29 June 2016
၂၀၁၆ ဇူလိုင်လ ၄ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်မည့် (၆၄) ကြိမ်မြောက် စီဒေါ
အစည်းအဝေးသို့ မြန်မာပြည်မှ အစိုးရမဟုတ်သောအဖွဲ့အစည်းများဖြစ်သည့် CEDAW Action Myanmar (CAM)၊ Women Organization Network (အမျိုးသမီးအဖွဲ့များ ကွန်ယက်)၊ Gender Equality Network (ကျားမရေးရာ တန်းတူညီမျှရေးကွန်ယက်) ၊ Karen Human Rights Group (ကရင်လူ့အခွင့်အရေးအဖွဲ့) နှင့် Women’s League of Burma အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့ တက်ရောက်ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးအခွင့်အရေး အခြေအနေများနှင့်ပတ်သက်သည့် အစီရင်ခံစာများကို တင်သွင်းကြမည်ဖြစ်သည်။
အမျိုးသမီးအဖွဲ့များတင်သွင်းမည့် အစီရင်ခံစာများထဲတွင် လက်ရှိမြန်မာနိုင်ငံရှိ အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့  နေရသည့် လူ့အခွင့်အရေးအခြေအနေများကို စုံလင်စွာတင်ပြထားပါသည်။ အဖွဲ့အစည်းများက လေ့လာ သုံးသပ်ချက်များကို အခြေခံ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ လက်နက်ကိုင် ပဋိပက္ခများအတွင်းရှိ အမျိုးသမီးများ၊ အမျိုးသမီးများနှင့် ဦးဆောင်မှုတွင်ပါဝင်ခွင့်၊ အမျိုးသမီးများအပေါ် ဖိနှိပ်နေသည့် ဥပဒေများနှင့် ထုံးတမ်းစဉ်လာများ၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသရှိ အမျိုးသမီးများ၏အခြေအနေများနှင့် လူကုန်ကူးမှု
အခြေအနေများကို တင်ပြထားပါသည်။
တိုင်းရင်းသားဒေသများနှင့် ပဋိပက္ခဖြစ်ပွားနေသော နေရာများရှိ အမျိုးသမီးများ၏ အခြေအနေများကို အဓိက တင်ပြထားသည့် အမျိုးသမီးများအဖွဲ့ချုပ် (WLB) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Julia Marip က “စစ်ပွဲဖြစ်တဲ့ ဒေသအတွင်းက အမျိုးသမီးတွေရဲ့ ဘ၀ဟာ လုံခြုံမှုကင်းမဲ့နေတုံးပါဘဲ။ အကြမ်းဖက်ခံရတာတင်မကဘဲ ဥပဒေရဲ့ အကူအညီကိုမရကြပါဘူး၊ ဖြစ်ပျက်ခဲ့တဲ့အမှုတော်တော်များများမှာ ကျူးလွန်သူတွေက အပြစ်ပေးခံရတာကနေ လွတ်မြောက်နေတုံးပါဘဲ” ဟု ဆိုပါသည်။
အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုများသည် နေရာတိုင်းမှာ ဖြစ်ပျက်နေကြောင်း အစီရင်ခံစာတင်သွင်းခဲ့သည့် အမျိုးသမီးအဖွဲ့များကွန်ယက်-မြန်မာ(WON) က ဆိုပါသည်။ “ကျမတို့ရဲ့ အစီရင်ခံစာထဲမှာ အမျိုးသမီများ မဲပေးခွင့် အကြောင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု တန်းတူခံစားခွင့်များရှိမနေတာတွေနဲ့ ကျေးလက်ဒေသ တွေမှာရှိတဲ့ အမျိုးသမီးတွေရင်ဆိုင်တွေ့ကြုံနေရသော အခက်အခဲတွေကို တင်ပြထားပါတယ်။” ဟု WON မှ မဉ္ဖူ က ဆိုပါသည်။
“စီဒေါကော်မတီအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အမျိုးသမီးအခြေအနေတွေကို အမှန်အတိုင်း သိရှိနားလည် သဘောပေါက်ဖို့လိုပါတယ်။ ဒါမှသာ မြန်မာနိုင်ငံအပေါ် သုံးသပ်အကြံပေးချက်တွေကို ထုတ်ပြန်တဲ့ အခါမှာ လက်တွေ့ကျပြီး အကျိုးရှိတဲ့ အကြံပေးချက်တွေ ထုတ်ပြန်နိုင်မှာဖြစ်ပါတယ် ” ဟု CEDAW Action Myanmar (CAM) မှ ဒေါ်မေမေပြုံးက ဆိုပါသည်။
ကျားမရေးရာတန်းတူညီမျှရေးကွန်ယက်မှ ဒေါ်မေစပယ်ဖြူက “မြန်မာနိုင်ငံအစိုးရအနေနဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေဖြစ်စေတဲ့ ဥပဒေမျိုးတွေကို ပယ်ဖျက်သင့်ပါတယ်။ ကျမတို့အတွက် လိုအပ်နေတာ ဖိနှိပ်တဲ့ ဥပဒေမျိုးမဟုတ်ပါဘူး။ ကာကွယ်ပေးတဲ့ ဥပဒေမျိုးဖြစ်ပါတယ်။ အခုရေးဆွဲနေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးရေးဥပဒေထဲမှာ အမျိုးသမီးအားလုံးကို အပြည့်အ၀ကာကွယ်ပေးတဲ့ အချက်တွေပါဖို့ အထူးအရေးကြီး ပါတယ်” ဟု ဆိုပါသည်။
အဖွဲ့အစည်းများနှင့် ကွန်ယက်များမှ ကိုယ်စားလှယ်များသည် စီဒေါကော်မတီဝင်များနှင့် အလွတ်သဘော ဆွေးနွေးပွဲများကို ဇူလိုင်လ (၄) ရက်နေ့ နှင့် (၅) ရက်များတွင် ဂျီနီဗာမြို့တွင် ပြုလုပ်ဆွေးနွေးကြမည်ဖြစ်ပါသည်၊ ထို့အပြင် အဖွဲ့အစည်းများနှင့် ကွန်ယက်များမှ ကိုယ်စားလှယ်များသည် ၂၀၁၆ ဇူလိုင်လ (ရ) ရက်နေ့တွင်မြန်မာအစိုးရ၏ စတုတ္တနှင့် ပဉ္စမအကြိမ်မြောက် အစီရင်ခံစာအား စီဒေါကော်မတီမှ သုံးသပ်သည့် အစည်းအဝေး
ကိုလည်း တက်ရောက်လေ့လာကြမည်ဖြစ်သည်။
စီဒေါအစည်းအဝေးတက်ရောက်သည့် အဖွဲ့အစည်းများနှင့်ကွန်ယက်များမှ ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းပွဲကို ၂၀၁၆ ခုနှစ် ဇူလိုင်လ (၁၁) ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်သည်။ အသေးစိတ်ကို ထပ်မံ ကြေညာပါမည်။ မြန်မာအစိုးရသည် ၁၉၉၇ ခုနှစ်တွင် စီဒေါစာချုပ်အား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။ အစိုးရအနေဖြင့် ၁၉၉၉ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် တို့တွင် စီဒေါကော်မတီထံ အစီရင်ခံစာတင်သွင်းခြဲ့ပီးဖြစ်သည်။ မြန်မာအစိုးရ၏ စတုတ္ထနှင့် ပဉ္စမ အကြိမ်မြောက် ပူးတွဲ အစီရင်ခံစာအား စီဒေါကော်မတီသို့ ၂၀၁၅ ဖေဖော်ဝါရီလတွင် တင်သွင်းခဲ့ပါသည်၊
ဆက်သွယ်ရန်
Naw Aye Aye Hlaing (CAM) 09
73491353 Julia Marip (WLB) 0
9790763474
Naw Htet Htet Aung (WON) 09250791576
သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.