Interview – အာဏာသိမ်းအကြမ်းဖက်အုပ်စုကို အစိုးရလို သဘောထားပြီး သွားဆက်ဆံတာကိုက အာဆီယံ အမှားပါပဲ

November 1st, 2022  •  Author:   Burma News Network  •  1 minute read
Featured image

(၁-၁၁-၂၀၂၂)

အာဆီယံမူ ၅ ချက် အလုပ်မဖြစ်ရခြင်းဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို အစိုးရတရပ်လို သွားဆက်ဆံမိရာကနေ စမှားတာဖြစ်တယ်။ တကယ်ဆို ပြည်သူက ရွေးချယ်ထားတဲ့ NUG အစိုးရနဲ့ EAO ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဆောင်ရွက်သင့်တယ်လို့ အာဆီယံအရေး ပါဝင်ဆောင်ရွက်နေသူ (Progressive Voice) ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

မကြာခင် ကျင်းပတော့မယ့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ အာဆီယံမူ ၅ ချက် အပါအဝင် အာဆီယံ ဆုံးဖြတ်ချက်တွေကို လိုက်နာမှာမဟုတ်ဘူးလို့ စစ်ကောင်စီဖက်က ထုတ်ပြောလာတာနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားသွားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ …

  • ဂျကာတာမှာ ကျင်းပမယ့် အာဆီယံ အရပ်ဖက်အဖွဲ့များ အစည်းအဝေးက ဘာတွေ ဆွေးနွေးမှာလဲ …
  • နိုဝင်ဘာ ၁၀ ရက် ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အရင် မူ ၅ ချက်အတိုင်းပဲ ဆက်သွားမှာလား …
  • မူ ၅ ချက်ကို လက်မခံနိုင်ဘူးလို့ စကစ ဘက်က ပြောလာတဲ့အတွက် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ …
  • အလုပ်မဖြစ်တဲ့ မူ ၅ ချက်ကို အာဆီယံအပြင် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကပါ ထောက်ခံနေတာက ဘာသဘောလဲ …

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အာဆီယံထိပ်သီး နောက်ပိုင်း အမေရိကန်သမ္မတပါဝင်တဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာ့အရေး ထူးခြားချက်ရှိလာနိုင်သလား စတဲ့ ဆွေးနွေးချက်တွေ ပါဝင်တဲ့ ဒုတိယပိုင်းကို မနက်ဖြန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)


Original post.