ရိုဟင်ဂျာတို့၏ အခြေအနေအပေါ် ကုလသမဂ္ဂ ကြားဝင်စက်ွဖက်မှ မြဲမြံသော ဖြေရှင်းချက်ဖြစ်မည်။

မြန်မာနိုင်ငံ၊ ရခငြိုပညန်ယတ်ွင် အပြစ်ကင်းစင်ပြီး ငြိမ်းချမ်းစွာနေထိုင်သည့် ရိုဟင်ဂျာတို့အား စနစ်တကျ ပစ် မှတ်ထား၍ အလုံးစုံဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လုယက်ခြင်းနှင့် မီးရှို့တိုက်ခိုက်ခြင်းများ လုပ် ဆောင်နေသည်မှာ သီတင်း (၆) ပတ်ကျော်နေပြီ ဖြစ်ပါသည်။ မြန်မာစစ်တပ်နငှ့် လုံခြုံရေးတပ်သားများသည် ရို ဟင်ဂျာပြည်သူ ၅၀၀ ကျော်တို့ကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများ ရာနှင့်ချီ၍ မုဒိမ်းကျင့်ခြင်း၊ လူနေအိမ်ခြေ ပေါင်း ၂၅၀၀ ကျော်ကို မီးရှို့ခဲ့ခြင်း၊ ဗလီဝတ်ပြုကျောင်းနှင့် ဘာသာရေးစာသင်ကျောင်းများကို ဖျက်ဆီးခြင်းနှင့် အခြားလူမဆန်သော လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ယခုကဲ့သို့ ရိုဟင်ဂျာတို့အပေါ် ဆယ်နှစ်စုပေါင်းများစွာ  အသဲနှလုံးကင်းကင်းဖြင့် ထပ်ဖန်တလဲလဲ ညှဉ်းပန်းနှိပ် စက်နေမှုကြောင့် ဒုက္ခသည်ပြဿနာနှင့် လှေစီးပြေးဒုက္ခသည် အကြပ်အတည်းများ ဖြစ်ပွားစေခဲ့သည်။ ထိုကဲ့သို့ သောအချက်များသည် ဒေသတွင်းတည်ငြိမ်မှုကို ထိပါးစေပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ ကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ သို့သော်လည်း မြန်မာအစိုးရအနေဖြင့် ယင်းတို့အား အကာအကွယ်ပေးရန် ပျက်ကွက်နေသည်မှာ သိသာထင်ရှားပြီး ရိုဟင်ဂျာတို့၏ အတိဒုက္ခကို ပိုမိုဆိုးရွားစေရာ၌  ငြိမ်းချမ်းရေး နိုဗယ် ဆုရငှ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် ပုဂ္ဂိုလ်ရေးအရ ကြံရာပါသည့်အပြင် တရားဝင် အပြစ်ရှိပါသည်။

ရောမ ဥပဒေပြဋ္ဌာန်းချက် (Rome Statue) ၏ အပိုဒ် (၆) နှင့် (၇) ပါ ဖော်ပြထားသည်အတိုင်း မြန်မာအစိုးရမှ ရို ဟင်ဂျာလူမျိုးစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားအမျိုးအနွယ်အပေါ် ဆန့်ကျင်သည့်ပြစမှ်ု (လူမျိုးစုတစ်ခု အား သတ်ဖြတ် ရှင်းလင်းဖယ်ရှားခြင်း အပါအဝင်) ပြစ်မှုများ ကျူးလွန်လျက်ရှိကြောင်း တိကျခိုင်မာသည့် အစီ ရင်ခံစာများနှင့် ဗီဒီယိုဖိုင်များက သက်သေခံလျက်ရှိပါသည်။

အထက်ပါလုပ်ရပ်များကြောင့် ရိုဟင်ဂျာတို့သည် မိမိတို့၏ အသက်ရှင်သန် နေထိုင်နိုင်ရေးအတွက် တစ်ဖက် ဘဂ င်္ လားဒေ့ရှ်နိုင်ငံသို့ ယာယီခိုလှုံရန် ထွက်ပြေးထိန်းရှောင်ေနကြသည။် ယင်းတို့သည် သူတပါးပိုင်နက်အတွင်း ဒုက္ခသည်များအဖြစ်ဖြင့် အရှက်တရားကင်းမဲ့စွာ နေထိုင်ရသည်ထက် ယင်းတို့၏ ဘိုးဘွားပိုင် အမိမြေ ရခငြိုပည် နယ်အတွင်း တာဝန်သိ မြန်မာနိုင်ငံသားကောင်းများအဖြစ် အခြားလူမျိုးစုများနှင့်အတူ ငြိမ်းချမ်းစွာ ပူးပေါင်းနေ ထိုင်ရန် ဖြစ်နိုင်သမျှ မြန်ဆန်စွာ ပြန်နှင်းနိုင်ရေးအတွက် စိတ်ဆန္ဒပြင်းပြလျက် ရှေိနကြပါသည်။

သို့ရာတွင် ကမ္ဘာ့ကုလသမဂ္ဂ၊ အင်အားကြီးနိုင်ငံများနှင့် မြန်မာ့အိမ်နီးချင်းနိုင်ငံများက အကူအညီမဲ့ ရိုဟင်ဂျာတို့ အဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်များကို ဖြည့်စွက်ပေးရန်နငှ့် လက်ရှိဖြစ်ပေါ် နေသည့် လူမျိုးတုံးသတ်ဖြတ်မှုအား အဆုံးသတ်ရန်အတွက် တစ်စုံတစ်ရာ ခိုင်မာသည့် လုပ်ဆောင်ခြင်းမျိုး မရှိ သည်အတွက် စိတ်ပျက်မိပါသည်။

ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံသားအဖြစ် ဆက်ဆံခြင်း မခံရဘဲ မုန်းတီးမှု၊ ငြင်းပယ်မှု၊ ညှဉ်းပန်း နှိပ်စက်မှု၊ အ မြစ်ပြုတ် သုတ်သင်မှုနှင့် သတ်ဖြတ်မှုများကို ခံနေကြရသည်။ ယင်းတို့သည် မြန်မာနိုင်ငံ၏ တည် ဆဲဥပဒေအရ တရားဝင် အခွင့်အရေး တစ်စုံတစ်ရာကို ရရခှိစာံးခွင့် မရှိသဖြင့် တရားသက်သာခွင့်  တစ်စုံတစ်ရာ မရရှိကြပေ။ သို့ဖြစ်၍ နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ယခုကဲ့သို့ အနေအထားတွင် ဝင်ရောက်စွက်ဖက်ရန် လိုအပ်ပါ သည်။ အထူးသဖြင့် ကုလသမဂ္ဂမှ လူသားချင်း စာနာထောက်ထားမှုအပေါ် အခြေခံပြီး ရိုဟင်ဂျာလူမျိုးစုများ ပြင်းထန်စွာ ခံစားနေရမှု၊ သေကြေဖျက်ဆီးမှုများကို တားဆီးရန် သို့မဟုတ် ဖြေလျှော့ရန်နငှ့် လုံခြုံရေး အပြည့် အဝပေးရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်စွက်ဖက်ရန် အထူးလိုအပ်သည်။  ၎င်းသာလျှင် တစ်ခုတည်းသော ခငို မာသည့် ဖြေရှင်းရာ ဖြစ်သည်အပြင် အပြစ်မရှိသော အသက်ပေါင်း တစ်သန်းကျော်တို့ကို အကာအကွယ်ပေး ရာနှင့် ကယ်တင်ရာ ရောက်ပေလိမ့်မည်။ တဆက်တည်းမှာပင် ရိုဟင်ဂျာများအဖို့ ကုလသမဂမ္ဂှ ဝင်ရောက်စွက် ဖက်ခြင်းကလွ၍ဲ တရားမျှတမှု ရရရှိန် အခြားနည်းလမ်းမရှိပေ။

သို့အတွက်ကြောင့် ကျွန်ုပ်တို့အနေဖြင့် သက်သေအထောက်အထား ခိုင်လှုံသည့် လူမျိုးတုံးသတ်ဖြတ်မှုအား ဆန့်ကျင်၍ လူတစ်သန်းကျော်ရှိ မြန်မာ့ရိုဟင်ဂျာလူနည်းစုတို့၏ အသက်အိုးအိမ်များကို ကယ်တင်ရေးနှင့် အ ကာအကွယ်ပေးရေးတို့အတွက် အမြန်ဆုံး ဝင်ရောက်စွက်ဖက်ရန် နငိုင်တံကာ အသိုင်းအဝန်းနှင့် ကုလသမဂ္ဂ ကြီးအား တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ၎င်းအပြင် ရိုဟင်ဂျာများအပေါ် ပြစ်မှုကျူးလွန်နေမှုကို ဘက်လိုက်မှု ကင်းရှင်းသည့် အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန်နှင့် ဆင်းရဲချို့တဲ့သူများအား လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးဆောင်ရန်ကိုလည်း တိုက်တွန်းလိုက်ပါသည်။

အသေးစိတ် သိရှိလိုပါက –

U.K.  Ronnie:  +44-7783118354  Japan:   Zaw Min Htut  +81-8030835327 Australia:  Dr. Hla Myint  +61-423381904 USA:  Dr. Habib Ullah +1-4438158609 Canada:  Nur Hasim  +1 (519) 572-5359 Bangladesh: Ko Ko Linn:   +880-1726068413

Email: [email protected]

www.rohingya.org

သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia