02 December 2016
အထည်ချုပ်လုပ်ငန်းများရှင်များက အထည်ချုပ်အလုပ်သမားများ၏ လုပ်အားများကို အမြတ်ထုတ်ယူနေကြောင်း အလုပ်သမားအချင်းချင်း ရိုင်းပင်းရိုင်းပင်းကူညီရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုပြည်ပိုင်ကိုကို(ခ) ကိုသစ်က ဒီဇင်ဘာလ ၁ ရက်တွင် ရန်ကုန်မြို့Green Hill Hotel၌ ပြုလုပ်သည့် “အနိမ့်ဆုံးကို မြှင့်တင်ပေးခြင်း” အမည်ရှိ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ဘယ်လိုပုံစံမျိုးလဲဆိုတော့ တစ်နေ့မှာအလုပ်ချိန် ၈ နာရီရှိမယ်။ ထမင်းစားချိန် နာရီဝက်ရှိမယ် ။ထမင်းစားချိန်ကို အပြည့်အဝမပေးတဲ့ အခြေအနေတွေ ရှိမယ်။ နောက်ပြီးတော့ Overtimeကို ဆက်ခေါ်မယ်ဆိုရင် နားချိန်ပေးရမယ်ဆိုပေမယ့်လည်း နားချိန်ကို အပြည့်အဝမပေးဘဲ အလုပ်ချိန်ကို ဆက်တိုက်လုပ်နေရတာတွေကို တွေ့ရပါတယ်။ အဲဒီမှာ ဘာကို သွားတွေ့လဲဆိုတော့ တစ်နေ့တစ်နေ့ဆိုရင် လုပ်အားခကို သူ့ရဲ့အလုပ်ချိန်ထဲမှာမှ ၁နာရီလောက်ကို Overtimeကြေးမရှိဘဲ လုပ်အားကို အမြတ်ထုတ်ခြင်းတွေ၊ အလုပ်ကို အမြတ်ထုတ်ခြင်းတွေကို တွေ့ရှိရပါတယ်”ဟု ကိုပြည်ပိုင်ကိုကိုက ဆိုသည်။
အလုပ်သမား ရာထောင်ချီရှိသည့် စက်ရုံများတွင် အလုပ်ချိန်ပေါ် မူတည်၍ အလုပ်ရှင်များက အလုပ်သမားများ၏ လုပ်အားများကို အမြတ်ထုတ်ယူနေကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ ထို့ပြင် အနည်းဆုံးလုပ်ခကြေးငွေကို အလုပ်ရှင်များက အများဆုံးအခကြေးငွေအဖြစ် အသုံးပြုနေကြကြောင်း၊ တစ်နည်းအားဖြင့်ဆိုလျှင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးသည့်နောက်ပိုင်းတွင် အစမ်းခန့်၊ အလုပ်သင်၊ အမြဲတမ်းအလုပ်သမားဟု ၃ မျိုး ခွဲခြားကာ အလုပ်သင်အနေဖြင့် အနည်းဆုံးအခကြေးငွေ၏ ၅၀ရာခိုင်နှုန်းဖြစ်သည့် ၁၈၀၀ ကျပ်၊ အစမ်းခန့်အနေဖြင့် အစမ်းခန့် ၃ လကို အနည်းဆုံးအခကြေးငွေ ၇၅ရာခိုင်နှုန်းဖြစ်သော၂၇၀၀ ကျပ်ဖြင့် အလုပ်လုပ်ကြရပြီး ၆ လပြည့်မှသာ အမြဲတမ်းဝန်ထမ်းအဖြစ် ၃၆၀၀ကျပ်ကို စတင်ရရှိကြောင်း သိရသည်။
“ဒါကိုကြည့်ခြင်းအားဖြင့် အနည်းဆုံးအခကြေးငွေ ၃၆၀၀ က အလုပ်သမားတွေအတွက် အများဆုံးအခကြေးငွေဖြစ်နေတာကို တွေ့ရပါတယ်”ဟု ၎င်းက ဆိုသည်။
အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပြီးနောက်တွင် အလုပ်သမားများအနေဖြင့် အနည်းဆုံးလုပ်ခလစာ မသတ်မှတ်ခင်က ၎င်းတို့ ရရှိထားခဲ့သော ဖယ်ရီခ၊ ထမင်းဖိုးစသည့် အခြားသော ရှားပါးစရိတ်များ တစ်ခုမျှ မရရှိတော့ကြောင်းလည်း သိရသည်။
ဤဆောင်းပါးကို The Myanmar Reviews Journal မှရရှိသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.