမျိုးသမီးများသည် အမျိုးသမီးဖြစ်မှုကိုအခြေခံ၍ ခွဲခြားထားသော ယဉ်ကျေးမှုထုံးထမ်းစဉ်လာ အစွဲအရဖြစ်စေ လည်းကောင်း၊ ခွဲခြားသတ်မှတ်ထားသော ဥပဒေအရဖြစ်စေလည်းကောင်း၊ ခွဲခြားဖိနှိပ်ခံရမှုမှာ အခြေအနေချင်းကွာခြား နေမည်ဖြစ်သော်လည်း အနှစ်သာရအားဖြင့် တူညီသောခွဲခြားဖိနှိပ်ခံရမှုများ တည်ရှိနေဆဲပင်ဖြစ်သည်။
အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်တည်ရှိနေမှုထဲတွင် မိမိတို့ မြန်မာနိုင်ငံတွင်းရှိ အမျိုးသမီးများ ဘ၀လုံခြုံမှုမှာ ပို၍ပင် ဆိုးဝါးနေဆဲဖြစ်သည်။ နယ်စပ်ဒေသများတွင် ဖြစ်ပွါးနေသော စစ်ပွဲ၏ ဆိုးကျိုးကြောင့် အကြမ်းဖက်မှုများနှင့် ဒုက္ခမျိုးစုံကြုံတွေ့နေကြရခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၏ ဓါးစာခံဖြစ်ရခြင်း၊ လူမှုရေးဘ၀ညံ့ဖျင်းမှု၏ ဓါးစာခံဖြစ်ရခြင်းစသည့် ဘေးဒုက္ခများထဲတွင် တိမ်မြုပ်နေကြဆဲဖြစ်သည်။ ယင်းအထဲတွင် အထူးသဖြင့် သက်ငယ်မုဒိမ်းမှု များ နေရာအနှံ့ဖြစ်ပေါ်နေခြင်းနှင့် လင်ယောက်ျား စွန့်ပစ်ခံအမျိုးသမီးများ များပြားလာခြင်းမှာ အမျိုးသမီးများအတွက် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ဆိုးကြီးပင်ဖြစ်သည်ဟု မိမိတို့မှ သုံးသပ်သည်။
မြန်မာနိုင်ငံတွင် အစိုးရအပါအ၀င် ပါတီ၊ အဖွဲ့အစည်းများအနေဖြင့် အမျိုးသမီးအခွင့်အရေး ကာကွယ်မြှင့်တင်နိုင်ရေး ကို ရှေးရှုပါက ဖေါ်ပြပါသက်ဆိုင်သူများ အနေဖြင့် ၎င်းတို့မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်တရပ်အဖြစ် အသိအမှတ်ပြုကာ ယနေ့ ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့တွင် အထိမ်းအမှတ်လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆင်နွဲသင့် ပေသည်။ နိုင်ငံတနိုင်ငံ၏ ငြိမ်းချမ်းမှု၊ လုံခြုံမှု၊ ဖွံ့ဖြိုးတိုးတက်မှု မည်၍မည်မျှဖြစ်တည်နေသည်ကို ယင်းနိုင်ငံရှိ အမျိုးသမီးများ၏ ဘ၀အခြေအနေ မည်သို့မည်ပုံဖြစ်ပေါ်နေခြင်းနှင့် တိုင်းတာနိုင်သည်။ ထိုအချက်မှာ အမျိုးသမီးများသည် လူမှုဘ၀ နှင့်သက်ဆိုင်သော အကြောင်းအရာများအားလုံး၏ ဓါးစာခံများဖြစ်နေ၍ပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်း၍ ငြိမ်းချမ်းရေးဦးတည်နေသည့် အသွင်ကူးပြောင်းရေးကာလသို့ ရောက်ရှိ လာခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုရှိနေပြီဖြစ်သည်။ သို့သော်လက်ရှိအချိန်ထိ လုံးဝပြီးပြည့်စုံသော ပြည်တွင်းစစ်ချုပ်ငြိမ်း ရေးကို မလုပ်ဆောင်နိုင်သေးခြင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်လမ်းကြောင်းများ မချောမွေ့နိုင်သေးခြင်းကြောင့် နယ်ပယ်အသီးသီး ရှိ အမျိုးသမီးများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လုပ်ဆောင်ချက်များ နှောင့်နှေးကြံ့ကြာနေမည်ကို အထူးပင်စိုးရိမ်မိသည်။
အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ကျူးလွန်ခဲ့သူများ၊ ကျူးလွန်နေသူများကို ထိရောက်သည့် အပြစ်ပေးအရေးယူမှုများ မရှိသလို အမှန်တရားနှင့် တရားမျှတမှုကို ယနေ့အချိန်ထိ ယူဆောင်ပေးနိုင်ခြင်းမရှိသည့်အတွက် အရေးယူခြင်းမှ ကင်းလွတ်ခွင့် အစဉ်အလာသည် ဆက်လက်အသက်ဝင်နေဆဲဖြစ်သည်။
