Although much of the world has expressed excitement over Myanmar’s political transition, communities throughout Kachin and northern Shan states have been living with severe human rights abuses and displacement for the last five years.
Since 2011, renewed armed conflict between the Myanmar military and the Kachin Independence Army (KIA) has displaced more than 100,000 civilians. In the conduct of the war, the Myanmar military has perpetrated severe human rights violations. International and community-based organizations have documented extrajudicial killings, torture, forced labor, rape and sexual violence, arbitrary detention, attacks on civilians and non-military targets, and pillaging of property. These abuses have been perpetrated with near-complete impunity. Some of the abuses may amount to war crimes and crimes against humanity under international law.
Forced into dozens of displacement camps, entire communities have lost their homes, livelihoods, and belongings. Displaced populations continue to face avoidable deprivations in humanitarian aid. The Myanmar government and military have denied humanitarian organizations unfettered access to displaced populations, and funding for Kachin-led aid groups has been insufficient to meet the needs of displaced communities. Unnecessarily delaying travel authorizations to the displacement camps in government controlled areas and entirely restricting access to KIA-controlled areas for humanitarian actors has led to severe consequences for people in need of support.
Displaced families lack adequate food, healthcare, education, water and sanitation, and shelter. Some displaced families now eat one meal per day due to irregular delivery of food rations. Preventable illnesses have resulted in needless death. The dearth of funding for schools and teachers is depriving children of adequate education, stunting the development of an entire generation. As the rainy season approaches once again, war-affected displaced populations are still struggling to live in unsafe conditions in which they have no protection against wind and rain. Today, there is no meaningful prospect for displaced communities to return home safely or rebuild their lives with dignity.
June 9, 2016 marks the five-year anniversary of the resumption of armed conflict in Kachin State—a date that ended a 17-year-long ceasefire. The Nationwide Ceasefire Agreement (NCA) negotiated under former President Thein Sein failed to end the war, and the prospects for an inclusive peace agreement remain distant.
Today, we the undersigned organizations call for peace, justice, and accountability in Kachin State.
First and foremost, we request that the Myanmar military immediately end all offensives in Kachin and northern Shan states, and we urge President Htin Kyaw and State Counselor Aung San Suu Kyi to immediately authorize universal and unfettered access for humanitarian groups to all affected areas. The military and authorities should provide safe, sustained, and unhindered access to all areas of affected populations to allow humanitarian organizations to give necessary help and support.
Ongoing and unchecked human rights violations only hinder efforts to achieve a lasting peace in Kachin and northern Shan states. The government and military should end the endemic culture of impunity once and for all. Perpetrators of human rights violations should be held accountable for their crimes in independent and impartial courts of law, regardless of rank or position. Likewise, survivors of human rights violations should receive prompt and adequate compensation for harms suffered.
To ensure the future promotion and protection of human rights, the government should ratify without delay key human rights treaties, including the Convention against Torture and Other Cruel, Inhuman or Degrading Treatment or Punishment as well as the Rome Statute of the International Criminal Court.
The government should ensure an inclusive peace process that involves all actors and prioritizes human rights. Furthermore, it is vital for the achievement of a sustainable peace that women play an active role in this peace process.
Today, we express our solidarity with the suffering and struggle of communities and families throughout the war-affected areas and we do so in the spirit of peace, justice, and accountability, which we believe go hand in hand. We call upon the government and military to end the war in Kachin State.
Contact Persons:
May Sabe Phyu (Kachin Women Peace Network) : +95 9 77 88 75 859
[email protected]
Maran Jaw Gun (Kachin Peace Network) : +95 9 97 299 8097, 09 731 40 728
[email protected]
Khin Ohmar (Burma Partnership) : +66 81884 0772 (Thailand)
Signatories
Download this statement in English here.
သဘောထားထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင်ရယူနိုင်သည်။
ငါးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော ကချင်ဒေသတကျော့ပြန်စစ်ပွဲနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု/တာဝန်ခံမှု တို့အတွက် တောင်းဆိုချက်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းနေမှုအခြေအနေများနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံအများစုက စိတ်လှုပ် ရှားစွာ ဝမ်းမြောက်လျက်ရှိကြောင်း မည်သို့ပင်ဖော်ပြခဲ့ကြစေကာမူ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းနေ ရပ်ရွာ လူထုအနေဖြင့် လွန်ခဲ့သည့် ငါးနှစ်ကတည်းက တွေ့ကြုံခံစားနေရသောပြင်းထန်ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှု များနှင့် မိမိတို့ရပ်ရွာကို စွန့်ခွာရွှေ့ပြောင်း နေထိုင်နေရမှုများ မှာမူ ပြောင်းလဲတိုးတက်မှု မရှိခဲ့ပေ။
၂၀၁၁ ခုနှစ်တွင် တစ်ဖန်ပြန်လည်စတင်ခဲ့သော မြန်မာ့တပ်မတော် နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြားလက်နက်ကိုင်တိုက်ပွဲများကြောင့် ပြည်သူပေါင်းတစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ပွဲကာလအတွင်းတွင် အပြစ်မဲ့ပြည်သူများမှာ ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ခံစားခဲ့ရသည်။ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ မုဒိမ်းကျင့်ခြင်း နှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခြင်း၊ တစ်ဖက်သတ်စွပ်စွဲ၍ ဖမ်းဆီးထိန်းသိမ်းခြင်း၊ စစ်တပ်နှင့် မသက်ဆိုင်သည့်နေရာများနှင့် အရပ်သားများအပေါ် ပစ်မှတ် ထားတိုက်ခိုက်ခြင်း နှင့် ပြည်သူ့အိုးအိမ်၊ စည်းစိမ်များကို ဖျက်ဆီးခြင်းစသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများ အပေါ် ပြစ်မှုကျူးလွန်ခဲ့သူများကို ဥပဒေနှင့်အညီပြစဒဏ်စီရင်ရခြင်း မရှိသလောက် နည်းပါးနေကြောင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများမှမှတ်တမ်း တင်ထားသည်။
ထိုလူ့အခွင့်အရေးချိုးဖောက်မှုများစွာထဲမှ အချို.မှာ နိုင်ငံတကာဥပဒေများအရ စစ်ရာဇဝတ်မှုမြောက်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအဖြစ် သတ်မှတ်၍ရသော ပြစ်မှုများဖြစ်သည်။ ထောင်ပေါင်းများစွာသော စစ်ဘေးရှောင်စခန်းများသို့ မဖြစ်မနေပြောင်းရွှေ.နေထိုင်ရသည့်အခြေအနေကြောင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံး၏ အိုးအိမ်၊ အသက်မွေးဝမ်းကျောင်းနှင့် ပိုင်ဆိုင်မှုများ အားလုံးဆုံးရှုံးခဲ့ရသည်။ ပြောင်းရွှေ့ နေထိုင်ရသူများသည် ချို.တဲ့သောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပြတ်လပ်မလောက်ငမှုများနှင့် ဆက်လက် ရင်ဆိုင်နေရသည်။
