Press Release 724 Views

Facebook’s plan threatens to censor media and encourage disinformation ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်၏ အစီအစဥ်သည် သတင်းမီဒီယာများကို ဆင် ဆာဖြတ်တောက်ရန် ခြိမ်းခြောက်လျက်ရှိပြီး သတင်းတုများ ပြန့်ပွားခြင်း ကို တွန်းအားပေးလျက်ရှိ

September 21st, 2022  •  Author:   45 Media and Media Rights Organisations  •  5 minute read
Featured image

45 media and media rights organisations urge Facebook not to implement its planned News Feed modification in Myanmar as it threatens to reduce people’s access to reliable news and lead to the spread of disinformation.

In early 2021, Facebook began modifying its algorithms in specific countries reducing the amount of “public affairs content” shown in people’s News Feeds, seemingly in response to complaints of political manipulation spreading out from the USA. Public affairs content may cover a range of important topics from conflict to Covid-19.

We believe that Facebook’s plan to roll out the News Feed modification in Myanmar in the near future would threaten human rights, including access to information, freedom of expression, and media freedom.

Myanmar’s information ecosystem is not similar to the democratic countries in which Facebook tested its modified News Feed. Facebook’s earlier plan to be “the internet” in Myanmar succeeded, and the company’s dominance has only grown since the military forced public life online by banning independent broadcasters, print media, and their websites, and shutting down public squares. People in democratic countries may go to television, radio, newspapers, public squares, and websites for public affairs content, but Myanmar people do not have this choice.

Furthermore, Facebook’s algorithm currently creates each person’s News Feed based on their previous interests. By modifying the algorithm to reduce public affairs content, Facebook is interfering with each person’s interests, and is therefore carrying out a deliberately harmful editorial act at a time when the Myanmar public crave public affairs content. This is a violation of the Myanmar public’s right to information.

Facebook has also revealed that its proposed News Feed modification specifically reduces the “traffic” of “publishers” such as media outlets, which has had a disastrous effect elsewhere. This reduction of “traffic” (number of views) is the digital equivalent of hindering newspaper printing and is therefore an act of censorship. Modifying the algorithm in a manner that knowingly reduces media content in News Feeds is a violation of the right to freedom of expression and media freedom as well as an existential threat to media outlets that rely on Facebook audiences.

Following concern about hate speech, Facebook invested in trying to improve Myanmar’s information ecosystem by advancing digital literacy and countering widespread discrimination, disinformation, and propaganda. Modifying the algorithm to reduce public affairs content from more reliable sources such as the media is likely to lead to the increased spread of unreliable information that inflames ignorance and intolerance, undermining Facebook’s past efforts and the Myanmar people’s right to peace, dignity, and equality.

We urge Facebook to reflect on how its proposed News Feed moderation threatens to severely harm the Myanmar public and the Myanmar media at a time in which they are already facing a grave crisis caused by the military coup. While it may be in the public interest to modify the News Feed in some countries, in others it can be damaging. We urge Facebook not to implement its proposed News Feed modification in Myanmar, and also to conduct proper consultation with civil society and contextual human rights due diligence before making any future universal modifications.

This joint statement has been sent to Meta’s CEO Mark Zuckerberg.

Media and media rights organisation signatories: 

  1. 9/7 Day Media
  2. Athan
  3. Burma News International, including:
  4. Chin World
  5. Development Media Group
  6. Kachin News Group
  7. Kaladan Press Network
  8. Kantarawaddy Times
  9. Karen Information Center
  10. Khonumthung Media Group
  11. Mon News Agency
  12. Mizzima Media
  13. Myitkyina News Journal
  14. Narinjara News
  15. Network Media Group
  16. Shan Herald Agency for News
  17. Than Lwin Times
  18. The Voice of Shanni
  19. Burmese Women’s Union (BWU)
  20. C8 News
  21. Dawei Watch
  22. D Day News
  23. Delta News Agency
  24. Democratic Voice of Burma (DVB)
  25. Free Expression Myanmar (FEM)
  26. Frontier Myanmar
  27. Hakha Post
  28. Kanbawza Tai News
  29. Khit Thit Media
  30. Marnagar – Multimedia News
  31. Mandalay Free Press
  32. Myaelatt Athan – မြေလတ်အသံ
  33. Myanmar Journalist Network (MJN)
  34. Myanmar Now
  35. Myanmar Pressphoto Agency (MPA)
  36. Myanmar Women Journalists Society
  37. News Ambassador – သတင်းတမန်
  38. People’s Spring
  39. Red News Agency
  40. Shwe Phee Myay News Agency
  41. Tachileik News Agency
  42. The Irrawaddy
  43. The Nation Voice
  44. The People’s Voice – ခမ်းသားငေါဝ်း Burmese version
  45. Zalen

