Press Release 394 Views

Burma Army’s actions in Karen State threaten to expand fighting, endangering peace process and displaced people’s return

September 29th, 2016  •  Author:   Karen Rivers Watch  •  5 minute read

YANGON, MYANMAR (Sept. 29, 2016) — A continued Burma military offensive into the contested Hat Gyi dam area threatens to ignite fighting with the Karen National Liberation Army (KNLA) and imperils a 4-year-old ceasefire, says Karen Rivers Watch.

The latest news on the ground is that the Burma Army is stationing troops in villages along the Salween River, upstream from the Hat Gyi Dam site. Villagers told Karen Rivers Watch, a network of Karen community-based organizations working to protect the Salween River, that the Border Guard Force (BGF) and Burma Army told them to leave their villages near Hat Gyi Dam. Earlier this month, orders to evacuate the Mae Tha Waw dam access road were followed by BGF attacks against the Democratic Karen Buddhist Army (DKBA) splinter group.

KNLA sources told Karen Rivers Watch there are strong indications that the Burma military is seeking to expand and reinforce its territorial control in Karen State in order to secure the area around the controversial Hat Gyi Dam site, which is partially controlled by the KNLA – this includes the recently captured access road necessary for transporting dam construction materials from the Thai border. The long-delayed Hat Gyi Dam, planned by Chinese and Thai companies primarily for electricity export to Thailand, will flood large areas and disrupt the free flowing Salween River, which millions of people depend on.

“In order to implement the plan for Hat Gyi Dam, the Burmese and BGF must have full control of the road and the surrounding areas,” said Gen. Baw Kyaw Heh, second in command of the KNLA.

While the Burmese government and Karen leaders continue holding historic peace talks, recent outbreaks of fighting between the Burma Army-supported Border Guard Force and the DKBA splinter group in Karen State throws into doubt hopes that civil war victims could finally go home. In early September, over 5,000 villagers living east and south of the proposed Hat Gyi dam site were forced to flee their homes.

Media reports tend to portray the conflict as inter-ethnic fighting. Karen leaders and villagers, on the other hand, see this as a continuation of the Burma Army’s divide and rule strategy. The Burma Army is using the pretense of eliminating the DKBA splinter group to take control of more Karen areas around the Hat Gyi Dam site.

So far, the KNU/KNLA, the largest Karen armed organization and a ceasefire signatory, has not been drawn into the most recent fighting. However, as the Burma Army advances further towards KNLA territory, that could change. Gen. Saw Johnny, KNLA Commander-in-Chief, warned the Burma Army, “If you cross the line [into our territory], there will be fighting.” But Gen. Saw Johnny went on to reiterate that the KNU is committed to the national peace process, stating, “We want to solve this conflict by peaceful means.”

Earlier on September 10th, the BGF demanded that the KNLA grant the BGF control of five separate locations along the western side of the Salween River. The five areas include territory adjacent to the Toh T’Bah Wai, Klaw Tae Hta, P’Tae Hta, Yaw Ma Hta and Mae Lah villages, all located around the Hat Gyi dam site. The KNLA refused, invoking the NCA terms.

Gen. Baw Kyaw Heh noted, “the DKBA does not operate in the five areas in our 5th Brigade territory that were demanded by BGF.” The former DKBA camps were restricted to 7th Brigade territory. The movement of BGF and Burma Army troops to fortify positions on western sections of the Salween would contradict the terms of the NCA, and would only escalate tensions and increase the risk of armed conflict.

The KNU Executive Committee have all agreed on opposing any mega development project until a stable peace has been achieved. Gen. Saw Johnny, Commander-in-Chief of the KNLA, stated in no unclear terms, “if they plan to build the dam, we will oppose it.”
The Burma military’s actions only serve to further the aims of corporate dam developers from Thailand and China, which aim to export electricity and divert water from the Hat Gyi Dam to Thailand. “The central government’s claimed benefits of hydropower development will not reach the people of the Salween River basin, or even the people of Burma,” says Saw Tha Poe, coordinator for Karen Rivers Watch. “The land and people of a democratic Burma should not have to suffer for the sake of a few big companies and shopping malls.”

Militarization for corporate infrastructure development will only worsen conflict in Karen State, jeopardizing the ongoing peace process and preventing the return of displaced peoples, warns Karen Rivers Watch. Economic development that requires violence against ethnic people, and marginalizes their voices and lives, cannot be the way forward for a democratic Burma.

