လက်ယက်ကုန်းက မိခင်တစ်ဦးရဲ့ သောက (သို့) သမီးလေး ကျောင်းပြန်လာမယ့်အချိန် စောင့်မျှော်နေဆဲ ဒေါ်ညွှန့်

September 28th, 2022  •  Author:   Mandalay Free Press  •  1 minute read
Featured image

By Mandalay Free Press

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာနဲ့ ရွာချင်းကပ်လျှက်ရှိတဲ့ ညောင်ဇီးကုန်းရွာက အသက်ကိုးနှစ်အရွယ် မဇင်နွယ်ဖြိုး ဟာ လက်ယက်ကုန်းရွာ စာသင်ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသူလေး တစ်ဦး ဖြစ်ပါတယ်။

ဒုတိယတန်း ကျောင်းသူလေး မဇင်နွယ်ဖြိုးဟာ ပညာသင်ယူဖို့ စိတ်အား ထက်သန်လွန်းတာကြောင့် စက်ဘီးနဲ့ (၁၀)မိနစ်လောက် သွားရတဲ့ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို နေပူ၊မိုးရွာမရှောင် နေ့စဉ်မပျက် ကျောင်းတက်ပါတယ်။ လက်ယက်ကုန်းရွာ အဖြစ်ဆိုး ကြုံရတဲ့ စက်တင်ဘာ(၁၆)ရက်ကလည်း ကျောင်းသူလေး မဇင်နွယ်ဖြိုးဟာ ပညာသင်ယူနိုင်ဖို့ ကျောင်းသွားခဲ့ရာက ယနေ့အထိ အိမ်ပြန် ရောက်မလာခဲ့ပါဘူး။

စစ်အုပ်စုဟာ လက်ယက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းထဲ စာသင်နေတဲ့ ကျောင်းသား ကလေးငယ်တွေကို စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် သတ်-ဖြတ်ခဲ့ရာမှာ ကျောင်းသားကလေးငယ် ငါးဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။ ကျောင်းသားကလေးငယ်တွေကို သတ်-ဖြတ်ပြီးနောက် စစ်အုပ်စုက အလောင်းတွေကို သယ်ယူသွားသလို ဒဏ်ရာရ ကလေးငယ်တွေကိုလည်း ဖမ်းဆီးသွားတာ ဒီနေ့အထိ ပြန်မလွှတ်သေးပါဘူး။

ကျောင်းသူလေး မဇင်နွယ်ဖြိုးရဲ့ မိခင်ကတော့ တစ်ဦးတည်းသော သမီးလေး ကျောင်းက ပြန်လာလိမ့်ဦးမယ်လို့ မျှော်လင့်ရင်း နေ့စဉ် သမီးလာမယ့်လမ်းကနေ စောင့်မျှော်နေပါတယ်။ သမီးလေး ကျောင်းက ပြန်လာမယ်လို့ မျှော်လင့်နေဆဲ မိခင်တစ်ဦးရဲ့ အကြောင်းကို MFP က တင်ဆက်ထားပါတယ်။


Original post.