စာသင်ကျောင်းပစ်ခတ်ခံရချိန် ကျောင်းထဲမှာရှိနေတဲ့ မျက်မြင်ဆရာမ – ဒေါ်အေးမာဆွေ

September 27th, 2022  •  Author:   People's Spring  •  1 minute read
Featured image
People’s Spring

လက်ယက်ကုန်းရွာ စာသင်ကျောင်း ကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ ဝေဟင်ကနေ ပစ်ခတ်တိုက် ခိုက်မှု ကို ဆရာမဒေါ်အေးမာဆွေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။

အဲဒီနေ့က ကြုံခဲ့ရတဲ့ ကမ္ဘာပျက်မတတ် အဖြစ်အပျက်တွေကို ဆရာမက NUG အစိုးရ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မျက်မြင်သက်သေအဖြစ် စစ်ကောင်စီရဲ့လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြောပြခဲ့ပါတယ်။

ကျောင်းမတက်ခင် ကလေးငယ်တွေ ကျောင်းဆောင်ပြင်ပမှာ ပြေးလွှား ဆော့ကစားနေချိန် စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေ ရောက်လာတာ၊ တနာရီနီးပါးကြာ စာသင်ကျောင်းကို လှည့်ပတ်ပစ်ခတ်တာ၊ စစ်ကောင်စီလက်ချက်နဲ့ ကလေးငယ်တွေ အသက်ဆုံးပါးရတာ၊ ဒဏ်ရာရ ကလေးငယ်တွေကို စစ်ကောင်စီတပ်သားတွေက တိရစ္ဆာန်သာသာ ဆွဲခေါ်ထုတ်တာ၊ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ကလေးငယ်တွေကို ပီနံအိတ်ထဲ ထုတ်ပြီး သယ်ယူသွားတာတွေကို ဆရာမ က သတင်းစာရှင်းလင်းပွဲမှာပြောပြခဲ့ပါတယ်။

လက်ယက်ကုန်း မှာ စစ်ကောင်စီတပ် ဆိုးဆိုးရွားရွား စစ်ရာဇဝတ်မှုတွေကို ဘယ်လိုပုံ ကျုးလွန်ခဲ့တယ်ဆိုတာကို အများပြည်သူ သိရှိရအောင်ဆရာမရဲ့ကိုယ်တွေ့ ကြုံခဲ့ရတာကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။