Contact:

Saw Tha Poe, +95 9782639714 (Burmese, English)
Naw Wah Khu Shee, +95 9770298548 (English, Karen)
Hsa Moo, +66 979958177 (English, Karen)
Thong Chi (Day Day): +66 878435288 (Thai, Karen)

 


Karen Rivers Watch သတင်းထုတ်ပြန်ကြေငြာချက်

မြန်မာအစိုးရတပ်များ၏လုပ်ရပ်များကြောင့် ကရင်ပြည်နယ်အတွင်း စစ်မက်အားပိုမိုကျယ်ပြန့်လာစေနိုင်သည့် အလား အလာရှိကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထိခိုက်ပြီး လက်ရှိတိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသည့် ပြည်တွင်းစစ်ပြေးဒုက္ခ သည်များ၏နေရပ်ပြန်လည်နေထိုင်ရေးအပေါ် အဟန့်အတားဖြစ်စေသည်။

တိုက်ပွဲများသည် ဟတ်ကြီးရေကာတာစီမံကိန်းနှင့်တိုက်ရိုက်ဆက်စပ်သည်ဟု ကရင်ခေါင်းဆောင်ကဆိုသည်။

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ (စက်တင်ဘာလ ၂၉ ရက်၊၂၀၁၆ ခုနှစ်) ။ လက်ရှိကရင်ပြည်နယ်၊ ဟတ်ကြီးရေကာတာစီမံ ကိန်းတည်ရှိရာနယ်မြေအတွင်းလုပ်ဆောင်သော မြန်မာစစ်တပ်/နယ်ခြားစောင့်တပ်၏ ဆက်တိုက်စစ်ဆင်ရေးများ ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်ရင်ဆိုင်တိုက်ခိုက်မှုများဖြစ်လာနိုင်ဖွယ်ရှိပြီး လေး နှစ်ကျော်ရှိနေပြီဖြစ်သည့် အပစ်ခတ်ရပ်စဲရေးကိုထိခိုက်စေနိုင်ကြောင်း ကရင်မြစ်ချောင်းစောင့်ကြည့်ရေးကွန်ရက်က ဆိုလိုက်ပါသည်။

