Report 411 Views

Myanmar’s internet freedom declines to one of world’s worst – မြန်မာနိုင်ငံ၏ အင်တာနက်ပေါ်ရှိလွတ်လပ်ခွင့် အခြေအနေသည် ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံများမှ တစ်နိုင်ငံအဖြစ်သို့ ကျဆင်းလာခဲ့

October 18th, 2022  •  Author:   Freedom House , Free Expression Myanmar  •  2 minute read
Featured image

Myanmar’s internet freedom has drastically declined for the second year in a row, and the country is now one the world’s worst with digital rights violations similar to neighbouring China.

The global 2022 Freedom of the Net Report compares internet freedom across different countries using dozens of indicators. The Myanmar section of the report, written by FEM, highlights the country’s ongoing decline from a score of 17 out of 100 in 2021 to 12 out of 100 in 2022. Myanmar’s score is now one of the worst in the world.

Myanmar was given a very low comparative score of just 2 out of 25 for the category “access to the internet”, a decline from 4 in 2021. This decline was due to the military ordering more widespread internet shutdowns, large mobile data price increases, and new SIM card taxes, which sharply harmed the affordability of internet access—especially for poor people already disadvantaged by the declining economy.

Myanmar was also given a very low score of 6 out of 35 for the category “content limitations”, a decline from 7 in 2021. This decline was due to intensified military repression of online organising and digital activism, which also led to more self-censorship.

Myanmar was also given another extremely low score of 4 out of 40 for the category “user rights violations”, a decline from 6 in 2021. This decline was due to an increase in people imprisoned for their online activities, an increase in punitive sentences handed down by military courts, including the death penalty, an increase in surveillance, and further criminalisation of VPNs and internet use.

Myanmar is worse than China under some indicators, for example, internet shutdowns and imprisonment of digital users, but has not yet developed the advanced technology used by the Chinese government to block, censor, and harass.

မြန်မာ့အင်တာနက်လွတ်လပ်ခွင့်သည် ဆက်တိုက်ကျဆင်းလာနေခဲ့ပြီး၊ ယခု ၂၀၂၂ ခုနှစ်သည် ယင်းသို့ ကျဆင်းဆုတ်ယုတ်လာသည့် ဒုတိယနှစ် ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် ၄င်း၏ အိမ်နီးချင်းတရုတ်နိုင်ငံ နည်းတူစွာ ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်မှုများတွင် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့သည်။

၂၀၂၂ ခုနှစ် ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာသည် ဒါဇင်သော အညွှန်းကိန်းများကို အသုံးပြု၍ ကမ္ဘာ့နိုင်ငံများကို နှိုင်းယှဥ်လေ့လာထားသည်။ FEM မှ ပြုစုရေးသားသော မြန်မာနိုင်ငံရှိအင်တာနက်လွတ်လပ်ခွင့်ကဏ္ဍသည် စုစုပေါင်း ရမှတ် ၁၀၀ အနက် အာဏာသိမ်းပြီး ပထမနှစ် ၂၀၂၁ခုနှစ်တွင် ရရှိသည့် ရမှတ် ၁၇ မှတ် ကာလမှနေ၍ ဆက်တိုက်ကျဆင်းလာသည့် ၂၀၂၂ ခုနှစ် ရမှတ် ၁၂ မှတ်အထိ အခြေအနေများကို မီးမောင်းထိုးဖော်ပြထားသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံ၏ အင်တာနက်ပေါ်ရှိလွတ်လပ်ခွင့် ရမှတ်အခြေအနေသည် ကမ္ဘာ့အဆိုးရွားဆုံး ကျဆင်းမှုများထဲမှ တစ်ခုဖြစ်လာသည်။

မြန်မာနိုင်ငံသည် “အင်တာနက်လက်လှမ်းမှီသုံးစွဲနိုင်မှု” ကဏ္ဍတွင် စုစုပေါင်းရမှတ် ၂၅ မှတ်နှင့် နှိုင်းယှဥ်လျှင် အလွန်နိမ့်ပါးသော ၂ မှတ်ကိုသာ ရရှိခဲ့ပြီး၊ ယင်းသည်၂၀၂၁ ခုနှစ်တွင် ရရှိသည့် ရမှတ် ၄ အဆင့်မှ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကျဆင်းရသည့် အဓိကအကြောင်းအရင်းများမှာ အာဏာသိမ်း စစ်တပ်မှ နိုင်ငံအနှံ့ကျယ်ပြန့်သည့် အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ရန် အမိန့်ပေးခြင်း၊ အဖိုးအခအားဖြင့် တတ်နိုင်သော အင်တာနက်သုံးစွဲနိုင်မှု (အထူးသဖြင့် ကျဆင်းနေသည့် စီးပွားရေးအခြေအနေကြောင့် ထိခိုက်နစ်နာနေနှင့်ပြီးသော ဆင်းရဲသားများ၏ အင်တာနက်သုံးစွဲနိုင်မှု) ကို ပြင်းပြင်းထန်ထန် ထိခိုက်စေသော မိုဘိုင်းဒေတာခများနှင့် ဆင်းမ်းကဒ်အခွန်အခများ တိုးမြှင့်ကောက်ခံခြင်း စသည်တို့ကြောင့် ဖြစ်သည်။

“အကြောင်းအရာကန့်သတ်မှု” ကဏ္ဍတွင်  မြန်မာနိုင်ငံသည် စုစုပေါင်းရမှတ် ၃၅ မှတ်အနက် ၆ မှတ်ကိုသာ ရရှိခဲ့ပြီး၊ ယင်းသည် ၂၀၂၁ ခုနှစ်တွင် ရရှိခဲ့သော ၇ မှတ်မှ နိမ့်ဆင်းလာခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကျဆင်းရခြင်းမှာ အွန်လိုင်းပေါ်ရှိ စည်းရုံးတော်လှန်ရေးများနှင့် ဒစ်ဂျစ်တယ်တက်ကြွလှုပ်ရှားမှုများကို စစ်တပ်မှ ပိုမိုပြင်းထန်စွာ ဖိနှိပ်လာမှုကြောင့် ဖြစ်သည်။ ထိုဖိနှိပ်မှုများမှတဆင့် မိမိကိုယ်ကိုဆင်ဆာထိန်းချုပ်ခြင်းများကိုလည်း ဦးတည်ဖြစ်ပေါ်စေခဲ့သည်။

“သုံးစွဲသူအခွင့်အရေးချိုးဖောက်ခြင်း” ကဏ္ဍတွင်လည်း  မြန်မာနိုင်ငံသည် စုစုပေါင်း ရမှတ် ၄၀ ရှိသည့်အနက် အလွန်အမင်းနိမ့်သည့် ရမှတ် ၄ မှတ်ကိုသာ ရရှိခဲ့ပြီး၊ ယင်းသည် ၂၀၂၁ ခုနှစ်တွင် ရရှိခဲ့သော ရမှတ် ၆ မှတ်မှ ထပ်မံကျဆင်းလာခြင်း ဖြစ်သည်။ ယင်းသို့ကျဆင်းရခြင်းမှာ အွန်လိုင်းပေါ်ရှိ တက်ကြွလှုပ်ရှားမှုများအတွက် ပြည်သူများအား ဖမ်းဆီးထောင်ချခြင်းများ ပိုမိုမြင့်မားလာခြင်း၊ သေဒဏ်အပါအဝင် စစ်တပ်လက်အောက်ခံ တရားရုံးများမှ ချမှတ်သော အမြင့်ဆုံးပြစ်ဒဏ်စီရင်ချက်များ ပိုမိုများပြားလာခြင်း၊ စဥ်ဆက်မပြတ်စောင့်ကြည့်ထောက်လှမ်းမှုများ တိုးပွားလာခြင်းနှင့် VPN အပါအဝင် အင်တာနက်အသုံးပြုမှုကို ရာဇဝတ်မှုအဖြစ် ပြစ်ဒဏ်များ ပိုမိုချမှတ်အရေးယူလာခြင်းတို့ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကဲ့သို့ အဆင့်မြင့်နည်းပညာအသုံးပြုကာ အင်တာနက်သုံးစွဲသူများကို ပိတ်ဆို့ခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်းနှင့် အနှောင့်အယှက်ပြု ဖိနှိပ်ခြင်းများ မလုပ်နိုင်သေးသော်လည်း ဥပမာ အင်တာနက်ဖြတ်တောက်ခြင်းနှင့် ဒစ်ဂျစ်တယ်သုံးစွဲသူများအား ဖမ်းဆီးထောင်ချခြင်း ကဲ့သို့သော အချို့အညွှန်းကိန်းများတွင် တရုတ်နိုင်ငံထက် ပိုမိုဆိုးရွားနေပါသည်။


Download full report.