တဖက်တွင် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ရောက်ရှိလာပြီးဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု အလွန်နိမ့်ကျနေသေးခြင်းကြောင့် အမျိုးသမီးများဘ၀သည် စားဝတ်နေရေး မဖူလုံခြင်း၏ ဓါးစာခံများဖြစ်နေကြရသည်။ မြန်မာနိုင်ငံအ၀ှမ်း အမျိုးသမီးများ သည် အလုပ်လက်မဲ့ဖြစ်ရခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများကို ခံစားနေရခြင်းမှာ ယခင်ကထက်ပင် ပိုမိုဆိုးရွားလာနေ သည်ဟုသုံးသပ်သည်။ ယင်းထက်ဆိုးရွားသည်မှာ – အင်တာနက်စာမျက်နှာနှင့် မိမိတို့ လုပ်ငန်းအကောင်အထည်ဖော် သော နေရာများတွင် မကြာခဏဆိုသလို သက်ငယ်လူကုန်ကူးမှုများကို ကြားသိနေရခြင်းနှင့် သက်ငယ်မုဒိမ်းမှုများ ပိုမိုဖြစ် ပေါ်နေခြင်းပင်ဖြစ်သည်။ သက်ငယ်မုဒိမ်းမှုများ ပိုမိုဖြစ်ပေါ်နေခြင်းကို ရခိုင်ဒေသအဖြစ်အပျက်များက သက်သေပြနေသ လို အခြားမြန်မာပြည် အနှံ့အပြားတွင်လည်း ဖြစ်ပေါ်နေလျှက်ရှိသည်။
သို့သော် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ အစိုးရအနေဖြင့်လည်းကောင်း၊ လွတ်တော်အနေဖြင့်လည်းကောင်း၊ ပါတီ အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း အမျိုးသမီးအခွင့်အရေးအတွက် ကြိုတင်တားဆီးကာကွယ်ခြင်း၊ အခွင့်အရေး တိုးမြှင့်ခြင်းများကို တာဝန်ယူလုပ်ဆောင်ရန် မဆိုထားဘိ လတ်တလောဖြစ်ပျက်နေသော မုဒိမ်းပြုကျင့်ခံရမှုအပါအ၀င် အခြားသော နည်းမျိုးစုံဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခွဲခြားဖိနှိပ်မှုများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက် ရန်ကိုပင် မျက်ကွယ်ပြုနေသေးသည်ကို တွေ့မြင်ရသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ နယ်ပယ်ကဏ္ဍ အသီးသီးတွင် အမျိုးသမီး ၏ အဓိကအခန်းကဏ္ဍမှာပါဝင်မှု အလွန်အားနည်းနေသေးခြင်းကြောင့်ဖြစ်သည်ဟု မိမိတို့အဖွဲ့ချုပ်မှ သုံးသပ်သည်။
သို့ဖြစ်၍ မြန်မာနိုင်ငံ အစိုးရ၊ လွှတ်တော်၊ ပါတီအဖွဲ့အစည်းများ၊ ရပ်ရွာအသိုင်းအ၀ိုင်းနှင့် မိသားစုနယ်ပယ်ရှိ ပြည်သူတရပ် လုံးသည် တိုင်းပြည်တွင် အမှန်တကယ် ပြီးပြည့်စုံသော ပြည်တွင်းစစ်ဆိတ်သုန်း၍ စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်း ဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး၊ လုံခြုံမှုအပြည့် အ၀ရှိသော နိုင်ငံတော်အဖြစ်သို့ ရှေးရှုဆောင်ရွက်လိုပါက နယ်ပယ်ကဏ္ဍအသီးသီး ရှိအဓိကကျသော အခန်းကဏ္ဍများတွင် အမျိုးသမီးများကိုယ်စားပြု ပါဝင်ခွင့်ရှိရန်ု အလွန်အရေးကြီးကြောင်း သတိမူလျှက် ကျား-မတန်းတူညီမျှရေးအတွက် ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်ရွက်ကြပါရန် အစိုးရအသစ် အဖြစ် တာဝန်ယူ လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် သက်ဆိုင်သူ တာဝန်ရှိသူများအားလုံးသို့ တိုက်တွန်းနိုးဆော်လိုက် သည်။
ဆက်သွယ်ရန်
စောစံငြိမ်းသူ – +၉၅ ၉၄၂ ၁၇၃၄ ၆၇၆
မယ်းစိုးစိုးနွယ် – ၆၆ ၉၃ ၂ ၇၅ ၅၄၃၁
သဘောထားထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
25 February 2025
25 February 2025
21 February 2025
CSO Working Group on Independent National Human Rights Institution (Burma/Myanmar) , Asian NGO Network on National Human Rights Institutions (ANNI)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.