မြေပြင်မှနောက်ဆုံးရရှိသည့်သတင်းအရ ဟတ်ကြီးရေကာတာစီမံကိန်းတည်ရှိရာနေရာအထက်ပိုင်းရှိ ကျေးရွာအချို့ တွင် မြန်မာစစ်တပ်/နယ်ခြားစောင့်တပ်၏တပ်များ စခန်းချတပ်စွဲထားကြောင်းသိရသည်။ သံလွင်မြစ်ကိုအကာအကွယ် ပေးရန်ရည်ရွယ်ပြီး ကရင်လူထုအခြေပြုအဖွဲ့များဖြင့်ပူးပေါင်းဖွဲ့စည်းထားသော ကရင်မြစ်ကြောင်းများစောင့်ကြည့်ရေး ကွန်ရက်အား ရွာသူရွာသားများက မြန်မာစစ်တပ်နှင့်နယ်ခြားစောင့်တပ်များမှ ၎င်းတို့အား ဟတ်ကြီးရေကာတာစီမံ ကိန်းနေရာအနီးအနားရှိ၎င်းတို့ကျေးရွာများကိုစွန့်ခွာရန်ပြောခဲ့ကြောင်း ပြောပြခဲ့သည်။ မယ်သဝေါလမ်းတစ်လျှောက် ၌လည်း နယ်ခြားစောင့်တပ်မှ ဒီကေဘီအေခွဲထွက်အဖွဲ့ (တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်) အ ပေါ် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ထိုလမ်းတစ်လျှောက်ရှိကျေးရွာများမှာ ၎င်းတို့ကျေးရွာမှစွန့်ခွာရှောင်တိမ်းရန် ညွှန် ကြားခြင်းခံခဲ့ရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထံမှရရှိသည့် သတင်းအရင်းအမြစ်များအရ ထိုစစ်ဆင်ရေးများသည် ကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်၏နယ်မြေစိုးမိုးမှုအတိုင်းအတာကို တိုးချဲ့ရန်အတွက်သာဖြစ်ကာ ဤသည်မှာ လည်း အတိုက်အခံများစွာနှင့်ရင်ဆိုင်နေရပြီး KNLA ၏ထိန်းချုပ်နယ်မြေတစ်စိတ်တစ်ဒေသထဲတည်ရှိနေသည့် ဟတ်ကြီးရေကာတာစီမံကိန်းကို အကောင်အထည်ဖေါ်နိုင်ရေးအတွက် စီမံကိန်းအနီးပတ်ဝန်းကျင်နေရာအား ထိန်း ချုပ်မှုရယူနိုင်ရန်အတွက်သာဖြစ်သည်။ ထိုအထဲတွင် ဟတ်ကြီးရေကာတာစီမံကိန်းဆောက်လုပ်ရေးအတွက် ပစ္စည်း များသယ်ဆောင်ရာတွင် အရေးပါပြီး မကြာသေးခင်အတောအတွင်း မြန်မာအစိုးရတပ်များဖက်မှ ထိန်းချုပ်လိုက်နိုင် သော မယ်သဝေါလမ်းလည်းပါဝင်သည်။ ယခုအထိ အချိန်ကြာမြင့်စွာကြန့်ကြာနေသည့် ဟတ်ကြီးရေကာတာစီမံ ကိန်းကို ထိုင်းနှင့်တရုတ်ရင်းနှီးမြုပ်နှံသူများမှ အကောင်အထည်ဖေါ်သွားမည်ဖြစ်ပြီး စီမံကိန်းမှရရှိလာမည့်လျှပ်စစ် ဓါတ်အားကို ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချသွားမည့်အချိန်တွင် ဤရေကာတာကြီးကြောင့် နေရာဒေသကြီးမားကျယ် ပြန့်စွာ ရေအောက်နှစ်မြုပ်သွားမည်ဖြစ်သလို လူသန်းပေါင်းများစွာမီခိုနေသည့် လွတ်လပ်စွာစီးဆင်းနေသော သံလွင် မြစ်ကိုလည်း ပျက်စီးခြင်းသို့ရောက်ရှိစေမည်ဖြစ်သည်။ “ဟတ်ကြီးရေကာတာစီမံကိန်းကို အကောင်အထည်ဖေါ်နိုင် ဖို့အတွက် မြန်မာစစ်တပ်နဲ့နယ်ခြားစောင့်တပ်ဖက်က လမ်း၊ လမ်းအနီးအနားနဲ့ စီမံကိန်းနေရာကို အပြည့်အဝထိန်း ချုပ်နိုင်မှရမယ်” ဟု KNLA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲကဆိုသည်။

နေပြည်တော်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရနှင့် ကရင်ခေါင်းဆောင်များအကြား သမိုင်းဝင်ငြိမ်းချမ်း ရေးအတွက် ဆွေးနွေးမှုများလုပ်ဆောင်နေစဉ်တွင် လတ်တစ်လောကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်၏ပံ့ပိုးမှုကို ရရှိသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေခွဲထွက်အဖွဲ့များအကြား ဖြစ်ပွားသောတိုက်ပွဲများ ကြောင့် ပြည်တွင်းစစ်ဒဏ်ခံနေရသူပြည်သူများအတွက် ၎င်းတို့နေအိမ်သို့ ငြိမ်းချမ်းစွာပြန်လည်နေထိုင်နိုင်လိမ့်မည် ဟူသော မျော်လင့်ချက်ကို မဲ့စေပါသည်။ စက်တင်ဘာလအစောပိုင်းတွင်ပင် အကောင်အထည်ဖေါ်ရန်လျာထားသော ဟတ်ကြီးရေကာတာစီမံကိန်းတည်ရှိရာနေရာ၏အရှေ့နှင့်တောင်ဘက်ခြမ်းဒေသမှ ပြည်သူလူထု ၅၀၀၀ ကျော်သည် နေရပ်အိုးအိမ်စွန့်ခွာကာ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်ရခဲ့ပြီဖြစ်သည်။

လက်ရှိဖြစ်ပွားသော တိုက်ပွဲများနှင့်ပတ်သက်ပြီး သတင်းမီဒီယာများက ကရင်တိုင်းရင်းသားအချင်းချင်းအကြားဖြစ် ပွားသော တိုက်ပွဲနှင့်ပဋိပက္ခများဟု ဖေါ်ပြလေ့ရှိကြသည်။ သို့သော်တစ်ဖက်၌ ကရင်ခေါင်းဆောင်များနှင့် ရွာသူရွာ သားများက ယခုတိုက်ပွဲများသည် မြန်မာစစ်တပ်က divide and rule ခေါ် သွေးခွဲအနိုင်ယူသိမ်းပိုက်ထိန်းချုပ်ရေး ဟူသော ၎င်းတို့၏နည်းဗျူဟာကို ဆက်လက်ကျင့်သုံးခြင်းဖြစ်သည်ဟု မြင်ကြသည်။ မြန်မာစစ်တပ်/နယ်ခြားစောင့် တပ်သည် ဒီကေဘီအေခွဲထွက်အဖွဲ့ကိုချေမုန်းခြင်းဖြစ်သည်ဟုဆိုကာ ထိုအခွင့်အရေးကိုအသုံးချပြီး ကရင်ပြည်နယ် အထဲရှိ ဟတ်ကြီးရေကာစီမံကိန်းနေရာတစ်ဝိုက်ရှိနယ်မြေများအား ထိန်းချုပ်မှုရယူနိုင်အောင် ကြိုးစားကြသည်။

ယခုအချိန်အထိတွင်မူ အကြီးဆုံးသောကရင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသ ဘောတူညီမှုစာချုပ်တွင်လည်း လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)/ KNLA တို့သည် လတ်တစ်လောတိုက်ပွဲများထဲ ပါဝင်ပါသက်လာခြင်းမရှိသေးပါ။ သို့သော် မြန်မာစစ်တပ်/နယ်ခြားစောင့်တပ်တို့ဖက်မှ KNLA နယ်မြေထဲသို့ ဦးတည်ထိုးဝင်လာမှုများကြောင့် အထက်ပါအခြေအနေများပြောင်းလဲသွားနိုင်သည်။ KNLA ၏စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက “(ငါတို့)နယ်မြေထဲကို မင်းတို့စည်းကျော်ဝင်လာမယ်ဆိုရင် တိုက်ပွဲတွေ ဖြစ်လိမ့်မယ်” ဟု မြန်မာစစ်တပ်/နယ်ခြားစောင့်တပ်အား သတိပေးခဲ့သည်။ ၎င်းက “ကျွန်တော်တို့က ငြိမ်းချမ်းရေး ကနေတစ်ဆင့် ပဋိပက္ခတွေကိုဖြေရှင်းသွားလိုတယ်” ဟုထပ်လောင်းပြောဆိုကာ KNU အနေဖြင့် လက်ရှိတစ်နိုင်ငံ လုံးငြိမ်းချမ်းရေးဖေါ်ဆောင်မှုကို စိတ်ရောကိုယ်ပါ အမှန်တကယ်ထောက်ခံအားပေးကြောင်း ပြောခဲ့သည်။

စက်တင်ဘာလအစောပိုင်း ၁၀ ရက်နေ့တွင် နယ်ခြားစောင့်တပ်က သံလွင်မြစ်အနောက်ဖက်ခြမ်းရှိ နယ်မြေ (၅) နေ ရာတွင် ၎င်းတို့အားအခြေချခွင့်ပေးရန် KNLA ကို တောင်းဆိုခဲ့သည်။ အဆိုပါ နယ်မြေ (၅) နေရာမှာ ထိုတဘတ်ဝေ၊ ကလော့တယ်ထ၊ ပတဲထ၊ ယော်မော်ထနှင့်မယ်လားကျေးရွာများ၏ အနီးအနားဒေသများဖြစ်သည်။ ထိုနေရာအား လုံးသည် ဟတ်ကြီးရေကာတာစီမံကိန်းနေရာနှင့်မဝေးလှပါ။ KNLA ဖက်ကမူ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသ ဘောတူညီမှုစာချုပ်ပါစည်းမျဉ်းများကို ကိုးကားပြီး ထိုတောင်းဆိုချက်အား ခွင့်မပြုခဲ့ပေ။

ဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက “နယ်ခြားစောင့်တပ်ကတောင်းတဲ့ ကျွန်တော်တို့တပ်မဟာ (၅) နယ်မြေထဲက အဲ့ဒီ နယ်မြေ (၅) ခုမှာ ဒီကေဘီအေရဲ့လုပ်ရှားမှုမရှိဘူး” ဟုဆိုသည်။ ယခင်ဒီကေဘီအေစခန်းများသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) နယ်မြေထဲတွင်သာရှိသည်။ သံလွင်မြစ်အနောက်ဖက်ခြမ်းနယ်မြေအ တွင်း နယ်ခြားစောင့်တပ်နှင့်မြန်မာစစ်တပ်များမှ အခြေစိုက်ပြီးနယ်မြေစိုးမိုးမှုရယူရန်ကြိုးပမ်းလာမှုသည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်ပါအချက်များနှင့်ဆန့်ကျင်ပြီး တစ်ဖက်နှင့်တစ်ဖက်အကြား တင်းမာမှုကိုပိုမို မြင့်မားလာစေနိုင်ကာ နှစ်ဦးနှစ်ဖက်အကြား လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလာစေနိုင်သည်။

