20 January 2017
ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုနှင့်တကွ ပြောင်းလဲချိန်တန်ပြီဟူသည့် မန္တန်အောက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ ဤကဲ့သို့ NLD အပေါ် တစ်ခဲနက် လူထုထောက်ခံမှု အခင်းအကျင်းက မြန်မာနိုင်ငံပြည်သူလူထုအနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးဆီသို့ ရှေ့ရှုသည့် တိုးတက်မှုအပေါ် အပြည့်အဝယုံကြည်အပ်နှင်းထားမှုကို ပြသလိုက်ခြင်းဖြစ်ပါသည်။ သို့ရာတွင် NLD ဦးဆောင်သည့်အစိုးရအတွက် ကြီးမားသည့် စိန်ခေါ်မှုကြီးတစ်ခုမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ၏ ကျေးရွာအဆင့်အထိ ကျယ်ပြန့်စွာချုပ်ကိုင်ထားသည့် နေ့တဓူဝအုပ်ချုပ်မှုအပါအဝင် တိုင်းပြည်အုပ်ချုပ်မှုယန္တရားနှင့် အဖွဲ့အစည်းများအပေါ် မြန်မာစစ်တပ်၏ ကြီးမားသည့် သြဇာလွှမ်းမိုးမှုကို တဖြည်းဖြည်းချင်း ဖယ်ရှားရသည့် လုပ်ငန်းစဉ်ပင်ဖြစ်ပါသည်။ ထို့အတွက် ဤစာတမ်းတိုမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပေါ် ခြုံငုံသုံးသပ်မှုနှင့်အတူ အုပ်ချုပ်ရေးကဏ္ဍအပေါ် ထိန်းချုပ် ထားမှုကို မြန်မာ့တပ်မတော်ထံမှ ပြန်လည်လွဲှပြောင်းရယူရန်မှာ မြန်မာနိုင်ငံအနာဂတ်အတွက် မည်မျှအရေးကြီးသည့်အကြောင်း ကို ခွဲခြမ်းစိတ်ဖြာ တင်ပြထားပါသည်။
စာတမ်းတို မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
Download this briefing paper in English HERE.
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.