Statement 503 Views

ADMM ၏ မိတ်ဖက်သို့ အိတ်ဖွင့်ပေးစာ – အမေရိကန်ပြည်ထောင်စု

July 14th, 2022  •  Author:   448 Myanmar , regional and international organizations  •  11 minute read
Featured image

 ကာကွယ်ရေး ဝန်ကြီးဌာန
၁၄၀၀ Defense Pentagon
ဝါရှင်တန်၊ ဒီစီ ၂၀၃၀၁-၁၄၀၀
အမေရိကန်ပြည်ထောင်စု

သို့

E. Lloyd J. Astin III၊ ကာကွယ်ရေးဝန်ကြီး၊ အမေရိကန်ပြည်ထောင်စု

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်

အကြောင်းအရာ။           ။ ADMM-Plus Experts အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ပါဝင်မှု

 လေးစားအပ်ပါသော ဂုဏ်သရေရှိ လူကြီးမင်းခင်ဗျား/ရှင့်

အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ အဖွဲ့အစည်း ၄၄၈ ဖွဲ့တို့က အမေရိကန်ပြည်ထောင်စုအစိုးရ၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်သကဲ့သို့ ထိုနိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ အာဆီယံနှင့် ထိတွေ့ဆောင်ရွက်ရန် တာဝန်ရှိသော ဝန်ကြီးတစ်ဦးလည်းဖြစ်သည့် လူကြီးမင်းအား ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ စစ်တပ်များက ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်မည်ဖြစ်သော ဇူလိုင်လ ၂၀ ရက်မှ ၂၁ ရက်နေ့အထိ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည့် ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို သပိတ်မှောက်ရန် တောင်းဆိုသည်။ ထိုအစည်းအဝေးကို မတက်ရောက်ရန် ဆုံးဖြတ်သော ဩစတေးလျ နှင့် နယူးဇီလန် နိုင်ငံတို့၏ ဆုံးဖြတ်ချက်များကို မိမိတို့မှ ကြိုဆိုသည်။ မြန်မာစစ်တပ်၊ ၎င်း၏စီးပွားရေးလုပ်ငန်းများနှင့် ၎င်းနှင့်ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းမျာအပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုများ ချမှတ်လုပ်ဆောင်ခြင်းဆိုင်ရာ လူကြီးမင်းတို့အစိုးရ၏ ခိုင်မာသော ကတိကဝတ်ကို မိမိတို့မှ ကြိုဆိုသည်။ ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို သပိတ်မှောက်ခြင်းမှတစ်ဆင့် မြန်မာနှင့် ယူကရိန်းနိုင်ငံတို့၏ အကျပ်အတည်းများကို တုံ့ပြန်ဖြေရှင်းရာတွင် လူကြီးမင်းတို့အမေရိကန်ပြည်ထောင်စုအနေဖြင့် ဦးဆောင်သည့် အခန်းကဏ္ဍ၌ ဆက်လက်နေရာယူထားရန် မိမိတို့မှ တောင်းဆိုသည်။

မြန်မာစစ်တပ်သည် “အကြမ်းဖက်မှု တိုက်ဖျက်ရေး” ခေါင်းစဉ်အောက်တွင် ကာလရှည်ကြာ နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်လာခဲ့ပြီး ဖြစ်သည်။ အထင်ရှားဆုံးဖြစ်ရပ်မှာ မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများ အပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပြီး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (IIFFMM) ၏ တွေ့ရှိချက်အရ ထိုကျူးလွန်မှုသည် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အား  “ဖယ်ရှားရှင်းလင်းရေး” ဆိုသည့် ရွည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သော “နယ်မြေရှင်းလင်းရေး” စီမံချက်ပုံစံဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။  အမှန်စင်စစ်အားဖြင့် ယင်းဆောင်ရွက်မှုတွင် ရိုဟင်ဂျာများအား သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ နှိပ်စက်ညှဥ်းပန်းမှု၊ မုဒိမ်းကျင့်မှုနှင့် အုပ်စုလိုက် မုဒိမ်းကျင့်မှုများ ကျူးလွန်ခဲ့ခြင်းတို့ ပါဝင်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဟူသော ခေါင်းစဉ်အောက်တွင် လူပေါင်း ၇၀၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးစေခဲ့သည်။

မြန်မာစစ်တပ်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအား အလွဲသုံးစားပြုမှုသည် ၎င်း၏တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းအထိတွင်လည်း ဆက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စု၏ မဟာဗျူဟာတစ်ခုမှာ ဒီမိုကရက်တစ်အစုအဖွဲ့များကို တိုက်ခိုက်ရန်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား “အကြမ်းဖက်သမားများ” အဖြစ် တံဆိပ်ကပ်ခြင်း ဖြင့် ၎င်းကျူးလွန်နေလျက်ရှိသော ရက်စက်ကြမ်းကြုတ်မှုများကို မှန်ကန်ကြောင်း သက်သေပြရန် လုပ်ဆောင်နေသည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က ၎င်း၏ ADMM Experts’ လုပ်ငန်းအဖွဲ့ ပူးတွဲဥက္ကဌရာထူးကို အသုံးပြုပြီး တရားမဝင်သော ၎င်း၏စစ်အုပ်စုကို တရားဝင်မှု ရရှိစေရန်နှင့် NUG၊ CRPH နှင့် PDF များအပေါ် အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ခြင်းအတွက် ထောက်ခံမှုများ ရရှိရန် လုပ်ဆောင်ခဲ့သည်။  ထို့အပြင် ဤလုပ်ငန်းအဖွဲ့ရှိ ၎င်း၏ခေါင်းဆောင်မှုကို မြန်မာပြည်သူများအား ပစ်မှတ်ထားသော ပြည်တွင်းဝါဒဖြန့်ချိရေးတွင်လည်း ငါးစာအဖြစ် အသုံးပြု၍ စစ်အုပ်စုက ထိန်းချုပ်ထားသော မီဒီယာများတွင် ထိုအစည်းအဝေးများ၏ အသေးစိတ်အချက်အလက်များနှင့် ဓါတ်ပုံများကို ဝေဝေဆာဆာ ဖော်ပြခဲ့သည်။

တစ်ချိန်တည်းတွင် ၂၀၂၂ ခုနှစ် ဇွန်လ၌ စစ်ကောင်စီသည် အာဆီယံဥက္ကဌ ဝန်ကြီးချုပ်ဟွန်ဆန်၏ ပန်ကြားချက်ကို ပယ်ချလျက် အများလေးစားသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးအပါအဝင် လူလေးဦးကို အခြေအမြစ်မရှိသော အကြမ်းဖက်မှု စွပ်စွဲချက်များဖြင့် သေဒဏ်စီရင်ရန် အစီအစဉ်ကို ကြေညာခဲ့သည်။ ထိုသို့သော လုပ်ဆောင်မှုသည် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအကြား တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားသည့် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို အလေးထားခြင်း မရှိသည့်အပြင် အကောင်အထည်ဖော်ရန် စိတ်ဆန္ဒ လုံးဝမရှိကြောင်းကိုလည်း ပြသနေသည်။ နှိပ်စက်ညှဥ်းပန်းခြင်း၊ အရမ်းကာရော ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရွာများမီးရှို့ခြင်း၊ နှင့် လုယက်ခြင်းများ အပါအဝင် စစ်အုပ်စု၏ အရပ်သားများအပေါ် ဆက်လက်လုပ်ဆောင်နေလျက်ရှိသော စစ်ဆင်ရေးများသည် နိုင်ငံတလွှားကျယ်ပြန့်ပြီး ရာဇဝတ်မှုများကို စနစ်ကျစွာ ကျူးလွန်ရန် အကြမ်းဖက်မှု နည်းလမ်းသစ်များကို တိုးမြင့်အသုံးပြုနေသည်။ ဤအချက်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော စစ်အုပ်စုတပ်သားများမှ လက်နက်မဲ့ အရပ်သား ပြည်သူများအား ခေါင်းဖြတ်သတ်ဖြတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုများက မီးမောင်းထိုး ဖော်ပြနေသည်။  ယင်း လုပ်ရပ်များမှာ နိုင်ငံတကာနှင့် ပြည်တွင်း ဥပဒေများအောက်တွင် အကြမ်းဖက်မှု မြောက်သည်မှာ ထင်ရှားသည်။ ထိုအကြမ်းဖက်မှုများနှင့် ဆိုးရွားလှသော ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိသော အဖွဲ့အစည်းတစ်ခုသည် တရားဝင်မှု ကင်းမဲ့ပြီး ADMM-Plus Experts ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့တွင် ဦးဆောင်ရန် နေရာမရသင့်သကဲ့သို့ ပါဝင်တက်ရောက်ရန်လည်း နေရာမရှိသင့်ပေ။