ဖေ့စ်ဘွတ်ခ်၏ (သတင်းအသစ်ရယူမှု) News Feed ပုံစံအသစ်သည် ပြည်သူများက ယုံကြည်စိတ်ချ ရသော သတင်းအချက်အလက်များအား လက်လှမ်းမီနိုင်မှုအား အတားအဆီးဖြစ်နေနိုင်ကာ သတင်း အမှားများ ပြန့်ပွားမှုကိုလည်း ဖြစ်ပွားစေနိုင်သောကြောင့်  ဖေ့စ်ဘုတ်အနေဖြင့် ယင်း၏  News Feed ပုံစံအသစ်အား မြန်မာနိုင်ငံတွင် အကောင်အထည်မဖော်ရန် သတင်းမီဒီယာတိုက် နှင့် မီဒီယာ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း စုစုပေါင်း (၄၅) ဖွဲ့က တိုက်တွန်းလိုက်ပါသည်။ 

၂၀၂၁အစောပိုင်းတွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်သည်သုံး စွဲသူများ၏ News Feed ပေါ်တွင် အများပြည်သူ အရေးအရာနှင့်ဆိုင်သည့် အကြောင်းအရာများကို ဖော်ပြခြင်းအား လျှော့ချရန်အတွက်  ယင်း၏ အယ်လ်ဂို ရစ်သမ်အား ပြုပြင်မွမ်းမံမှုကို နိုင်ငံအချို့တွင် စတင်ခဲ့ပြီး ယင်းလုပ်ဆောင်ချက်သည် အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးခြယ်လှယ်မှုများနှင့် ပတ်သတ်သည့် တိုင်ကြားချက်များကို တုန့်ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆရပါသည်။ အများပြည်သူနှင့်ဆိုင်သည့် အကြောင်းအရာများဟု ဆိုရာ တွင် ပဋိပက္ခများမှစ၍ ကိုဗစ်-၁၉ ကိစ္စများအထိ အရေးကြီးသော ခေါင်းစဥ် များစွာ လွှမ်းခြုံပါဝင်သည်။

မကြာခင်ကာလတွင် မြန်မာနိုင်ငံ၌ မိတ်ဆက်တော့မည့် News Feed ပြုပြင်မွမ်းမံမှုပုံစံအသစ်သည် သတင်း အချက်ရယူသိရှိနိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းမီဒီယာ လွတ်လပ်မှုအပါအဝင် လူ့အခွင့်အရေးများကို ခြိမ်းခြောက်နေသည်ဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည်ပါသည်။

