ရိုဟင်ဂျာလူမျိုးစုများ သုတ်သင်ခြင်းခံနေရ၊ လုံခြုံရေးနှင့် အကာအကွယ် ပြည့်ပြည့်ဝဝ အမြန်ဆုံးလိုအပ်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ အောက်တိုဘာလ (၁၀) ရက်နေ့မစှ၍ ရိုဟင်ဂျာ အရပ်သားများအား အစု လိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ညှဉ်းပမ်းလူသတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အတင်းအဓမ္မ လုယက်ခြင်းနှင့် ယင်း တို့၏ ဥစ္စာဓနများ၊ အိုးအိမ်များနှင့် ကျေးရွာများအား အလုံစုံဖျက်ဆီးနေခြင်းတို့အတွက် ARNO မှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှစ၍ မြန်မာ့တပ်မတော်နှင့် နယ်စပ်စောင့် ရဲတပ်သားများ ပူးပေါင်း၍ သာမာန်ရိုဟင်ဂျာ အရပ်သားများအပေါ် စစ်ရဟတ်ယာဉ်၊ တင့်ကားနှင့် အမြောက်ကြီးများသုံး၍ ရက်ရက်စက်စက် နမှိန်င်းလျကရှ်ိ သည်။ ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် အချို့သော ဖြစ်စဉ်များ၌ မိသားစုဝင်အားလုံးကို ပစ်သတ်ခဲ့ခြင်းများ လည်း ရှိပါသည်။ ရိုဟင်ဂျာကျေးရွာများဖြစ်သော မြောတောင်၊ ဒါးကြီးဇား၊ ရေခပ်ချောင်းခွဆုံ၊ ပွင့်ဖြူချောင်း၊ သူ ဦးလာ၊ လောင်းဒုံး၊ ကြိမ်ချောင်း (ဘော်လီဘာဇာ)နှင့် ဝါးပိတ်ကျေးရွာမှ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်မှု ကြောင့် ဘေးလွတ်မည်ထင်ရာသို့ ထွက်ပြေးထိန်းရှောင်းနေသည်ကို လမ်းပိတ်ဆို့၍ စက်သေနတ်များဖြင့် ပစ် သတ်ခဲ့ရာ အထူးသဖြင့် ရွာနီးချုပ်စပ်ရှိ စပါးခင်းများ၊ တောတောင်အကြား ချိုင့်ဝှမ်းများနှင့် စမ်းချောင်းများ၌ ဖြန့် ကြဲလျက်ရှိသည်။

နိုဝင်ဘာ ၁၂ ရက်နေ့ ရိုဟင်ဂျာဟု စွပ်စွဲခံရသည့် လက်နက်ကိုင် အုပ်စုတစ်ခုနှင့် တောစပ်တစ်နေရာတွင် ထိပ် တိုက်ရင်ဆိုင်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်သည် မဆိုင်းမတွပင် ရိုဟင်ဂျာကျေးရွာသားအပေါ် ပစ် ခတ်နှိမ်နင်းမှုကို စတင်ခဲ့သည်။ အောက်တိုဘာ တစ်လလုံးနီးပါး လူသားအမျိုးအနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှုများနှင့် စစရ်ာဇဝတမ်မျှုား ကျူးလွန်ခဲ့ပြီး တဆက်တည်းမှာပင် နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များ တွင် အရပ်သားပေါင်း ၁၅၀ နီးပါးအား သတ်ဖြတ်ခဲ့ပြီး ၂၀၀ ကျော်ကို ထိခိုက်ဒဏ်ရာများ ရရှေိစခဲသ့ည။် ထို့အ ပြင် နောက်ထပ် လူအမြောက်အများကို ဖမ်းဆီးခဲ့ပြီး ဘာသာရေး အဆောက်အဦးများအပါအဝင် လူနေအိမ်ခြေ ပေါင်း ၁၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပစ်သည်ဟု အစီရင်ခံခ့သဲည်။