နေရပ်စွန့်ခွာပြောင်းရွှေ့ရသော စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ များ လက်လှမ်းမှီရရှိအောင် ထောက်ပံ့ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှာ ခွင့်ပြုချက်၊ ခရီးသွားလာခွင့် အကန့်အသတ်များစွာဖြင့် ရင်ဆိုင်နေရပြီး ကချင်များဦးစီးသည့် ထောက်ပံကူညီရေး အဖွဲ့အစည်းများမှာလည်း စစ်ဘေးသင့်ပြည်သူများ၏များပြားလှသော လိုအပ်ချက်များကို ဖြည့်ဆည်း ထောက်ပံ့ပေးနိုင်လောက်သော ရန်ပုံငွေ မရှိပေ။ အထူးသဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာဒေသများရှိ စစ်ဘေးရှောင်စခန်းများသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးနိုင်ရန် အဖွဲ့အစည်း များခရီးသွားလာခွင့်ကို တာဝန်ရှိသူများမှမလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများဖြင့် ထိန်းချုပ်ထားရာ ထောက်ပံ့ရေးအကူအညီများ ပိုမိုလိုအပ်နေသည့်နေရာများသို့ လက်လှမ်းမှီပေးပို့နိုင်မှုအပေါ်ဆိုးဝါးသည့်အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။
နေရပ်စွန့်ခွာပြောင်းရွှေ.ရသောမိသားစုများသည် လုံလောက်သော အစာအာဟာရ၊ ကျန်းမာရေးစောင့်ရှောက်မှု၊သောက်သုံးရေနှင့် အိမ်သာ၊ အမိုးအကာ မရှိနေထိုင်နေရပြီး ယခုအခါ အချို.မိသားစုများမှာ စားနပ်ရိက္ခာ ပုံမှန်မရရှိတော့သောကြောင့် တစ်နေ့လျှင် ထမင်းတစ်နပ်သာ စားနေကြရပါသည်။ ကာကွယ်၍ရနိုင်သော ရောဂါများပင်ဖြစ်သော်လည်း ကျန်းမာရေးစောင့်ရှောက်မှု ချို.တဲ့သောကြောင့် မလိုလားအပ်ပဲအသက်ဆုံးမှုများကို ဖြစ်ပေါ်စေသည်။
စာသင်ကျောင်းများနှင့် ဆရာ၊ဆရာမများအတွက် ရန်ပုံငွေရှားပါးမှုကြောင့် ကလေးများ၏ ကျောင်းပညာရေး တွင်များစွာနှောင့်နှေး ထိခို်က်စေပြီး မျိုးဆက်တစ်ခုလုံး၏ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည်။ မကြာမီတွင် မိုးရာသီကျရောက် တော့မည်ဖြစ်သော်လည်း နေရပ်စွန့်ခွာပြောင်းရွှေ.ရသော စစ်ဘေး သင့်ပြည်သူများမှာမူ လေဒဏ်၊ မိုးဒဏ်ကို ကောင်းစွာ အကာအကွယ်မပေးနိုင်သော လုံခြုံမှုမရှိသည့် အခြေအနေများတွင် ဆက်လက်ကြိုးစားရုန်းကန်ကာ နေထိုင်အသက် ဆက်နေကြရသည်။ ယနေ့အချိန်အထိနေရပ်စွန့်ခွာပြောင်းရွှေ.နေထိုင်ရသူများအနေနှင့် မိမိတို့ ရပ်ရွာ/နေအိမ်များထံ ဘေးအန္တရာယ်ကင်းစွာပြန်နိုင်ရန် သို့မဟုတ် ၎င်းတို့၏ ဘဝကို လူ့ဂုဏ်သိက္ခာနှင့်အညီ ပြန်လည်တည်ဆောက်နိုင်ရန် မျှော်လင့်ချက်နှင့်ဖြစ်နိုင်ခြေမှာ မရှိသလောက်ပင် ဖြစ်နေပါသေးသည်။
၂၀၁၆ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် ကချင်ပြည်နယ်အတွင်း (၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲမှု အဆုံးသတ်ပြီး လက်နက်ကိုင်တိုက်ပွဲများ ပြန်လည်စတင်ခဲ့ခြင်း (၅) နှစ် နှစ်ပတ်လည် တစ်ဖန်ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ယခင်သမ္မတဟောင်းဦးသိန်းစိန်လက်ထက်တွင် ညှိနှိုင်းချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ထိုစစ်ပွဲများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့သည် သာမက အားလုံးပါဝင်နိုင်သော ငြိမ်းချမ်းရေး သဘောတူညီမှုရရှိ ရန် အလားအလာမရှိသလောက် ဝေးကွာနေပါသည်။
သို့ပါ၍ ဤသဘောထားထုတ်ပြန်ချက်၏ အောက်တွင် လက်မှတ်ရေးထိုးပါဝင်သော ကျွန်ုပ်တို့အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု/တာဝန်ခံမှုရှိစေရန် အောက်ဖော်ပါပြအတိုင်း တောင်းဆိုသည်။
ပထမဦးစွာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြာက်ပိုင်းတို့တွင် ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ချက်ချင်း ရပ်တန့်ပေးရန် မြန်မာတပ်မတော်အား ကျွနု်ပ်တို့မှ တောင်းဆိုသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများထောက်ပံပေးနေသောအဖွဲ့အစည်းများအား စစ်ဘေးသင့်ဒေသများအားလုံးသို့ ကန့်သတ်ချက်မဲ့ သွားရောက် ကူညီထောက်ပံ့ခွင့်အပြည့်အဝပေးရန် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အား တိုက်တွန်းသည်။ စစ်တပ်နှင့် အာဏာပိုင်များအနေဖြင့် စစ်ဘေး သင့်ပြည်သူများ နေထိုင်ရာဒေသများသို့ လိုအပ်သော အကူအညီအထောက်အပံ့များပေးနိုင်ရန် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေသောအဖွဲ့အစည်းများကို လုံခြုံ၍ နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲရေရှည်သွားလာခွင့်ပေးရန် တိုက်တွန်းသည်။
စုံစမ်းစစ်ဆေးအရေးယူခြင်းမရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ဖြစ်ပေါ်နေစေခြင်းသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် ကြိုးစားအားထုတ် နေမှုများကို နှောင့်နှေးကြန့်ကြာ ဆုတ်ယုတ်မှုများကိုသာ ဖြစ်ပေါ်စေသည်။
အစိုးရနှင့် တပ်မတော်အနေဖြင့် နေရာအနှံ့ဖြစ်ပေါ်နေသော ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးထားသည့်အစဉ်အလာကို အပြီးတိုင်ချက်ချင်း အဆုံးသတ်သင့်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကျူးလွန်သူများကို လွတ်လပ်၍ ဘက်လိုက်မှုကင်းသော တရားရုံးများတွင် မည်သို့သော ရာထူးအဆင့်အတန်းရှိစေကာမူ ဥပဒေအတိုင်း စစ်ဆေးအရေးယူပြီး ၄င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများ အတွက် တာဝန်ယူမှု/တာဝန်ခံမှု ရှိစေသင့်သည်။ ထို့အတူပင် လူ့အခွင့်အရေးချိုးဖောက်ခံရသူများကို ၄င်းတို့၏ ဆုံးရှုံး နစ်နာခဲ့ရမှုများအတွက် သင့်တင့်လျောက်ပတ်သောကုစားမှုနှင့် နစ်နာကြေးများကို လျင်မြန်စွာ ရစေသင့်သည်။
အနာဂတ်တွင် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မြှင့်တင်နိုင်မှု သေချာစေရန် အစိုးရအနေဖြင့် “ညှင်းပမ်း နှိပ်စက်ခြင်းနှင့် အခြားလူမဆန်ရက်စက်သည့် လုပ်ရပ်များ၊ ချိုးနှိမ်သိမ်ငယ်စေသော ခွဲခြားဆက်ဆံမှု (သို့မဟုတ်) အပြစ် ပေးမှုတို့ကို ဆန့်ကျင်သော နိုင်ငံတကာသဘောတူစာချုပ်” နှင့် “ရောမသဘောတူညီချက် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး” အပါအဝင် အဓိကကျသော လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်များကို နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အတည်ပြု လက်မှတ်ရေးထိုးသင့်သည်။ အစိုးရအနေနှင့် လူတိုင်းပါဝင်ဆောင်ရွက်ခွင့်ရှိသော လူ့အခွင့်အရေးကို ဦးစားပေးသည့် အားလုံးပါဝင်နိုင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖြစ် သေချာစေရန် ဆောင်ရွက်သင့်သည်။ ထို့ပြင်ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ထိန်း သိမ်းနိုင်ရန် ထိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲတွင် အမျိုးသမီးများကို ပါဝင်ဆောင်ရွက် ခွင့်ပြုရန်လည်း အရေးကြီးသည်။
ကျွန်ုပ်တို့သည် စစ်ဘေးသင့်ဒေသများရှိ လူမှုအသိုင်းအဝိုင်းများနှင့် မိသားစုများ၏ ယနေ့ခံစားနေရသော နာကျင်မှုများနှင့် ခက်ခဲရုန်းကန်နေရမှုများအပေါ် ထပ်တူထပ်မျှခံစားရပါကြောင်းနှင့် ဤသို့ကျွနု်ပ်တို့၏ ခံစားချက်ကို ဖော်ပြရာတွင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု/တာဝန်ခံမှုကို လိုလားသော စိတ်ဓာတ်တို့သည်လည်း အတူယှဉ်တွဲ ပါဝင်သင့်သည်ဟု ယုံကြည်သည်နှင့်အညီ အစိုးရနှင့် တပ်မတော်အား ကချင်ဒေသအတွင်း ဖြစ်ပွားနေသော စစ်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန် ကျွန်ုပ်တို့မှ တောင်းဆိုသည်။
ဆက်သွယ်ရန်လိပ်စာ-
ဒေါ်မေစံပယ်ဖြူ (Kachin Women Peace Network) – ၀၉ ၇၇၈၈ ၇၅ ၈၅ ၉ ( [email protected])
ဦးမရန်ဂျော်ဂွန်း (Kachin Peace Network) – ၀၉ ၉၇ ၂၉၉ ၈၀ ၉၇, ၀၉ ၇၃၁ ၄၀ ၇၂၈, [email protected]
ဒေါ်ခင်ဥမ္မာ (Burma Partnership) – + ၆၆ ၈၁၈၈၄ ၀၇၇၂ ([email protected])
လက်မှတ်ရေးထိုးသော အဖွဲ့အစည်းများ။
ပြုအဖွဲ့ ( ကြာအင်းဆိပ်ကြီး) ]
(မွန်ပြည်နယ်အရပ်သားအပစ်အခတ်ရပ်စဲရေးစောင့်ကြည့်လေ့လာရေးကော်မတီ)
ကြိုတင်ကာကွယ်ခြင်းနှင့် ကယ်ဆယ်ရေးထောက်ပံ့ကူညီပေးရေးအဖွဲ့ (မွန်ပြည်နယ်)]
(ပေါင်းစည်းအားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ မော်လမြိုင်)
100.Sittaung Melody Social Network (စစ်တောင်းသံစဉ်လူမှုကွန်ယက်)
101.Southern Shan State Women Network (ရှမ်း / တောင် အမျိုးသမီးကွန်ရက်)
102.Southern Shan State Youth Network (ရှမ်းပြည်နယ်တောင်ပိုင်းလူငယ်ကွန်ယက်)
103.Southern Youth
104.Summer Shelter (Shan State)
105.Takapaw
106.Tanintharyi Friend
107.Thang Tlang Civil Society Network (TCSN)
108.The HELP (မန္တလေး ရပ်ရွာအခြေုပု လိင်တူချစ်သူများ အဖွဲ့စည်း)
109.The Kachin Relief Fund
110.The PLAN: Public Legal Aid Network (လူထုအခြေပြု ဥပဒေကူညီမှုကွန်ရက်)
111.The Seagull: Human Rights, Peace & Development
112.Thuriya Sandra Environmental Watch Group
113.Upper Chindwin Youth Network
114.Wan-Lark Foundation (Arakan)
115.Wimutti Volunteer Group (WVG)
116.Women Enpowerment Programme (WEP)
117.Wunpawng Ninghtoi
118.Yangon Kachin Baptist Youth
119.Yone Kyi Yar Knowledge Propagation Society
120.Young Kachin Writers’ Club
121.YWCA (Taunggyi)
122.စေတုတ္တရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့။
123. Harvard Law School International Human Rights Clinic
124. Physicians for Human Rights
125. Burma Campaign UK
126. COMREG – Community Response Group
127. Democracy for Ethnic Minorities organization (Shan State)
128. Khun Tan New Youth Network – (Thathon) ခွန်တန်နွယ်လူငယ်ကွန်ယက် (သထုံ)
129. Paoh Youth Organization – PYO (Shan State)
130. Paungku
သဘောထားထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင်ရယူနိုင်သည်။