မြန်မာနိုင်ငံ၏ သတင်းအချက်အလက်ဂေဟစနစ်သည် ဖေ့စ်ဘွတ်ခ်က ယင်း၏ News Feed ပြပြင်မွမ်းမံမှု ပုံစံအသစ်ကို  စမ်းသပ်ခဲ့သော ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံများ၏ သတင်းအချက်အလက် ဂေဟ စနစ်များနှင့် ဆင်တူခြင်း မရှိပါ။  ဖေ့စ်ဘွတ်ခ်အား မြန်မာနိုင်ငံ၏ အင်တာနက် ဖြစ်လာစေရေး ဖေ့စ်ဘွတ်ခ် ၏ အစောပိုင်းအစီအစဥ်သည် အောင်မြင်ခဲ့သည်။ စစ်တပ်က လွတ်လပ်သော ရုပ်သံထုတ်လွှင့် တင်ဆက်မှု များ၊ ပုံနှိပ်သတင်းမီဒီယာများနှင့် ၄င်းတို့၏ ဝဘ်ဆိုက်များကို ပိတ်ပင်တားမြစ်ခြင်း နှင့်  ပြည်သူတို့၏ ဆန္ဒ ထုတ်ဖော် စုဝေးရာနေရာများကို ပိတ်ချခဲ့ခြင်းက အများပြည်သူတို့၏ လူမှုဘဝ အများစုကို အွန်လိုင်းပေါ်သို့ တွန်းပို့လိုက်ပြီးနောက် ဖေ့စ်ဘွတ်ကုမ္ပဏီ၏ လွှမ်းမိုးနိုင်မှုသည် ပိုမို၍ပင် ကြီးထွားလာခဲ့သည်။ ဒီမိုကရေစီ နိုင်ငံများမှ လူများသည် အများပြည်သူနှင့်ဆိုင်သည့်အကြောင်းအရာများအတွက် တီဗီ၊ ရေဒီယို၊ သတင်း စာ၊ ပြည်သူပိုင်ဆန္ဒထုတ်ဖော်စုဝေးရာ နေရာများကို အသုံးပြုနိုင်သော်ငြား မြန်မာနိုင်ငံရှိ ပြည်သူများမှာမူ ထိုသို့ရွေးချယ်စရာမရှိပါ။

ထို့အပြင် ဖေ့စ်ဘွတ်ခ်၏ လက်ရှိ အယ်လ်ဂိုရစ်သမ်သည် လူတစ်ဦးချင်းဆီ၏ News Feed များအား ယင်းတို့ ယခင်က ဖော်ပြခဲ့သော စိတ်ဝင်စားသည့် အကြောင်းအရာများအပေါ်  မူတည်၍ ဖန်တီးလျက်ရှိပါသည်။ အယ်လ်ဂိုရစ်သမ်အား အများပြည်သူနှင့်ဆိုင်သည့် အကြောင်းအရာများကို လျှော့ချရန် ပြုပြင်မွမ်းမံလိုက် ခြင်းသည် မြန်မာပြည်သူများ၏ စိတ်ဝင်စားမှုကို ကြားဖြတ်နှောင့်ယှက်ခြင်းဖြစ်သည့်အတွက်  မြန်မာပြည်ရှိ လူထုက အများပြည်သူနှင့်ဆိုင်သည့် အကြောင်းအရာများကို လွန်စွာတောင့်တနေရချိန်တွင် အန္တရာယ်ရှိ သော စာတည်း တည်းဖြတ်မှုတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လိုက်ခြင်းပင် ဖြစ်သည်။ ဤလုပ် ဆောင်ချက်သည် မြန်မာပြည်ရှိလူထု၏ သတင်းအချက်အလက် အခွင့်အရေးကို ချိုးဖောက်နေသည်။

ဖေ့စ်ဘွတ်ခ်၏ News Feeds ပြုပြင်မွမ်းမံမှုသည် သတင်းမီဒီယာကဲ့သို့သော “ထုတ်လုပ်သူများ”၏ အ ကြောင်းအရာများကို “လာရောက်ကြည့်ရှုမှုနှုန်း”အား အထူးသဖြင့် လျှော့ချကြောင်း ဖော်ပြခဲ့ရာ၊ ယင်းကဲ့ သို့ ဝင်ရောက်ကြည့်ရှုမှုနှုန်း လျှော့ချခြင်းက ထိခိုက်နစ်နာသည့် အကျိုးသက်ရောက်မှုကို ဖြစ်စေသည့်အ တွက် ယခင်ကပင် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှ အဝေဖန်ခံခဲ့ရဖူးသည်။

