18 August 2016
မြန်မာနိုင်ငံ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဦးစီးကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံအား ကျွနု်ပ်တို့က ကြိုဆိုပါသည်။ ၂၁ ရာစုပင်လုံညီလာခံကြီးမှ ပြည်သူလူထုတစ်ရပ်လုံး ဆန္ဒပြင်းပြစွာလိုလား လျက်ရှိသော စစ်မှန်သည့်ငြိမ်းချမ်းရေးအား အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်နိုင်မည် ဟု မျော်လင့်ပါသည်။
၂၁ ရာစုပင်လုံညီလာခံသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ကြိုးပမ်းထုတ်ခြင်း ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံ၏ နိုင်ငံရေးပြဿနာများတွင် အခြေခံကျကျ ပါဝင်ပက်သက်နေကြသူများအားလုံးပူးပေါင်းပါဝင်ခွင့်ရရေးမှာ အရေးကြီးပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဦးဆောင်သော ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနှင့် တပ်မတော်တို့ပါဝင်သော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမူများမှသည် ပြည်တွင်းငြိမ်းချမ်းရေးရရှိပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာနိုင်ရေးအထိ ကြိုးပမ်းသွားကြရန် ကျွန်ုပ်တို့မှ အလေးနက်တိုက်တွန်းလိုပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အခြေခံပြဿနာသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာ ဖြစ်သကဲ့သို့ တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရုံးနေခြင်းနှင့် ပြည်သူအပေါင်း၏ ဒီမိုကရေစီ အရေးများဆုံးရုံးနေသည့် ပြဿနာလည်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကြီးမှ ပြည်တွင်းငြိမ်းရေးအတွက် အဓိကအဟန့်အတားဖြစ်နေသည့် ၂၀၀၈ ဖွဲစည်းပုံပြဿနာကို ပြေလည်အောင်နည်းလမ်းရှာဖြေရှင်းသွားနိုင်ကြမည်ဟု ကျွန်ုပ်တို့က မျော်လင့်လျက်ရှိပါသည်။
ယနေ့အခါသမယသည် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခွင့်အလမ်းကောင်းများရှိနေသည့် အချိန်ဖြစ်ပါသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးဆောင်ရွက်နေခြင်းကသည်ပင် လျင်လာမည့်ပင်လုံညီလာခံကြီးမှ ရလာဒ်ကောင်းများ ပေါ်ထွက်လာနိုင်မည့် အခြေအနေကောင်း ဟု ယူဆလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ၂၁ ရာစုပင်လုံညီလာခံကြီးမှ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ရလာဒ်ကောင်းများ ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
အလုပ်အမှု့ဆောင်အဖွဲ့
မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးလှုပ်ရှားမူ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ
ဆက်သွယ်ရန် ။ U Saw Lwin +61 412 344 009,
U Maung Maung Aye +61 452 388 384,
U Aung Naing +61 413 335 629
ယင်းသဘောထားထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.