မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြန်လည်ပြုပြင်ရန် နိုင်ငံတော်သမ္မတထံသို့ အိတ်ဖွင့်ပေးစာ

သို့

ဦးထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရက်စွဲ။ ။စက်တင်ဘာလ ၂၈ ရက် ၂၀၁၆

လေးစားအပ်ပါသောနိုင်ငံတော်သမ္မတကြီးရှင့်/ခင်ဗျား။

အောက်ပါလက်မှတ်ရေးထိုးထားသော မိမိတို့အရပ်ဘက်အဖွဲ့အစည်းများမှ စက်တင်ဘာလ ၂၂ ရက် နေ့စွဲဖြင့် သမ္မတရုံးမှ ပြည်ထဲရေးဝန်ကြီးဌာနမှ အင်းဝစက်ချုပ်ဆိုင်ပိုင်ရှင်များ၏ ညှင်းပန်းနှိပ်စက်ခံ အိမ်အကူ အမျိုးသမီးငယ် နှစ်ဦးဖြစ်သော မ ( စန်းကေခိုင် ) နှင့် မ ( မသဇင် ) တို့နှင့် အမှုဖွင့်တိုင်ကြားခဲ့သူ Myanmar Now သတင်းထောက် ကို ( ကိုဆွေဝင်း ) တို့ကို လုံခြုံရေး ယူပေးရန် လည်းကောင်း၊ လူ/ကယ်/ပြန်ဝန်ကြီးဌာနမှ အမျိုးသမီးငယ်နှစ်ဦး လုံခြုံစွာနေနိုင်ရေးနှင့် စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုများ လုပ်ဆောင် ရန်လည်းကောင်း ညွှန်ကြားချက်ထုတ်ခြင်းအပေါ် ထောက်ခံကြိုဆိုပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း အချိန်နှင်တစ်ပြေးညီ ဆောင်ရွက်ကြမည်ဟု မိမိတို့မှ မျှော်လင့်ပါသည်။

ဤအိမ်အကူ အမျိုးသမီးငယ် နှစ်ဦး ကြုံတွေ့ရသော ခါးသီးလှသည့် ညှင်းပန်းနှိပ်စက် ခေတ်သစ်ကျွန်ုပြုခံရသော အမှုသည် ပြည်တွင်းရှိ ပြစ်မှုဆိုင်ရာဥပဒေများစွာနှင့် တိုက်ရိုက်အကြုံးဝင်သည်သာမက မိမိတို့နိုင်ငံမှ လိုက်နာ ကျင့်သုံးရန် တာဝန်ရှိသည့် နိုင်ငံတကာလူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများ ကိုပါ ချိုးဖောက်ခံရခြင်းဖြစ်ပါသည်။

ဤကဲ့သို့ ကြီးလေးသော ကျူးလွန်မှု တစ်ခုကို ပြည်သူလူထု၏အခွင့်အရေးများကို ကာကွယ်မြှင့်တင်ကာ တရားမျှတမှု ရှာဖွေဖော်ဆောင်ပေးရမည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လုပ်သင့်ဖြစ်သင့်သည့် တရားဥပဒေအရ အရေးယူ ဖြေရှင်းမှုကို မဆောင်ရွက်ဘဲ ငွေကြေးဖြင့်သာ ညှိနှိုင်းဖြေရှင်းပေးခဲ့ခြင်းမှာ နိုင်ငံတော်အဆင့် လူ့အခွင့်အရေးဆိုင်ရာ အဆောက်အအုံ တစ်ခုအနေဖြင့် ဥပဒေအရသာမက ကော်မရှင်တွင် တာဝန်ယူနေသူ လူပုဂ္ဂိုလ်တစ်ဦးချင်းအရပါ လူ့အခွင့်အရေးဆိုင်ရာ စွမ်းဆောင်နိုင်စွမ်း မရှိနေသည်ကို အထင်အရှားပေါ်လွင်စေသည် မိမိတို့မှ သုံးသပ်ပါသည်။

တစ်ချိန်တည်းမှာပင် အခြေခံပြည်သူလူထု၏ဘဝ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များ၏ ဘဝများမှာ သက်ငယ်မုဒိန်းအပါအဝင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ လူကုန်ကူးနှင့် ခေတ်သစ်ကျွန်ပြုခံရမှုများ အပါအဝင် ပုံသဏ္ဍန်မျိုးစုံဖြင့် အကြမ်းဖက်ခံရမှုများ ကြုံတွေ့နေရသည့်အပြင် တရားဥပဒေ၏ ကာကွယ် စောင့်ရှောက်မှု ကိုလည်း ရယူနိုင်ခြင်းမရှိသော အခြေအနေ အကြောင်းတရားများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် မိမိတို့ နိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှ အခြေအနေကောင်း ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးနေသည်ဟု သုံးသပ်ပါသည်။

ချိုးဖောက်ခံပြည်သူလူထု၏ လူ့ဂုဏ်သိက္ခာ နှင့် တရားမျှတမှုဖော်ဆောင်ရေး၊ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ နှင့် ဥပဒေ အထောက်အကူဆိုင်ရာ အကူအညီများအပါအဝင် အရေးပေါ်တုန့်ပြန်ဖြေရှင်းပေးခြင်းနှင့် တစ်ချိန်တည်းမှာပင် ရေရှည်အနာဂတ်တွင် ပြည်သူ့တို့၏ လူသားဘဝ လုံခြုံရေး၊ ၎င်းတို့အခွင့်အရေးများကို မှန်ကန်ထိရောက်သော ကာကွယ်စောင့်ရှောက်မှုနှင့် တရားမျှတမှုခံစားခွင့်ရရေးတို့အတွက် အခြေခံ လိုအပ်ချက်များဖြစ်သော မူဝါဒ၊ ဥပဒေနှင့် အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ထိရောက်စွာ လုပ်ဆောင်ရန် အသင့်တော်ဆုံး အချိန်လည်းဖြစ်သည်ဟု မိမိတို့မှ ယုံကြည်မိပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးဆောင်သော ပြည်သူ့ အစိုးရ အနေဖြင့် ပြည်သူ့ဘဝ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များဘဝ လုံခြုံစေရေးနှင့် လူ့ဂုဏ်သိက္ခာကို ကာကွယ် စောင့်ရှောက်ရေး တို့အတွက် အောက်ပါ အရေးပေါ် နိုင်ငံတော်အဆင့် လုပ်ဆောင်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် လေးစားစွာအဆိုပြုအပ်ပါသည်။

) မြန်မိာုင်ငံ အမျိးသား လူအခွင့်အရေးကော်မရှင်အား အနိမ့်ဆုံး ရှိသင့်သည့် နိုင်ငံတကာစံချိန်စံညွှန်းများ (ပါရီအခြေခံမူများ) နှင့်အညီ ကော်မရှင်အဖွဲဝင်သစ်များ ရွေးချယ်ခန်အပ်ခြင်း အပါအဝင် ကော်မရှင်ဖြစ်တည်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲ၍ ပြန်လည်ဖွဲစည်းခြင်း။

) ပြည်သူလူထု၏အခြေခံလူအခွင့်အရေးများ အထူးသဖြင့် အမျိးသမီးမျာှးင့် ကလေးသူငယ်များအား ကာကွယ် စောင့်ရှောက်မပေးမည့် ပွင့်လင်းမြင်သာ၍ ပြည့်စုံခြံငုံမရှိသော နိုင်ငံတော်အဆင့် လူအခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်စီမံကိန်း တစ်ရပ် ရေးဆွဲချမှတ် အကောင်အထည်ဖော်ခြင်း။

) မြန်မိာုင်ငံမှ လိုက်နာအကောင်အထည်ဖော်ရန် လက်မှတ်ထိုး ကတိကဝတ်ပြထားသော CEDAW နှင့် CRC စာချပ်ပါ အချက်မျာှးင့်အညီ အိမ်အကူအမျိးသမီးများအား ကာကွယ်စောင့်ရှောက်မ အပါအဝင် အမျိးသမီှးင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေသစ်တစ်ရပ်ကို အမြန်ဆုံးပြဌာနှ်းင့် အသက်ဝင်စေခြင်း နှင့် တရားရေှးင့်ရဲဘက်ဆိုင်ရာ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ အာဏာပိုင်များအား ထိရောက်စွာ အကောင်အထည်ဖော်စေခြင်း။

ပြည်သူ့အစိုးရအနေဖြင့် ဤ အရေးပေါ် နိုင်ငံတော်အဆင့် လုပ်ဆောင်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း အဆိုပြုပါသည်။

 

လေးစားစွာဖြင့်

အရပ်ဘက်အဖွဲ့ အစည်းများ

1. Equality Myanmar

2. Gender Equality Network (GEN)

3. Center for Youth and Social Harmony (CYSH)

4. Women Peace Network – Arakan (WPNA)

5. Action Committee for Democracy Development (ACDD)

6. Colorful Girls

7. Pyi Gyi Khin

8. Kachin Women Peace Network (KWPN)

9. Women Organizations Network (WON)

အိတ်ဖွင့်ပေးစာ မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

အဖွဲ့အစည်းထောက်ခံမှုအမည်စာရင်း အားလုံးကို ဤနေရာတွင်ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia