လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုဥပဒေ အထောက်အကူပြု/ဥပဒေအကြံပေး အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal -1 မှ အထွက် တက္ကစီ ဂိတ်ပေါက်တွင် သေနပ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသဖြင့် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည်။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့အနေဖြင့် လွန်စွာမှဝမ်းနည်းကြေကွဲဖြစ်ရပြီး နိုင်ငံ၏ တန်ဖိုး မဖြတ်နိုင်သည့် ဥပဒေပညာရှင်တစ်ဦး ဆုံးရှုံးသွားခြင်း အတွက်လည်း လွန်စွာမှ နှမြောတသခြင်း ဖြစ်ရပေသည် ။

တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် ဆန့်ကျင်ကွဲလွဲနေသည့် ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေအား၊ လူ့အခွင့်အရေးစံချိန်စံနှုန်း များနှင့် ကိုက်ညီသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေ ပေါ်ပေါက်လာရေး အတွက် ဥပဒေပညာဖြင့် ရှေ့တန်းမှ ဆောင်ရွက်နေသည့် လူ့အခွင့်အရေး ကာကွယ်သူ( Human Rights Defender) ရှေ့နေကြီး တစ်ဦးဖြစ်သည်။

အကြမ်းဖက်လုပ်ကြံသတ်ဖြတ်သူအား လက်ရဖမ်းဆီးနိုင်ရေးအတွက်အသက်စွန့် ကြိုးစားရင်း သေဆုံးခဲ့သည့် တာဝန်သိပြည်သူတစ်ဦးဖြစ်သော အငှား ယဉ်မောင်း ဦးနေ၀င်းအား လေးစားဂုဏ်ပြု၍ မိသားစုနှင့်ထပ်တူ ၀မ်းနည်း ကျေကွဲရပါသည်။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့အနေဖြင့် မည်ကဲ့သို့သော အကြမ်းဖက်လုပ်ရပ်  မျိုးကိုမဆို  လက်ခံမည်မဟုတ်၊ ထို့ကြောင့် အထက်ပါ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုအား ပြင်းထန်စွာ ရှုံ့ချ လိုက်သည်။

အထက်ပါ အကြမ်းဖက်မှုအား တရားမျှတမှု နှင့် အမှုမှန်ပေါ်ပေါက်ရေး အတွက် အမြန်ဆုံး ဖော်ဆောင်ပေးရန် အတွက် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့(HRDP) မှ အစိုးရသို့ တိုက်တွန်း လိုက်သည်။

သဘောထားထုတ်ပြန်ချက်ကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia