Press Release 1125 Views

သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁/ ၂၀၁၇ ) မောင်မိုးဝင်း (ခ) ပြည့်ဖြိုးအောင်အပေါ် လမ်းအလုပ်သမားခေါင်းဆောင် ဦးအောင်ကိုမင်းမှ လူ့အခွင့်အရေးချိုးဖောက်ကြောင်း တိုင်တန်းချက်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု

January 6th, 2017  •  Author:   Myanmar National Human Rights Commission  •  1 minute read
Featured image

၁။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးအုပ်စု၊ ဖျောက်ဆိပ်ပင်ကျေးရွာနေ ဒေါ်သန်းဌေး၏ သားဖြစ်သူ မောင်မိုးဝင်း (ခ) ပြည့်ဖြိုးအောင်ကို မိုင်းရှူးမြို့နေ အလုပ်သမားခေါင်းဆောင် ဦးအောင်ကိုမင်းဆိုသူမှ လုပ်အားခမပေးလိုသောကြောင့် ရိုက်နှက်ခဲ့ရာ ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့သဖြင့် မိုင်းရှူးရဲစခန်းတွင် မိခင်ဒေါ်သန်းဌေးက အမှုဖွင့်တိုင်ကြားခဲ့သော်လည်း အရေးယူခဲ့ခြင်း မရှိသောကြောင့် ကူညီဆောင်ရွက်ပေးပါရန် နိုင်ငံတော် သမ္မတထံသို့ လိပ်မူ ၍ တိုင်တန်းစာတစ်စောင် ပေးပို့ခဲ့ပါသည်။

 

သတင်းထုတ်ပြန်ချက် အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်သည်။