အောက်တိုဘာလ (၉) ရက်နေ့မှ နိုဝင်ဘာလ (၁၃) ရက်နေ့အတွင်း စုစုပေါင်း သေကြေဖျက်ဆီးမှုကို ခန့်မှန်းရ ပါက သတ်ဖြတ်ခံရသူပေါင်း ၃၅၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၀၀ ဦးနှင့် အခြားအမျိုးသမီး ဒါဇင်ပေါင်းများစွာ မုဒိမ်း ကျင့်ခံရသည့်အပြင် ရာနှင့်ချီ၍ အကြမ်းဖက်မှုနှင့် ဆက်နွယ်သည်ဟု လုပ်ဇာတ်ခင်း ဖမ်းဆီးချုပ်နှောင် ထားသည်။ ထို့အပြင် ကျေးရွာအုပ်စု လေးခုအပါအဝင် လူနေအိမ်ပေါင်း ၃၅၀၀ အား မီးတိုက်လောင်ကျွမ်းစေ ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းများ ပြုလုပ်ခြဲ့ပီး လူပေါင်း ၃ သောင်းကျော်အား အိုးအိမ်မြဲ့ဖစ်စေခ့သဲည်။ ထိခိုက် ဒဏ်ရာရသူများအဖို့ ဆေးဝါးကုသခံယူနိုင်ခြင်း မရှိပေ။ သတ်ဖြတ်ခံရသူများအထဲတွင် အမျိုးသမီးများ၊ လူမယ် ကလေးသူငယ်များနှင့် သက်ကြီးရွယ်များလည်း မြောက်များစွာ ပါဝင်ခဲ့ကြသည်။ ယင်းကဲ့သို့ အကြမ်းဖက်နှိမ် နင်းမှုများကို ဆက်လက် ကျင့်သုံးလျက်ရှိပြီး လူသားချင်းအကူအညီပေးရေး အဖွဲ့အစည်းများ တင်းကြပ်စွာ ချုပ် ချယ် ကန့်သတ်ခံရသည့်အပြင် နငိုင်တံကာ သတင်းစာနယ်ဇင်းသမားများနှင့် လေ့လာအကဲခတ်သူများကို ထို ဒေသများသို့ သွားရောက်ရန် တားမြစ်ထားသည်။

ဤကဲ့သို့သော လုပ်ရပ်အားလုံးသည် လူသားအမျိုးအနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများဖြစ် ပြီး ရိုဟင်ဂျာ လူနည်းစုတို့အား ဖျက်ဆီးရာဖျက်ဆီးကြောင်း ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ထင် ရှားပေါ်လွင်နေသည်။ သို့ရာတွင် နိုဗယ်ဆုရှင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ အနေဖြင့် ရိုဟင်ဂျာတို့အပေါ် ကျူးလွန်လျက်ရှိသည်ကို တစာစာ ငြင်းဆန်နေကြပြီး၊ ‘ယင်းတို့အနေဖြင့် ကိုယ့် အိုးအိမ်များ ကိုယ်ကိုယ်တိုင် မီးရှို့ခြင်းဖြစ်သည်’ ဟု အစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ အရှက်တရား ကင်းမဲ့စွာ လိမ်လည်ပြောဆိုလျက်ရှိသည်။
ရိုဟင်ဂျာ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ငိုယိုအော်ဟစ်သံများသည် မိုးကောင်း ကင်ကို ပေါက်ရောက်သည်အထိ ထိုးဖောက်နေသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင် သည့် အစိုးရအနေဖြင့် ယင်းတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ဂုဏ်သိက္ခာနှင့် ကာယိအိနြေ္ဒကို အကာအကွယ် ပေးနိုင်ခြင်းမရှိကြောင်း အလွန်ထင်ရှားလျက်ရှိသည်။ သို့ဖြစ်၍ ရိုဟင်ဂျာ လူမျိုးစုတစ်ရပ်လုံးသည် အလွန်ပင် သတ်ဖြတ်၊ မုဒိမ်းကျင့်နှင့် ဖျက်ဆီးခံရခြင်း အန္တရာယ်များဖြင့် တချိန်လုံး ပတ်ပတ်လည် နေထိုင်လျက် ရှေိနကြရ ပါသည်။ ယခုကဲ့သို့ အကူအညီမဲ့ ဖြစ်နေသည့် ရိုဟင်ဂျာလူမျိုးစုများအဖို့  ပြည်တွင်း၌ အကာအကွယ်ပေးရန် တာ ဝန်ခံမှုမရှိ ဖြစ်နေသည့်အခါတွင် ထိုတာဝန်သည် နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူ ကုလသမဂ္ဂအပေါ် ကျ ရောက်လာကြသည်။

