27 January 2017
၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်မှစ၍ နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်းမှ ရေကာတာတည်ဆောက်ရေးမြှင့်တင်သော အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်၊ မြစ်ကြီးနား နှင့် လွိုင်ကော် တို့တွင်ပြုလုပ်သွားမည့်အစီအစဉ်ကို မြန်မာနိုင်ငံမြစ်ချောင်းများ ကွန်ယက် နှင့် သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်က ဆန့်ကျင်ပါသည်။ မြန်မာမြစ်ချောင်းများအပေါ် ဆောက်လုပ်မည့် မဟာရေကာတာများအစီအစဉ်သည် ပြည်တွင်းစစ်ကိုပိုမိုဖြစ်စေပြီး ကာလကြာရှည်စွာလူထုအများဆန့်ကျင်လာသည့် စီမံကိန်းများ ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ဌာနခွဲဖြစ်သည့် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း (IFC)သည် ပုဂ္ဂလိကငွေကြေးဏ္ဍအစီအစဉ်ဖြင့် ဘက်ပေါင်းစုံပါဝင်သည့် အစုရှယ်ယာဖြင့် မြန်မာနိုင်ငံရေအားလျှပ်စစ်ကဏ္ဍအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုဆိုင်ရာ အချက်အလက်ကောက်ယူရေး မဟာဗျူဟာအစီအစဉ်ချမှတ်ရေး အလုပ်ရုံဆွေးနွေးပွဲဖြင့် ပူးပေါင်း ထောက်ပံ့မြင့်တင်သည့် အစီအစဉ်ဖြစ်သည်။
မြန်မာအစိုးရစစ်တပ်သည် စစ်ကြောင်းထိုးမှုများကြောင့် ထောင်ချီသောလူထုများ ထွက်ပြေးနေရခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားတို့၏ သဘာဝသံယံဇာတများကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်မရှိခြင်း အပါအ၀င် မြန်မာနိုင်ငံမြစ်ချောင်းများတလျှောက်တွင် နှစ်ရှည်လများစွာ ပဋိပက္ခဖြစ်နေသည့် မြစ်ချောင်းများအပေါ် မဟာရေကာတာစီမံကိန်းတည်ဆောက်ရေး အစီအစဉ်များ အားလုံးကို BRN နှင့် SSN မှ ပြင်းပြင်းထန်ထန်ကန့်ကွက်သည်။
ပြည်သူလူထုပေါင်းမြောက်များစွာ များသောအားဖြင့် တိုင်းရင်းသားပြည်သူလူထုများသည် လျှပ်စစ်ဓါတ်အားမရရှိပဲ ယခုအခါ ထပ်မံပြီး နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများမှ ရေကာတာဆောက်ပြီး ရရှိလာသောလျှပ်စစ်ဓါတ်အားကို ၄င်းတို့နိုင်ငံသို့ ထုတ်ယူရောင်းချမည့် အစီအစဉ်ကို BRN နှင့် SSN တို့မှဆန့်ကျင်ကန့်ကွက်ပါသည်။ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတိုးမြင့် ရေးမဟာအစီအစဉ်သည် တရုတ် နှင့် ထိုင်းနိုင်ငံများသို့ လျှပ်စစ်ရောင်းချပေးမည့်အစီအစဉ်ဖြစ်သည့်အပြင် ရရှိလာသော ၀င်ငွေများသည် မြန်မာနိုင်ငံလူထုများအတွက် ပထမဦးစားပေးခြင်းမရှိပဲ ဗဟိုအစိုးရသို့သာထိန်းချုပ်ယူထားမည်ဖြစ်သည်။
ဧရာဝတီမြစ်ပေါ် နှင့် သံလွင်မြစ်ပေါ် ရေကာတာစီမံကိန်းသည် မြန်မာလူထုအမြောက်အများဆန့်ကျင်နေသည့် စီမံကိန်းများ ဖြစ်သည်။ ရေကာတာများကြောင့် ဖြစ်ပေါ်နေသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု၊ လူမှုအသိုင်းအ၀ိုင်းထိခိုက်မှု နှင့် နိုင်ငံရေးပဋိပက္ခဖြစ်စေမှုများအားလုံး တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်းများ၏ အစီရင်ခံစာများထဲတွင် ဖေါ်ပြထားပါသည်။
ဧရာဝတီနှင့်သံလွင်မြစ်အပေါ်တည်ဆောက်မည့်ရေကာတာစီမံကိန်းများမှ ထွက်ပေါ်လာမည့်ထိခိုက်မှုများ နှင့်အတူ အချိန်ကြာလာသည်နှင့်အမျ အဆိုပါစီမံကိန်းများမှ တစတစတိုးပွားစုပြုံဖြစ်ပေါ်လာမည့် စုစုပေါင်း ထိခိုက်မှုသည် ဤမြစ်နှစ်စင်း၏မြစ်ဝှမ်းဒေသအတွင်း မှီခိုနေထိုင်ကြသောလူထုနှင့် ၎င်း၏သဘာဝဂေဟစ နစ်များအပေါ် ထုထည်ကြီးမားစွာ အတိုင်းအဆမသိကြီးမားမည်ဖြစ်သည်။ အမှန်တွင် မြန်မာနိုင်ငံအတွင်းရှိ မြစ်များ၏ကံကြမ္မာသည် ၎င်းအပေါ်မှီခိုနေကြသောလူထု၏လက်ထဲတွင်သာရှိသင့်သည်။
ပဋိပက္ခဇုံအတွင်း ရေကာတာစီမံကိန်းရှေ့တိုးလုပ်ဆောင်ခြင်းသည် ပဋိပက္ခ၏အမြစ်ကိုပြန်ထစေခြင်းဖြစ်ပြီး NLD အစိုးရ၏ ဖက်ထရယ်ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်းကို ပျက်ပြားစေပါတယ် ဟု မိအားချိုင်းကဆက်ပြောပါသည်။
ပဋိပက္ခမပြီးဆုံးသေးသည့်ကာလအထိ နှင့် ဖက်ထရယ်ဒီမိုကရေစီမရရှိသေးသည့်ကာလအထိ မြန်မာအဓိကမြစ်များပေါ်တွင် ရေကာတာတည်ဆောက်မှုများရပ်ထားရမည် ဟု BRN နှင့် SSN မှတောင်းဆိုပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူညီချက် တည်ဆောက်နေစဉ်ကာလအတွင်း နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း (IFC)မှ ၄င်းတို့လျှပ်စစ်ဓါတ်အားရရှိရေး နှင့် အကျိုးများရရှိရေးအတွက် ရေကာတာကြီးများတည်ဆောက်ခြင်းသည် တိုင်းပြည် ပဋိပက္ခပိုမိုဖြစ်စေသည့်အပြင် မြန်မာအစိုးရစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် မြန်မာလျှပ်စစ်ဓါတ်အား အပ်နှံပေးခြင်း နှင့် နိုင်ငံခြားဖွံ့ဖြိုးရေးလုပ်ဆောင်သူများ၏ လက်တွင်းတွင် ဘ၀အပ်နှံပေးခြင်းကို ဦးတည်နေပါသည်။
မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်နှင့် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်သည် ကချင်၊ ကရင်နီ၊ ကရင်၊ မွန်၊ ရှမ်း၊ ကူကီး၊ ပအိုဝ်း၊ ရခိုင်၊ လာဟူ၊ အာခါ၊ တစ်ခြားသော လူမှုအရပ်ဖက်အဖွဲ့အစည်း၊ လူငယ်နှင့် တိုင်းရင်းသား လူမှုအရပ်ဖက်အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားပြီး ၎င်းမြန်မာနိုင်ငံရှိမြစ်ချောင်းအင်းအိုင်များကို ကာကွယ်ပြီး ဒေသခံပြည်သူတို့၏ ဖွံဖြိုးရေးကို မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ချက်များ ဖြစ်သည်။
မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက် နှင့် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်၏ တောင်းဆိုမှုများ
၁။ ရေအားလျှပ်စစ်ကဏ္ဍနှင့်ပတ်သက်ပြီး မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်လေ့ လာမှုစစ်တမ်းများကိုမဆောင်ရွက်မှီ ဖဒယ်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏အကာအကွယ်အောက်တွင် ရေ ရှည်တည်တန့်ပြီး စစ်မှန်သော“နိုင်ငံအဆင့်ငြိမ်းချမ်းရေးသဘောတူညီမှု”ကို ရရှိအောင် ဦးစွာဆောင်ရွက်ရမည်။
၂။ မြန်မာနိုင်ငံမြစ်ချောင်းများကွန်ရက် (BRN) နှင့် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက် (SSN) တို့ အနေဖြင့် မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်လေ့လာမှုစစ်တမ်းဆောင်ရွက်မှုများကို ကန့်ကွက်ခြင်းမဟုတ်ပါ။ သို့သော် မြန်မာ့စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာန၏ ဗဟိုချုပ်ကိုင်မှုစနစ်အောက် တွင်ရှိပြီး အရပ်ဖက်လူမှုအဖွဲ့အစည်း၊ လူထုအခြေပြုလူမှုအဖွဲ့အစည်း၊ ဒေသခံလူထုနှင့် အခြား သက်ဆိုင် ရာပါဝင်သင့်ပါဝင်ထိုက်သည့်အစုအဖွဲ့များ၏ စိုးရိမ်သံနှင့်အခွင့်အရေးများကို ဘေးဖယ်ဥပက္ခာပြုနေသည့် လက်ရှိမဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာမှုစစ်တမ်းကို ဆိုင်းငံ့ရန် ကျွန်ုပ်တို့ ကတောင်းဆိုခြင်းဖြစ်သည်။
၃။ အနာဂတ်တွင် မည်သည့်မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်လေ့လာမှုစစ်တမ်း တစ်ခုခုကိုမဆို ဆောင်ရွက်မည်ဆိုပါက ပုံစံရေးဆွဲရာတွင်သော်လည်းကောင်း၊ အစီအစဉ်ချမှတ်ရတွင် သော်လည်းကောင်း၊ အကောင်အထည်ဖေါ်ဆောင်ရာတွင်သော်လည်းကောင်း၊ အရပ်ဖက်လူမှုအဖွဲ့အ စည်း၊ လူထုအခြေပြုလူမှုအဖွဲ့အစည်း၊ ဒေသခံလူထုနှင့် စီမံကိန်းနှင့်သက်ဆိုင်သည့် အခြားပါဝင်သင့် ပါဝင်ထိုက်သည့်အစုအဖွဲ့များ၊ စသည့်အစုအဖွဲ့အားလုံးနှင့်အတူ လက်တွဲကာ ဆောင်ရွက်ရမည်။
ဆက်သွယ်န်ရန်
မိအားချိုင်း ဖုန်း – ၀၉ ၂၅၅ ၇၈၄ ၉၀၅ (BRN)။ စိုင်းခေးဆိုင် ဖုန်း – ၀၉ ၂၆၄၃၆၂၉၇၃ (BRN)
စောသဘို ဖုန်း – ၀၉ ၄၄၅၀ ၅၅၆ ၅၉ (SSN)
ဒေါ်ဂျာခွန် ဖုန်း – ၀၉ ၂၅၈၈ ၄၂၅၉၃/ ၀၉ ၄၇၀ ၂၀၀၄၈ (မြစ်ဆုံဒေသခံ)
မကိုင်လောဒ့် ဖုန်း – ၀၉ ၇၈၅၉ ၃၆၇၁၇ (KDNG)
သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေး ကွန်ယက် ၏အဖွဲ့ ဝင်အဖွဲ့ အစည်းများ
၁။ ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့ 
၂။ လာဟူအာခါအမျိုးသားတိုးတက်ရေးအဖွဲ့
၃။ မိုင်းပန်လူငယ်အဖွဲ့ 
၎။ ကရင်နီလူငယ်များ သမဂ္ဂ
၅။ ကရင်မြစ်ချောင်း စောင့်ကြည့်ရေးအဖွဲ့ 
၆။ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုအဖွဲ့ 
၇။ တိုးတက်သောမွန်လူငယ်များအစည်းအရုံး
မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက် ၏အဖွဲ့ ဝင် အဖွဲ့ အစည်းများ
၁။ ပအိုဝ် လူငယ်များအစည်းအရုံး
၂။ ကယန်းမျိုးဆက်သစ်လူငယ်
၃။ တိုးတက်သောမွန်လူငယ်များအစည်းအရုံး
၎။ အနာဂတ်သံလွင်
၅။ ကူကီးအမျိုးနှင့်လူ့အခွင့်ရေးဆိုင်ရာအစည်းအရုံး
၆။ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုအဖွဲ့
၇။ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်
၈။ ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့
၉။ ရခိုင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့
၁၀။ ကရင်နီအရက်ဖက်အဖွဲ့အစည်းများကွန်ယက်
၁၁။ ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့
သဘောထားထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.