21 December 2016
Seminar to Strengthen the Decentralized Health System in Burma/Myanmar ခေါင်းစဉ်ဖြင့် ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်မှ (၂၀) ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် Health Convergence Core Group (HCCG) အဖွဲ့မှ အောင်မြင်စွာ ဦးစီးကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါနှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ ကျန်းမာရေးလုပ်ငန်းများလုပ်ဆောင်နေသော လူထုအခြေပြုလူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ ပါသည်။
ဤနှီးနှောဖလှယ်ပွဲတွင် လက်ရှိမြန်မာနိုင်ငံ၏ ကျန်းမာရေးအခြေအနေများကို တင်ပြခြင်း၊ ဗဟို ချုပ်ကိုင်မှုလျှော့ချသော ကျန်းမာရေးစနစ်ဆိုင်ရာကိစ္စရပ်များကို တင်ပြခြင်း၊ ပိုမိုအားကောင်းသည့် ကျန်းမာ ရေးစနစ် ပေါ်ပေါက်လာရေးကိစ္စရပ်များကို တင်ပြခြင်း၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအမျိုးသားကျန်း မာရေးမူဝါဒစာတမ်း တင်သွင်းဆွေးနွေးခြင်း၊ အမျိုးသားကျန်းမာရေးစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ်တွင် ကော်သူးလေကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနဦးဆောင်သော ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ ၏ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့မှုများအား တင်ပြခြင်း၊ မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးစီမံကိန်းကို ရှင်းလင်း တင်ပြခြင်း၊ အမျိုးသားကျန်းမာရေးစီမံကိန်းတွင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ၏ အရေးကြီးသော အခန်းကဏ္ဍများအား တင်ပြဆွေးနွေးခြင်း၊ လူတိုင်းလက်လှမ်းမှီနိုင်သော ကျန်းမာရေးလွှမ်းခြုံမှု (Universal Health Coverage) ကို တင်ပြဆွေးနွေးခြင်း၊ ကျန်းမာရေးဆိုင်ရာဘဏ္ဍာရေးကိစ္စရပ်များကို ဆွေးနွေး တင်ပြခြင်းနှင့် မြန်မာနိုင်ငံတွင်းရှိ ကျန်းမာရေးကိစ္စကို ဆောင်ရွက်နေကြသော လူထုအခြေပြုလူမှုအဖွဲ့ အစည်းများ၏ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။
တက်ရောက်လာကြသော ကိုယ်စားလှယ်များမှ ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ကျန်းမာရေးမူဝါဒနှင့် လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းအကောင်အထည် ဖော်ဆောင်ရွက်ရန် သဘောထားများ ရရှိခဲ့ကြပါသည်။
ဆက်သွယ်ရန် –
(၁) ဒေါက်တာစင်သီယာမောင် (+၆၆ (၀) ၈၉ ၉၆၁ ၅၀၅၄)
(၂) နိုင်ဇော်မင်းဦး (+၆၆ (၀) ၈၈ ၈၇၆ ၉၁၀၀), (+၉၅ (၀) ၉၇၈ ၅၄၅ ၀၉၂၂)
ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
ထုတ်ပြန်ကြေညာချက် အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
19 May 2026

05 June 2026

28 May 2026