ထိုသို့ ကြည့်ရှုမှုနှုန်းထားလျှော့ချခြင်းသည် သတင်းစာများပုံနှိပ်ခြင်းကို အွန်လိုင်းပြင်ပတွင် ပိတ်ဆို့တား ဆီးသည့် ပုံစံနှင့်တူညီစွာ ဒီဂျစ်တယ်နည်းအရ ဟန့်တားနှောင့်ယှက်ခြင်းဖြစ်သည့်အတွက် ဆင်ဆာဖြတ် တောက်မှုပင် ဖြစ်သည်။ အယ်လ်ဂိုရစ်သမ်အသစ်သည် News Feed ရှိ သတင်းမီဒီယာမှ တင်ဆက်သော အ ကြောင်းအရာများကို လျှော့ချမှုပြုလုပ်မည်ကို သိသိလျက်နှင့် ပြုပြင်လိုက်ခြင်းသည် လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုပိုင်ခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် ဖေ့စ် ဘွတ်ခ်ပေါ်ရှိ ပရိသတ်များကို မှီခိုနေရသည့် သတင်းမီဒီယာများ၏ ရပ်တည်မှုတစ်ခုလုံးကိုပါ ခြိမ်းခြောက် လိုက်ခြင်းပင် ဖြစ်ပါ သည်။

ဖေ့စ်ဘွတ်ခ်သည် အမုန်းစကားနှင့်ပတ်သက်သည့် နောက်ဆက်တွဲ စိုးရိမ်စရာများကို ကြုံကြိုက်ခဲ့ရပြီး နောက် ဒစ်ဂျစ်တယ်တတ်စွမ်းမှုမြှင့်တင်ခြင်း၊ ပြန့်နှံ့လျက်ရှိသည့် ခွဲခြားဆက်ဆံမှုများ၊ သတင်းအချက်အ လက်မှားများ နှင့်  ဝါဒဖြန့်ချိမှုများအား တန်ပြန်ခြင်းတို့ကို ဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ သတင်းအချက် အလက်ဂေဟစနစ်ကို တိုးတက်အောင်ကြိုးစားရာတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ သတင်းမီဒီယာကဲ့သို့သော ပိုမို ယုံကြည်စိတ်ချရသည့် အရင်းအမြစ်များမှ အများပြည်သူနှင့်ဆိုင်သည့် အကြောင်းအရာများအား လျှော့ချ ရန် အယ်လ်ဂိုရစ်သမ်ကို ပြုပြင်မွမ်းမံခြင်းသည် မယုံကြည်ရသော သတင်းအချက်အလက်များ ပျံ့နှံ့မှုကို တိုးပွားရန် ဦးတည် စေနိုင်ကာ လစ်လျူရှုခြင်း နှင့် သည်းခံနိုင်စွမ်း နည်းပါးခြင်းတို့ကို တိုးပွားလာစေနိုင်ပြီး ဖေ့စ်ဘွတ်ခ်၏ အတိတ်ကအားထုတ်မှုများအပါအဝင် မြန်မာပြည်လူထု၏ ငြိမ်းချမ်းမှု၊ ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုဆိုင်ရာ အခွင့်အရေးများကို ယုတ်လျော့ မှေးမှိန်စေနိုင်ပါသည် ။

အာဏာသိမ်းမှုကြောင့် အသက်အန္တရာယ်ကိုပါထိခိုက်နေသော အကြပ်အတည်းကို  ကြုံတွေ့နေရပြီးဖြစ် သည့် မြန်မာပြည်ရှိ လူထုနှင့် သတင်းမီဒီယာများအတွက် ဖေ့စ်ဘွတ်ခ်၏ News Feed ပြုပြင်မွမ်းမံမှု ပုံစံသည် မည်ကဲ့သို့ ဆိုးရွားစွာ ထပ်မံထိခိုက်နိုင်သည်ကို ပြန်လည်သုံးသပ်ပါရန် ဖေ့စ်ဘွတ်ခ်အား ကျွန်ုပ်တို့က တိုက် တွန်း တောင်းဆိုလိုက်ပါသည်။ News Feed ပြုပြင်မွမ်းမံမှု ပုံစံသည် အချို့နိုင်ငံများရှိ အများပြည်သူတို့အား အကျိုးပြုနိုင်သော်ငြား အချို့နိုင်ငံများတွင်မူ ဆုတ်ယုတ်မှုကိုသာ ဖြစ်စေနိုင်ပါသည်။ ဖေ့စ်ဘွတ်ခ်အနေ ဖြင့် ၄င်းအဆို ပြုထားသည့် News Feed ပြုပြင်မှုပုံစံအသစ်ကို မြန်မာနိုင်ငံတွင် အကောင်အထည်မဖော်ရန်နှင့် အနာဂတ်တွင် ပြုလုပ်မည့် အထွေထွေမွမ်းမံပြုပြင်မှုများတွင်လည်း မပြုလုပ်ခင်ကတည်းကပင် အရပ်ဖက် အဖွဲ့အစည်းများနှင့် ကောင်းမွန်စွာဆွေးနွေးခြင်း၊ ရေခံမြေခံအလိုက် လူ့အခွင့်အရေးဆိုင်ရာ ဆန်းစစ်လေ့ လာချက်များ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားရန် တိုက်တွန်း လိုက်ပါသည်။

ဤပူးတွဲသဘောထားထုတ်ပြန်ချက်အား Meta ၏ CEO Mark Zuckerberg ထံသို့လည်း ပေးပို့ခဲ့ပြီးပြီ ဖြစ်ပါသည်။

ပါဝင်လက်မှတ်ရေးထိုးသူ မီဒီယာနှင့် မီဒီယာအခွင့်အရေးအဖွဲ့အစည်းများ –

(၁) 9/7 Day Media

(၂)  အသံ (Athan)

(၃)  နိုင်ငံတကာ မြန်မာ့သတင်း (ဘီအဲန်အိုင်)

(၄) Chin World

(၅) Development Media Group

(၆) Kachin News Group

(၇) ကုလားတန် သတင်းကွန်ယက်  (Kaladan Press Network)

(၈)ကန္တာရဝတီတိုင်း(မ်) (Kantarawaddy Times)

(၉) ကရင်သတင်းဌာန (KIC)

(၁၀) Khonumthung Media Group

(၁၁) မွန်သတင်းအေဂျင်စီ (Mon News Agency)

(၁၂) မဇ္ဈိမသတင်းဌာန (Mizzima Media)

(၁၃) မြစ်ကြီးနားသတင်းဂျာနယ် (Myitkyina News Journal)

(၁၄) နိရဉ္စရာ လွတ်လပ်သော သတင်း ဌာန (Narinjara News)

(၁၅) သတင်းနှင့် မီဒီယာကွန်ရက် (Network Media Group)

(၁၆) သျှမ်းသံတော်ဆင့် (Shan Herald Agency for News)

(၁၇) သံလွင်တိုင်းမ် (Than Lwin Times)

(၁၈) ရှမ်းနီအသံ (The Voice of Shanni)

(၁၉) မြန်မာ့အမျိုးသမီးသမဂ္ဂ  Burmese Women’s Union (BWU)

(၂၀) C8 News

(၂၁) Dawei Watch

(၂၂) D Day News

(၂၃) Delta News Agency

(၂၄) ဒီမိုကရက်တစ် မြန်မာ့အသံ

(၂၅)လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM)

(၂၆) Frontier Myanmar

(၂၇) The Hakha Post

(၂၈) ကမ္ဘောဇတိုင်း

(၂၉) ရန်ကုန်ခေတ်သစ်သတင်းဌာန

(၃၀) မားနဂါးရုပ်သံသတင်းဌာန

(၃၁) Mandalay Free Press

(၃၂) မြေလတ်အသံ

(၃၃) မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)

(၃၄) မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ – Myanmar Women Journalists Society

(၃၅) Myanmar Now

(၃၆) Myanmar Pressphoto Agency (MPA)

(၃၇) News Ambassador – သတင်းတမန်

(၃၈) လူထုနွေဦး (People’s Spring)

(၃၉) Red News Agency

(၄၀)  ရွှေဖီမြေသတင်းဌာန

(၄၁) တာချီလိတ်သတင်းဌာန (Tachileik News Agency)

(၄၂)  ဧရာဝတီသတင်းဌာန (The Irrawaddy)

(၄၃)The Nation Voice

(၄၄)The People’s Voice – ခမ်းသားငေါဝ်း Burmese Version

(၄၅) Zalen


View the original.