Statement 225 Views

နှစ် (၆၀) ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သောဂုဏ်ပြုသဝဏ်လွှ

January 12th, 2023  •  Author:   National Unity Government (Ministry of Defence)  •  1 minute read
Featured image

နှစ် (၆၀) ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့သို့

ပေးပို့သောဂုဏ်ပြုသဝဏ်လွှာ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်

 

၁။​ ယနေ့ ကျရောက်သော နှစ် (၆၀) ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့ နေ့ထူးနေ့မြတ်တွင် တအောင်းအမျိုးသား ပြည်သူတရပ်လုံး စိတ္တသုခ၊ကာယသုခနှစ်ဖြာ ပြည့်စုံကြပါစေဟု ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

၂။​ ၁၉၆၃ ခုနှစ်မှစတင်၍ တအောင်းအမျိုးသားပြည်သူများသည် အာဏာရှင်အဆက်ဆက်ကို ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်ခဲ့ကြသည်။

၃။​ နှစ်ပေါင်း (၆၀) တော်လှန်ရေးခရီးအတွင်း အသက်၊သွေး၊ချွေး၊စည်းစိမ်များစွာ ရင်းနှီးပေးဆပ် စွန့်လွှတ်တိုက်ပွဲဝင်ခဲ့သော တအောင်းအမျိုးသား သူရဲကောင်းအာဇာနည်များနှင့်တကွ တအောင်း ပြည်သူများအားလုံးကို လေးနက်စွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၄။​ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်မှ မတရားအာဏာသိမ်းယူမှု နောက်ပိုင်း တွင်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)သည် ပြည်သူလူထုတရပ်လုံး၏ ဘုံရန်သူဖြစ်သော စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းနိုင်ရန် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီစွာလက်တွဲလျက် ခုခံတွန်းလှန် လျက်ရှိသည်။

၅။​ ယနေ့အချိန်အခါတွင် တအောင်းအမျိုးသားများနှင့်တကွ ပြည်သူတရပ်လုံး၏ မျှော်မှန်း တောင့်တချက်ဖြစ်သော စစ်အာဏာရှင်စနစ်အား အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူများနှင့် အတူတကွ စုစည်းညီညွတ်စွာဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက် အောင်မြင်ပြည့်ဝနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာအား ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။

​​​​​

​​​​​​​​​ကာကွယ်ရေးဝန်ကြီးဌာန

​အမျိုးသားညီညွတ်ရေးအစိုးရ


Download PDF

View the original