အထက်အချက်အလက်ပါ ရှုထောင့်မှနေ၍ ကျွန်ုပ်တို့သည်…

(၁) ရိုဟင်ဂျာ လူမျိုးစုအပေါ် စစ်တပ်နှင့် ရဲများက ကျူးလွန်လျက်ရှိသည့် လက်ရှိ အကြမ်းဖက်နှိမ်နင်းမှုများ ကို ချက်ချင်း အဆုံးသတ်ရန်၊ အခင်းဖြစ်ပွားရာ ဒေသများသို့ နငိုင်တံကာ သတင်း စာနယ်ဇင်းသမား များနှင့် လေ့လာလိုသူများကို လွတ်လပ်စွာ သွားရောက်ခွင့်ပြုရန်၊ ၎င်းအပြင် ငတ်မွတ်ခေါင်းပါးသူများ အား လူသားချင်းစာနာထောက်ထားသည့် အကူအညီအထောက်အပံ့များကို အတားအဆီး မလုပ်ရန် နငှ့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှု အရပ်ရပ်ကို အဆုံးသတ်ရန် မြန်မာအစိုးရ အား တောင်းဆိုလိုပါသည်။

(၂) ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် လွတ်လပ်ပြီး ပွင့်လင်းမြင်သာရှိသော အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေး ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းကာ ရိုဟင်ဂျာလူမျိုးစုအပေါ် ကျူးလွန်လျက်ရှိသည့် လူသားအမျိုးအ
နွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများကို စုံစမ်းဖော်ထုတ်ကာ ပြစ်မှုထင်ရှားသူ များအား တရားခွင်သို့ ယူဆောင်လာပြီး အရေးယူအပြစ်ပေးရန် မေတ္တာရပ်ခံပါသည်။

(၃) အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအား လူလူချင်းစာနာထောက်ထားသည့်အနေဖြင့် မြန်မာနိုင်ငံ တွင် ရိုဟင်ဂျာလူမျိုးစုများ ခံစားနေရမှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုရန် မေတ္တာရပ်ခံပါသည်။

(၄) ကုလသမဂ္ဂနငှ့် နငိုင်တံကာ အသိုင်းအဝိုင်းများအနေဖြင့် လူသားချင်းစာနာထောက်ထားသည့် ဝင် ရောက်စွတ်ဖက်ရေး မူဝါဒအရ ထို့နောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် အကူအညီမဲ့ ရိုဟင်ဂျာလူထုမှ လက်ရှိ ရင်ဆိုင်နေကြရသော အလွန်ပင် အန္တရာယ်ကြီးမားသည့် အခြေ အနေအပေါ် ဝင်ရောက်စွတ်ဖက်ပြီး ယင်းတို့၏ ‘လုံခြုံရေးနှင့် အကာအကွယ် ပြည့်ပြည့်ဝဝ’ ကို ဆောင် ရွက်ပေးရန် မေတ္တာရပ်ခံပါသည်။

အသေးစိတ် သိရှိလိုပါက –

ကိုကိုလင်း၊ +880 1726068413

Email: [email protected]

www.rohingya.org

သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia