မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးရေးရာ မူဝါဒများသည်ခေတ်အခြေအနေနှင့် ကိုက်ညီခြင်းမရှိတော့သဖြင့် နိုင်ငံအတွင်းရှိပြသာနာရှိသော မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ထုတ်လုပ်မှုတို့ကြောင့် ဖြစ်ပေါ်လာသည့်စိန်ခေါ်မှုများကို ကိုယ်တွယ်ဖြေရှင်းရန် လျော်ကန်သင့်မြတ်ခြင်းမရှိတော့ပေ။ ၁၉၉၃ ခုနှစ် “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေ” သည် မူးယစ်ဆေးဝါးသုံစွဲမှု၊ ကုန်ကူးမှုနှင့် ထုတ်လုပ်မှုတို့ကို ပပျောက်သွားစေခြင်း သို့မဟုတ် လျှော့ချပေးနိုင်ခြင်းပင်မရှိပေ။ အဆိုးဆုံးအနေဖြင့် ပြင်းထန်သည့်မူဝါဒများနှင့် ပြစ်ဒဏ်များကိုစည်းကြပ်ဖော်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် လူထုလူတန်းစားများအတွက် ပိုမိုဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲဘေးအန္တရာယ်ကိုသာ ပေါ်ပေါက်လာစေသည်။