Statement 392 Views

မြန်မာနိုင်ငံသို့ ODA များ ရပ်ဆိုင်းရန် ဂျပန်အစိုးရထံ တောင်းဆိုသော ထုတ်ပြန်ကြေညာချက်

December 5th, 2022  •  Author:   59 Civil Society Organizations  •  5 minute read
Featured image

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်

H.E. Fumio Kishida၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်

H.E. Yoshimasa Hayashi၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး

 

မြန်မာနိုင်ငံသို့ ODA များ ရပ်ဆိုင်းရန် ဂျပန်အစိုးရထံ တောင်းဆိုသော ထုတ်ပြန်ကြေညာချက်

 

ayus: Network of Buddhists Volunteers on International Cooperation

Friends of the Earth Japan

Japan International Volunteer Center (JVC)

Network Against Japan Arms Trade (NAJAT)

Mekong Watch

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ စစ်အုပ်စုနှင့် ၎င်း၏လက်အောက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျူးလွန်သော မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အဓမ္မလက်စတုံးဖျောက်ဖျက်မှုနှင့် ညှဥ်းပန်းနှိပ်စက်မှုများအကြောင်းကို အစီရင်ခံဖော်ပြမှု ပေါင်းများစွာ ရှိလာခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့အထိ စာရင်းအရ မြန်မာစစ်အုပ်စုမှ သတ်ဖြတ် ခဲ့သူ အနည်းဆုံး ၂,၅၁၉ ဦးအထိ ရှိလာပြီ ဖြစ်သည်။[1] ၎င်းတို့အနက် ၁၉၁ ဦး ထက်မနည်းမှာ ကလေးသူငယ် များဖြစ်သည်။[2] ထို့အပြင် မြန်မာစစ်တပ်၏ အာဏာသိမ်းရန်ကြိုးပမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများအနက် တရားမဝင်စစ်အုပ်စု၏ တရားလက်လွတ်ဖမ်းဆီးခံရသူ သို့မဟုတ် ဖမ်းဝရမ်း ထုတ်ခံထားရသူ ၁၆,၂၇၅ ဦး ရှိ သည်။[3] နိုင်ဝင်ဘာလ ၁ ရက်နေ့အထိ ခန့်မှန်းခြေ စာရင်းအရ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ပြည်တွင်းနေ အိုးအိမ် စွန့်ခွာထွက်ပြေးနေရသည့် ပြည်သူပေါင်း ၁.၄၄ သန်းရှိပြီး ၎င်းတို့အနက် ၁ သန်းဝန်းကျင်မှာ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူများ ဖြစ်ကြသည်။[4]

