အပစ်အခတ်ရပ်စဲရေး၊ အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အပြောင်းအလဲကာလများကြားရှိ ကရင်အမျိုးသားအစည်းအရုံး

24 February 2017

အပစ်အခတ်ရပ်စဲရေး၊ အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အပြောင်းအလဲကာလများကြားရှိ ကရင်အမျိုးသားအစည်းအရုံး

ဤအစီရင်ခံစာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာအစိုးရတို့အကြား ဖြစ်ပေါ်ခဲ့သော ၆၇ နှစ်ကြာ ပဋိပက္ခနှင့် ဆက်စပ်ပေါ်ပေါက် လာသော အုပ်ချုပ်မှုအခြေအနေများကို ဆန်းစစ်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကို ဗမာလူမျိုး အများစုပါဝင်သော စစ်အစိုးရမှ ၁၉၆၂ မှ ၂ဝ၁၁ ခုနှစ် အထိ အုပ်ချုပ်ခဲ့ပြီး၊ ဒီမိုကရေစီကို အခြေခံသော ပြုပြုပြောင်းလဲရေး လုပ်ငန်းစဉ်များကိုလည်း တဖြေးဖြေး လုပ်ဆောင်ခဲ့သည်။ KNU သည် ၁၉၉ဝ စုနှစ်များမှစကာ ခွဲထွက်မှုများ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။ ၎င်းခွဲထွက်မှုများမှ ပေါ်ပေါက်လာသော အင်အားအကောင်းဆုံး အုပ်စုကွဲအသစ်များသည် ယခုအခါ မြန်မာ့တပ်မတော်လက်အောက်တွင် နယ်ခြားစောင့်တပ်များ ဖြစ်လာသည်။ ၂ဝ၁၂ ခုနှစ်တွင် KNU နှင့် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည့် သမ္မတ ဦးသိန်းစိန် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချုပ်ဆိုခဲ့သည်။ ၎င်းအချိန်မှစကာ KNU သည်  မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိကကျသော အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။

နိုင်ငံ့ ဒီမိုကရေစီသူရဲကောင်းဟု ထောက်ခံအားပေးမှုရရှိသည့် ဗမာလူမျိုးတစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ သည် ရွေးကောက်ပွဲတွင် အနိုင်ရပြီး ၂ဝ၁၆ ခုနှစ် မတ်လတွင် အစိုးရသစ်ဖြစ်လာခဲ့သည်။ ယခုအခါ ယင်းအစိုးရသစ်သည် ဖက်ဒရယ်အစိုးရတစ်ရပ် ထူထောင်ရန် ရည်မှန်းကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။ ဖက်ဒရယ်အစိုးရစနစ်သည် KNU နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများစုက အချိန်ကာလရှည်ကြာစွာ တောင်းဆိုခဲ့ကြသော စနစ်တစ်ခုဖြစ်သည်။ သို့သော် မြန်မာ တပ်မတော်သည် ၎င်းတို့အာဏာရှိစဉ်အချိန်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမှတစ်ဆင့် စစ်မက်ဆိုင်ရာ အာဏာနှင့် လုပ်ပိုင်ခွင့် အတော် များများကို ထိန်းချုပ်ထားဆဲဖြစ်သည့်အပြင် ကြီးမားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကိုလည်း ဆန့်ကျင်နေဆဲဖြစ်သည်။


အစီရင်ခံစာ အပြည့်အစုံကို ရယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia