ချင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ

December 8th, 2022  •  Author:   Progressive Voice  •  1 minute read
Featured image

လူ့အခွင့်အရေးကို ဘက်‌ပေါင်းစုံကနေ ဘယ်လောက်ပဲချိုးဖောက်ခံနေရပါစေ ကြောက်ရွံ့မသွားဘဲ တော်လှန်‌နေတဲ့သူတွေရဲ့ အခက်အခဲတွေကို ကူညီပေးရခြင်းဟာ ကျွန်မအတွက် ဘယ်လောက်ပဲအန္တရာယ်များပါစေ စွန့်စားလုပ်‌ဆောင်ရတဲ့အတွက် ထိုက်တန်ပြီး ဂုဏ်ယူရပါတယ်

ကျွန်မကတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချင်းအမျိုးသမီးတဦးဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူငယ့်အရေးတွေမှာ ၃ နှစ်ခန့် ပါဝင်လှုပ်ရှားပြီးနောက် မြန်မာနိုင်ငံမှာ အာဏာသိမ်းဖို့ကြိုးပမ်းမှုပြီးတဲ့အချိန်ကနေစပြီးတော့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အကူအညီလိုအပ်နေ‌သော ပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေကို တတ်နိုင်သမျှ အကူအညီတွေရှာပြီး ထောက်ပံ့ကူညီပေးနေပါတယ်။ ဒီလို ကူညီတဲ့အတွက်ကြောင့်လည်း စစ်အုပ်စုမှ ဖမ်းစီးရန် ရှာဖွေခြင်းခံခဲ့ရပြီး မိမိအိမ်မှာ မလုံခြုံတဲ့အတွက် တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေရပါတယ်။ ဒီလိုရှောင်တိမ်းနေရပေမယ့်လည်း ထောက်ပံ့ကူညီမှုတွေကို မရပ်ဘဲဆက်လက်လုပ်ဆောင်တဲ့အခါ အတူလုပ်တဲ့ မိတ်ဆွေတွေ အဖမ်းခံရတာမျိုး ကြုံတွေ့ရပါတယ်။ ဒီလိုကြုံတွေ့တဲ့အခါမျိုးဆိုရင် ကိုယ့်ကိုလာဖမ်းတော့မလား ဆိုတဲ့ စိတ်နဲ့ မလုံခြုံခဲ့ပါဘူး။ ဒီလိုနဲ့ နောက်လုံခြုံမယ့်နေရာအမြန်ရှာပြီးပြေးရပြန်ပါတယ်။ ဒီလိုရှောင်တိမ်းနေရပြီး စီးပွား‌ရေးလည်း လုပ်လို့မရတဲ့အတွက် စားဝတ်နေရေးကစ အလွန်ခက်ခဲပါတယ်။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်ရခြင်းဟာ ယခုမြန်မာနိုင်ငံရဲ့ အခြေအနေအရ ကျွန်မနဲ့ ကျွန်မမိသားစုအတွက် အသက်နဲ့ အမျှ အလွန်အန္တရာယ်များတာကို သိပါတယ်။ သို့ပေမယ့် လူ့အခွင့်အရေးကို ဘက်‌ပေါင်းစုံကနေ ဘယ်လောက်ပဲ ချိုးဖောက်ခံနေရပါစေ ကြောက်ရွံ့မသွားဘဲ တော်လှန်‌နေတဲ့သူတွေရဲ့ အခက်အခဲတွေကို ကူညီပေးရခြင်းဟာ ကျွန်မအတွက် ဘယ်လောက်ပဲ အန္တရာယ်များပါစေ စွန့်စားလုပ်‌ဆောင်ရတဲ့အတွက် ထိုက်တန်ပြီး ဂုဏ်ယူရပါတယ်။ လူအခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက် အဆင်ပြေနေတဲ့ မိမိအလုပ်ကိုစွန့်ခဲ့ကြ‌သော CDM ဝန်ထမ်းတွေနဲ့ အသက်ပေးသွားကြတဲ့ အာဇာနည်တွေကိုလည်း အလွန်လေးစားပါတယ်။ သူတို့ရဲ့ပေးဆပ်မှုတွေကို အလဟသမဖြစ်စေဖို့၊ ဆုံးရှုံးနေရတဲ့ လူ့အခွင့်အရေးတွေရရှိဖို့အတွက်
တော်လှန်ရေးအောင်မြင်တဲ့အချိန်ထိ ကြုံတွေရမယ့် လုံခြုံရေး၊ စားဝတ်နေရေးကအစ အခက်အခဲတိုင်းကို ရင်ဆိုင်ရင်း တက်နိုင်သမျှ ဆက်လက်ပါဝင် လုပ်ဆောင်သွားပါမယ်။

– ချင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