၂၀၂၀ ပြည့်နှစ်အထိ ဂျပန်အစိုးရသည် မြန်မာနိုင်ငံအတွက် အကူအညီထောက်ပံ့ငွေအဖြစ် ဂျပန် ယန်းငွေ ၃၅၆.၅၁ ဘီလျံခန့် ထောက်ပံ့ခဲ့သကဲ့သို့ (ချေးငွေသဘောတူစာချုပ်များပါ ကိန်းဂဏန်းများအရ) ချေးငွေအဖြစ် ဂျပန်ယန်းငွေ ၁၀၉.၉၄ ဘီလျံချေးရန် ကတိပြုထားသည်။[5] အာဏာသိမ်းရန် ကြိုးပမ်းမှုနောက် ပိုင်း အဆိုပါ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (ODA) များအပေါ် ဂျပန်၏ မူဝါဒနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့၌ နိုင်ငံခြားရေးဝန်ကြီး မွန်တဲဂီက “…..အခြေအနေက ဒီအတိုင်းသာ ဆက်ဖြစ်နေဦး မယ်ဆိုရင် ODA ကို ကျနော်တို့ ပြန်သုံးသပ်ဖို့ ဝတ္တရားရှိပြီး ကုမ္ပဏီတွေဟာလည်း ရင်းနှီးမြှုပ်နှံချင်နေရင် တောင် လုပ်လို့ရတော့မှာ မဟုတ်ပါဘူး” ဟူ၍လည်းကောင်း၊ “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို ပုံစံအမျိုးမျိုးနဲ့ ထောက်ပံ့နေတဲ့ နိုင်ငံတစ်ခုအဖြစ်ရော မိတ်ဆွေအနေနဲ့ရော ဂျပန်နိုင်ငံဟာ ဒီအချက်တွေကို  မြန်မာနိုင်ငံကို ရှင်းရှင်းလင်းလင်း အသိပေးရမယ်လို့ ယုံကြည်သလို အမှန်တကယ်လည်း လုပ်ခဲ့ပြီး ဖြစ်ပါ တယ်”ဟု ပြောကြားခဲ့သည်။ သို့သော် ထိုအချိန်ကတည်းကပင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအကျပ် အတည်း တဖြည်းဖြည်း ဆိုးရွားလာနေသော်ငြား နိုင်ငံခြားရေးဝန်ကြီးဌာနသည် တစ်နှစ်ခွဲကျော်ကာလ အတွင်း ဂျပန်ဥပဒေပြုရေးမဏ္ဍိုင်အတွင်းမှ မေးခွန်းများနှင့် နိုင်ငံသားများ၏ မေးမြန်းမှုများကို တုံ့ပြန်ရာတွင် “ဂျပန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ လုပ်ဆောင်သည့် အားထုတ်မှု အခြေအနေများကို ကြည့်ရှုပြီး မည် သည့်အစီအမံများက ထိရောက်သည်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်သွားမည်” ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုခြင်းသာရှိခဲ့ပြီး[6] ခိုင်မာသော မည်သည့်လုပ်ဆောင်ချက် အစီအမံကိုမျှ ယနေ့ချိန်ထိ လုပ်ဆောင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံသို့ ကူညီသော ဂျပန် ODA ၏ ကြီးမားသည့် အစိတ်အပိုင်းသည် ချေးငွေအကူအညီ (ယန်း ချေးငွေ)ဖြစ်ပြီး ၎င်းကို အထူးစီးပွားရေးဇုန်တစ်ခုနှင့် ၎င်းနှင့်ဆက်စပ်သည့် အခြေခံအဆောက်အအုံများ၊ လမ်းဆောက်လုပ်ရေးလုပ်ငန်းများ၊ နှင့် ရထားလမ်းများပြုပြင်ရေး တို့အတွက်သုံးစွဲခြင်းအပြင် ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေး ကဏ္ဍများအတွက် အကူအညီထောက်ပံ့ငွေနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီ များပေးခြင်းနှင့်အတူ NGO များမှတစ်ဆင့် အကူအညီများ ပေးပို့ခြင်းတို့အတွက် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အုပ်စုက ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်ထားသော ကုမ္ပဏီများသည် စီးပွားရေးလုပ်ငန်းများစွာ လုပ် ကိုင်လည်ပတ်နေကြပြီး ထိုလုပ်ငန်းများမှရသော အမြတ်အစွန်းများသည် စစ်အုပ်စုအတွက် ရန်ပုံငွေဖြစ်နေ ကာ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို အထောက်အပံ့ပေးနေကြောင်းကို ကုလသမဂ္ဂမှ တာဝန်အပ် နှင်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာစုံစမ်းစစ်ဆေးရေးမစ်ရှင် (IIFFMM) က ရှင်းရှင်း လင်းလင်း ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။[7] ယင်းကဲ့သို့သော တွေ့ရှိချက်များကို သုံးသပ်သည့်အနေဖြင့် အရပ် ဘက်လူထုအဖွဲ့အစည်းများက စစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းသည့် အချိန်ကတည်းက ODA စီမံကိန်း များသည် စစ်အုပ်စုအား ငွေကြေးအထောက်အပံ့ဖြစ်စေခြင်း ရှိ၊ မရှိကို စစ်ဆေးပေးပါရန်နှင့် ယင်းကဲ့သို့ သော စစ်ဆေးမှုမှ တွေ့ရှိသည့်ရလဒ်ကို ထုတ်ပြန်ပေးပါရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျပန် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ကို တစ်စိုက်မတ်မတ် တိုက်တွန်းလာခဲ့သည်။ ယခုအချိန် တွင် ဂျပန်ယန်းချေးငွေဖြင့် ဆောက်လုပ်သော ပဲခူးတံတားဆောက်လုပ်ရေး လုပ်ငန်းတွင်  မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလီမိတက် (MEC) နှင့်ဆက်စပ်နေသော ကုမ္ပဏီတစ်ခုက တံတားအတွက် ကုန်ကြမ်းပစ္စည်း များကို ထောက်ပံ့ပေးနေကြောင်းကို ဒေသခံအဖွဲ့အစည်းတစ်ခုက တိုင်ကြားထားသည့် စာတစ်စောင်တွင် ထုတ်ဖော်ရေးသားထားသည်။[8] MEC သည် အထက်တွင်ဖော်ပြခဲ့သည့် စုံစမ်းစစ်ဆေးရေးမစ်ရှင်မှ နိုင်ငံ တကာ အသိုင်းအဝိုင်းကို စီးပွားရေးအရ ပတ်သက်မှုမပြုလုပ်ရန် သို့မဟုတ် ပတ်သက်နေပါက ဆက်လက် မလုပ်ဆောင်ရန် အကြံပြုတိုက်တွန်းထားသော စစ်တပ်၏ လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။ သို့ရာတွင် နိုင်ငံ ခြားရေးဝန်ကြီးဌာနရော JICA ကပါ ODA စီမံကိန်းများနှင့် စစ်တပ်ဆက်နွှယ်နေသော လုပ်ငန်းများအကြား ပတ်သက်မှုကို လူသိရှင်ကြား ရှင်းလင်းပြောကြားခြင်း မရှိသေးပေ။ ဂျပန်အစိုးရသည် ရှင်းပြခြင်း တစ်စုံ တစ်ရာမရှိဘဲ ODA စီမံကိန်းများကို ဆက်လက်လုပ်ဆောင်နေသည့်အတွက် ODA ရန်ပုံငွေ စီးဆင်းမှုများ ကြောင့် စစ်အုပ်စု မည်သို့အကျိုးဖြစ်ထွန်းနေသည့် အကြောင်းရင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ဂျပန် နိုင်ငံနေ မြန်မာပြည်သူများနှင့် ဂျပန်အရပ်ဘက်လူထုအဖွဲ့အစည်းများက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့ တွင် ဆန္ဒပြပွဲများ စီစဥ်ပြုလုပ်ကာ ထုတ်ဖော်လာခဲ့ကြသည်။

ODA စီမံကိန်းများသည် စစ်အုပ်စုနှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှု မရှိသည့်တိုင် လမ်းမကြီး များကဲ့သို့ ODA ငွေဖြင့် တည်ဆောက်သည့် အခြေခံအဆောက်အအုံများကို မြန်မာစစ်တပ်၏ စစ်ဆင်ရေး များတွင် အသုံးပြုနေသည်။ အရှေ့-အနောက်စီးပွားရေးစင်္ကြန်ရှိ ပဋိပက္ခဒေသတစ်ခုတွင် ဖော်ဆောင်နေသည့် တံတားဆောက်လုပ်ရေးတစ်ခုကို ဆိုင်းငံ့ပေးရန် Karen Peace Support Network ကလည်း တောင်းဆို ထားသည်။[9] ထို့အပြင် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် သဘောတူလက်မှတ် ရေးထိုးခဲ့သော သန်း ၅၀၀ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးအစီအစဥ်အောက်မှ ထောက်ပံ့ထားသော သင်္ဘော သုံးစင်းအနက် နှစ်စင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ၌ ရခိုင်ပြည်နယ်အတွင်း စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုခဲ့သည်ဟု Human Rights Watch က ထောက်ပြထားသည်။[10] လူနည်းစုတိုင်းရင်းသားဒေသများရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံသားများအပေါ် ဖြိုခွင်းဖိနှိပ်မှုများ ဆက်လက်ရှိနေသမျှကာလတစ် လျှောက် ယန်းချေးငွေဖြင့် အကောင်အထည်ဖော်နေသည့် အဆိုပါ စီမံကိန်းများကဲ့သို့ ဧရာမအခြေခံ အဆောက်အအုံစီမံကိန်းများ၏ အကျိုးသက်ရောက်မှုသည် ကုမ္ပဏီအနည်းငယ်ထက်ကျော်လွန်မည် မဟုတ် သကဲ့သို့ ယင်းကဲ့သို့သော စီမံကိန်းများက မြန်မာပြည်သူအားလုံး၏ လူနေမှုအဆင့်အတန်းများ တိုးတက်စေ ရေးအပေါ် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနိုင်ခြေမှာ နည်းပါးလှသည်။ ထိုအခြေအနေကြောင့် လက်ရှိ ဖြစ်ပွားနေသော အခင်းအကျင်းတွင် မြန်မာနိုင်ငံ တွင်းရှိ အခြေခံအဆောက်အအုံ စီမံကိန်းများ၌ ဂျပန်ပြည်သူ့ ဘဏ္ဍာငွေများကို ရင်းနှီးမြှုပ်နှံရန် ဆိုသည်မှာ အဓိပ္ပာယ်မရှိပေ။

၂၀၂၁ ခုနှစ် ဧပြီလအထိ ချေးငွေသဘောတူညီချက်ပါ ကိန်းဂဏန်းများအရ ODA စီမံကိန်း ၃၄ ကို အကောင်အထည်ဖော်နေပြီး စုစုပေါင်း ဂျပန်ယန်းငွေ ၃၉.၆ ဘီလျံရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဥပဒေမဏ္ဍိုင် (လွှတ်တော်တွင်) ထုတ်ပြန်ကြေညာခဲ့သည်။[11] ယင်းကို NGO များနှင့် တွေ့ဆုံသည့် အစည်း အဝေးတစ်ခုတွင်လည်း အတည်ပြုခဲ့သည်။ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းတွင် ငွေကြေးမြောက်များ စွာတန်ဖိုးရှိသည့် စီမံကိန်းများစွာကို ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် ဂျပန်အစိုးရသည် စစ်အုပ်စုထံ သွယ်ဝိုက်၍ အထောက်အပံ့များပေးနေသည့်အပေါ် မြန်မာနိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုကို မိမိတို့မှ မျှဝေ လိုသည်။[12]

အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်မှာ တစ်နှစ်နှင့် ၁၀ လ ကြာမြင့်ပြီဖြစ်သော်လည်း မြန်မာစစ်တပ် သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှုများမြောက်သည့် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်သည်။ ဂျပန်အနေဖြင့် စစ်အုပ်စု အကျိုး ဖြစ်ထွန်းစေရန် ODA များ ထောက်ပံ့ပေးခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကြံရာပါဖြစ်နေ မည်ကို မိမိတို့မှ အလေးအနက် စိုးရိမ်ပူပန်မိသည်။ ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်တပ်၏ထိန်းချုပ်မှု အောက်တွင် အကောင်အထည်ဖော်နေဆဲဖြစ်သည့် ချေးငွေအကူအညီအားလုံးကို ဆိုင်းငံ့ရန်နှင့် မြန်မာ ပြည်သူများ၏ စိတ်ဆန္ဒကို ထိထိရောက်ရောက် ကူညီနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (ERO) များနှင့် ဒေသခံ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း များ၏ အသံကို နားထောင်ရန် မိမိတို့မှ အခိုင်အမာ တိုက်တွန်းတောင်းဆိုသည်။

 

ဤစာကို အောက်ပါအဖွဲ့အစည်းများက လက်မှတ်ရေးထိုးထောက်ခံသည်

 

1          Action Committee for Democracy Development (Coalition of 14 grassroots networks)       Myanmar

2          Asia-Pacific Human Rights Information Center         Japan

3          Asian Community Center 21   Japan

4          Asian Health Institute Japan

5          Association of Human Rights Defenders and Promoters      Myanmar

6          Burma Campaign UK  United Kingdom

7          Burmese Relief Center Japan Japan

8          Burmese Women’s Union       Myanmar

9          Campaign for a New Myanmar          USA

10        Earth Tree       Japan

11        Equality Myanmar      Myanmar

12        ETOs Watch Coalition Thailand

13        Family Based Learning Network of Farmers for Agrarian Reform (FALFAR)  Myanmar

14        Federation of Workers’ Union of the Burmese Citizen in Japan (FWUBC)     Japan

15        Friends Against Dictatorship (FAD)    Thailand

16        Future Light Center     Myanmar

17        Future Thanlwin          Myanmar

18        Gen-Z Myanmar Support Team         Myanmar

19        Generation Wave       Myanmar

20        Grass-root People       Myanmar

21        Human Rights Foundation of Monland         Myanmar

22        India For Myanmar     Myanmar

23        International Campaign for the Rohingya      USA

24        Japan Center for a Sustainable Environment and Society (JACSES)  Japan

25        Japan Tropical Forest Action Network (JATAN)         Japan

26        Kachin Women’s Association Thailand          Myanmar

27        Karen Human Rights Group   Myanmar

28        Karen Peace Support Network           Myanmar

29        Karen Women’s Organization Myanmar

30        Karenni National Women’s Organization      Myanmar

31        Keng Tun Youth         Myanmar

32        Let’s Help Each Other Myanmar

33        Metta Campaign Mandalay    Myanmar

34        Myanmar News Now!! Japan

35        Myanmar People Alliance (Shan State)          Myanmar

36        Network for Human Rights Documentation Burma (ND-Burma)      Myanmar

37        Network for Indonesian Democracy (NINDJA)          Japan

38        No Business With Genocide   USA

39        Non-for profit Organization Music Dream Creation  Japan

40        Nyan Lynn Thit Analytica       Myanmar

41        Pacific Asia Resoure Center    Japan

42        Progressive Voice       Myanmar

43        Project SEVANA South-East Asia       Thailand

44        Save and Care Organization for Ethnic Women at Border Areas      Myanmar

45        Second Tap Root        Myanmar

46        Shan MATA    Myanmar

47        SHARE(Services for the Health in Asian & African Regions)  Japan

48        Sinapis Japan

49        Sisters 2 Sisters           Myanmar

50        Southern Youth Development Organization Myanmar

51        Spirit in Education Movement (SEM) Thailand

52        Ta’ang Legal Aid         Myanmar

53        Tanintharyi MATA      Myanmar

54        The Free Burma Campaign (South Africa) (FBC(SA))  Myanmar

55        The Mekong Butterfly Thailand

56        Thint Myat Lo Thu Myar Organization           Myanmar

57        U.S. Campaign for Burma       United States

58        WE21 Japan    Japan

59        Women’s Democratic Club, Femin     Japan

 

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

Mekong Watch

3F Aoki Bldg., Taito 1-12-11, Taito-ku, Tokyo 110-0016 Japan

Phone: +81-3-3832-5034

E-mail: [email protected]

 

Reference:

[1] Assistance Association for Political Prisoners, “Daily Briefing in Relation to the Military Coup” (November 25, 2022): https://aappb.org/?p=23538

[2] Progressive Voice, “Military Junta: Threat to Myanmar Children’s Life and Future” (Weekly Highlights September 12-18, 2022): https://progressivevoicemyanmar.org/2022/09/26/military-junta-threat-to-myanmar-childrens-life-and-future/

[3] Supra note 1

[4] UNHCR, “MYANMAR EMERGENCY UPDATE as of 1 November 2022” https://reliefweb.int/report/myanmar/myanmar-emergency-update-1-november-2022

[5] ODA data by country (2021), Ministry of Foreign Affairs: https://www.mofa.go.jp/mofaj/gaiko/oda/files/100384974.pdf#page=30

[6] Answer by HARA Keiichi, Deputy Assistant Minister of the Ministry of Foreign Affairs, to a question from SUZUKI Takako of the Liberal Democratic Party at a meeting of the Foreign Affairs Committee of the House of Representatives (April 14, 2021);

Answer by the Ministry of Foreign Affairs at a meeting of the Parliamentary Group Supporting Democratization in Myanmar and the Parliamentary Group Promoting “Human Rights Diplomacy” on Japan’s ODA and OOF programs and economic activities in Myanmar (February 1, 2022);

Answer by HAYASHI Yoshimasa, Minister for Foreign Affairs, to a question from INOUE Satoshi of the Japanese Communist Party at a meeting of the Committee on Foreign Affairs and Defense of the House of Councillors (March 16, 2022);

Answer by MIBAE Taisuke, Deputy Assistant Minister of the Ministry of Foreign Affairs, to a question from TOKUNAGA Hisashi of the Constitutional Democratic Party of Japan at a meeting of the Committee on National Security of the House of Representatives (April 26, 2022);

Answer by Mr. Kurimoto, Director of the Country Assistance Planning Division I, International Cooperation Bureau, Ministry of Foreign Affairs, to a question from Mekong Watch at the ODA Policy Council meeting held on July 20, 2022 as part of the NGO-Ministry of Foreign Affairs Regular Consultation Meetings.

[7] Fact-finding Mission on Myanmar, Economic interests of the Myanmar military (September 16, 2019) https://www.ohchr.org/EN/HRBodies/HRC/MyanmarFFM/Pages/EconomicInterestsMyanmarMilitary.aspx

[8] Myanmar Now, “Japan must abandon project with military-owned company to build bridge in Yangon, say engineers” (March 26, 2021): https://www.myanmar-now.org/en/news/japan-must-abandon-project-with-military-owned-company-to-build-bridge-in-yangon-say-engineers

[9] Karen Peace Support Network, SAC Regime Unleashes War Across the Southern Dawna Range (July 19, 2022): https://progressivevoicemyanmar.org/2022/07/19/sac-regime-unleashes-war-across-the-southern-dawna-range/

[10] Human Rights Watch, “Myanmar: Military Used Japan-Funded Ships Tokyo Should Immediately Suspend Non-Humanitarian Aid to Junta” (October 10, 2022): https://www.hrw.org/news/2022/10/11/myanmar-military-used-japan-funded-ships

[11] Answer by UENO Atsushi, Director-General for International Cooperation of the Ministry of Foreign Affairs, to a question from INOUE Satoshi of the Japanese Communist Party at a meeting of the Committee on Foreign Affairs and Defense of the House of Councillors (April 15, 2021).

[12] Progressive Voice, “Japan and Junta Make Dangerous Bedfellows”( Weekly Highlights July 11-17, 2022): https://progressivevoicemyanmar.org/2022/07/26/japan-and-junta-make-dangerous-bedfellows/


PDF ရယူရန် : Japanese | Burmese | English