ရေရှည်တည်တန့်ခိုင်မြဲသောငြိမ်းချမ်းရေးကိုမရသေးသည်အထိ ကရင်ပြည်နယ်အတွင်း အကြီးစားဖွံ့ဖြိုးရေးစီမံကိန်း များကိုကန့်ကွက်သွားရန် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက သဘောတူဆုံးဖြတ်ထားပြီဖြစ်သည်။ “ရေကာ တာကို သူတို့ဆောက်မယ်ဆိုရင် ကျွန်တော်တို့ဆန့်ကျင်သွားမယ်” ဟု ဗိုလ်ချုပ်ကြီးစောဂျော်နီက ရှင်းရှင်းလင်း လင်းပြောခဲ့သည်။

မြန်မာစစ်တပ်၏လုပ်ရပ်များသည် ထိုင်းနှင့်တရုတ်တို့၏ ဟတ်ကြီးရေကာတာပူးပေါင်းအကောင်အထည်ဖေါ်ရေးရည် ရွယ်ချက်ကို အထမြောက်အောင် ကူညီပံ့ပိုးခြင်းသာဖြစ်သည်။ အဆိုပါဟတ်ကြီးရေကာတာမှ လျှပ်စစ်ဓါတ်အားကို ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချမည်ဖြစ်သလို ရေကာတာမှတစ်ဆင့် သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ ရေလွဲပေးမည်ဖြစ် သည်။ “ဗဟိုအစိုးရကပြောနေသည့် ရေကာတာမှရမည့်အကျိုးအမြတ်များကို သံလွင်မြစ်ဝှမ်းဒေသနေပြည်သူလူထု များက ခံစားရမည်မဟုတ် သို့မဟုတ် မြန်မာနိုင်ငံ၏ပြည်သူများပင်ခံစားရမည်မဟုတ်” ဟု ကရင်မြစ်ကြောင်းများ စောင့်ကြည့်ရေးကွန်ရက်၏တာဝန်ခံ စောသာဘိုးကဆိုသည်။ “မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးလျှင် အကြီးစားကုမ္ပဏီနှင့်ဈေးဝယ်ကုန်တိုက်အနည်းစုအတွက် မြန်မာနိုင်ငံ၏မြေနှင့်လူထုက ဒုက္ခပြဿနာနှင့် ထိခိုက်နစ် နာမှုကို ကြုံတွေ့ခံစားပေးရန်မလိုပါ။”

စီးပွားရေးအကျိုးတူပူးပေါင်းဆောင်ရွက်သည့် အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းများအတွက် ယခုကဲ့သို့စစ် လက္ခဏာဆောင်စစ်ရေးတိုးချဲ့မှုများသည် ကရင်ပြည်နယ်အတွင်းပဋိပက္ခကို ပိုမိုဆိုးရွားစေမည်သာဖြစ်ပြီး လက်ရှိ ဆောင်ရွက်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမည်ဖြစ်ကာ လက်ရှိစစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရ သည့်ပြည်တွင်းဒုက္ခသည်များစွာတို့၏နေရပ်ပြန်လည်နေထိုင်ရေးကို အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်းကို ကရင် မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ရက်က သတိပေးလိုက်သည်။ တိုင်းရင်းသားပြည်သူလူထုနှင့် ၎င်းတို့၏အခွင့်အ ရေးများအပေါ် အကြမ်းဖက်ထိခိုက်ချိုးဖေါက်ခြင်း၊ ၎င်းတို့၏အသံနှင့်အသက်အိုးအိမ်ကို ဘေးဖယ်ဥပေက္ခာပြုခြင်း၊ စသည်များပါဝင်သည့် စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများသည် ဒီမိုကရေစီစနစ်ကျသည့်အနာဂတ် မြန်မာနိုင်ငံကို ဖန်တီးပေးနိုင်မည် မဟုတ်ပါ။