အလားတူပင် လုပ်ငန်းအဖွဲ့၏ နောက်ထပ် ပူးတွဲဥက္ကဌဖြစ်သော ရုရှားသည်လည်း အာဆီယံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းလုပ်ဆောင်မှုများကို ဦးဆောင်ရန် သို့မဟုတ် ပါဝင်ရန် အနေအထား မရှိသင့်ပေ။ ယူကရိန်းနိုင်ငံကို မကြေညာဘဲ ကျူးကျော်ဝင်ရောက်သည့် ရုရှား၏လုပ်ရပ်သည် ဒီမိုကရေစီ စံနှုန်းများကို တိုက်ခိုက်ခြင်းနှင့် နိုင်ငံတကာဥပဒေနှင့် စံချိန်စံညွှန်းများကို ချိုးဖောက်ခြင်းအဖြစ် ရှုတ်ချရမည် ဖြစ်သည်။ ၎င်း၏ ကျူးကျော်ဝင်ရောက်ချိန်မှစ၍ မေလ ၃၁ ရက်နေ့အထိတွင် စစ်ရာဇ၀တ်မှုများ မြောက်နိုင်သော ကျူးလွန်မှုပေါင်း ၁၅,၀၀၀ ကို ယူကရိန်းက မှတ်တမ်းတင်ထားနိုင်ပြီး ယူကရိန်းနိုင်ငံ၏ အခြေအနေကို အဖွဲ့ဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံက နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးခဲ့ပြီးလည်း ဖြစ်သည်။ ရုရှားကျူးကျော်မှု၏ ပထမရက်ပေါင်း ၁၀၀ အတွင်းတွင် အနည်းဆုံး “သောင်းဂဏန်း” သော ယူကရိန်းအရပ်သားများ သတ်ဖြတ်ခံခဲ့ရသည်ဟု ယူကရိန်းအစိုးရမှ ခန့်မှန်းထားသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ အနည်းဆုံး ယူကရိန်း လူဦးရေ၏ သုံးပုံတစ်ပုံမှာ အတင်းအဓမ္မအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဖြစ်သည်။ ယူကရိန်းရှိ ရုရှား၏ ရက်စက်ကြမ်းကြုတ်မှုများကို တုံ့ပြန်ရာတွင် ရုရှားအစိုးရအရာရှိများနှင့် ပုဂ္ဂလိက အစုအဖွဲ့များအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူခြင်း၊ ပြင်းထန်သော ဘဏ္ဍာရေးကန့်သတ်မှုများ ချမှတ်ခြင်း၊ ရွှေတင်ပို့မှု ပိတ်ပင်တားဆီးခြင်း၊ ပို့ကုန် ထိန်းချုပ်မှုများ ပြုလုပ်ခြင်း၊ ပိုင်ဆိုင်မှုများ ထိန်းချုပ်ကန့်သတ်ခြင်းအပြင် မြောက်အတ္တလန်တိတ် သဘောတူစာချုပ် အဖွဲ့အစည်း (NATO) မှတစ်ဆင့် အရေးယူဆောင်ရွက်ခြင်းများကို လူကြီးမင်းတို့အစိုးရမှ ဦးဆောင်နေလျက်ရှိပြီး မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ စစ်အုပ်စုနှင့် ၎င်းနှင့်ဆက်နွယ်သော အစုအဖွဲ့များအပေါ် တုံ့ပြန်ရာတွင်လည်း ထိုသို့အလားတူ လုပ်ဆောင်ချက်အဆင့် ဖြစ်ရမည်။

ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို တက်ရောက်ခြင်းသည် မြန်မာစစ်အုပ်စုနှင့် ရုရှားတို့ကို နိုင်ငံတကာရာဇဝတ်မှုများ ဆက်လက်ကျူးလွန်စေရန် ပိုမိုအတင့်ရဲစေမည် ဖြစ်သည်။ အာဆီယံ ကာကွယ်ရေးဝန်ကြီးများနှင့် ASEAN-Plus ကာကွယ်ရေးဝန်ကြီးများ အနေဖြင့် မူအပေါ်ရပ်တည်သည့် ခြေလှမ်းလှမ်းရမည် ဖြစ်သည့်အပြင် လာမည့် ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို တက်ရောက်ရန် ငြင်းဆိုရမည် ဖြစ်သည်။ ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို မြန်မာစစ်အုပ်စုနှင့် ရုရှားတို့အား ပါဝင်ခွင့် ပြုခြင်းသည် အစည်းအဝေး၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်နေပြီး လုပ်ငန်းအဖွဲ့နှင့် အာဆီယံ၏ ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိခိုက်စေမည် ဖြစ်သည်။ မြန်မာနှင့် ယူကရိန်းနိုင်ငံတို့၏ ပြည်သူများနှင့် သွေးစည်းညီညွတ်စွာ ရပ်တည်ကြောင်း ပြသရန်အတွက် လာမည့် ADMM-Plus Experts ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို သပိတ်မှောက်ရန်နှင့် အခြားသော ADMM အစည်းအဝေးများတွင် မြန်မာစစ်အုပ်စုနှင့် ရုရှားတို့ကို ဖယ်ထုတ်ထားရန်အတွက် နောက်ထပ်သော အရေးယူမှုများ လုပ်ဆောင်ရန် မိမိတို့မှ တောင်းဆိုသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  1. ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]
  2. Salai Za Uk Ling၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ [email protected]
  3. Sandra Kong, Global Movement for Myanmar Democracy, [email protected]

လေးစားစွာဖြင့်

အောက်ပါ လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း ၄၁၅ ဖွဲ့တွင် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက် လူထုအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံမှ နွေဦးတော်လှန်ရေး သပိတ်ကော်မတီများနှင့် ကျောင်းသားသမဂ္ဂများ ပါဝင်သည်။ ထိုအဖွဲ့များအပြင် ဤစာကို အမည်မဖော်ပြလိုသည့် မြန်မာနိုင်ငံမှ နောက်ထပ်သော အဖွဲ့အစည်း ၃၃ ဖွဲ့တို့လည်း ပါဝင်လက်မှတ်ရေးထိုးထားသည်။ သို့ဖြင့် ယခုအိတ်ဖွင့်ပေးစာကို အဖွဲ့အစည်း စုစုပေါင်း ၄၄၈ ဖွဲ့တို့မှ ပါဝင် လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

  1. 8888 Generation (New Zealand)
  2. Action Committee for Democracy Development
  3. Action Committee of Basic Education Students (ACBES)
  4. Active Youth (Kalay)
  5. Activists Group for Human Rights ‘BARAM’
  6. Ah Nah Podcast- conversation with Myanmar
  7. All Arakan Students’ and Youths’ Congress
  8. All Aung Myay Thar San Education Strike
  9. All Burma Democratic Face in New Zealand
  10. All Burma Federation of Student Unions (Monywa District)
  11. All Sagaing Township Basic Education Students’ Union
  12. All Schools of Aungmyaythazan Township Strike
  13. Alliance of Students’ Union – Yangon (ASU-Yangon)
  14. Alliance Organization Myanmar Bankers Union
  15. ALTSEAN-Burma
  16. Anti Dictatorship in Burma – DC Metropolitan Area (ADB-DCMA)
  17. Anti-Junta Alliance Yangon-AJAY
  18. Anti-Junta Forces Coordination Committee (AFCC)
  19. Arakan CSO Network
  20. Arakan Humanitarian Coordination Team- AHCT
  21. Asia Democracy Network (ADN)
  22. Asia Pacific Solidarity Coalition (APSOC)
  23. Asian Dignity Initiative
  24. Asian Forum for Human Rights and Development (FORUM-ASIA)
  25. Assistance Association for Political Prisoners (AAPP)
  26. Association of Human Rights Defenders and Promoters
  27. Association of United Nationality in Japan (AUN)
  28. Association Suisse-Birmanie (Swiss Burma Association)
  29. Athan – Freedom of Expression Activist Organization
  30. Auckland Kachin Community NZ
  31. Auckland Zomi Community
  32. Aung Myay Tharzan Basic Education Students’ Union-ABFSU
  33. Aung Pin Lal Main Strike
  34. Ayeyarwaddy Youths’ Union
  35. Bago Basic Education Students’ Union
  36. Bank Trade Unions Federation of Myanmar – BTUFM
  37. Basic Education General Strike Committee (BEGSC)
  38. Basic Education Worker Unions – Steering Committee (BEWU-SC)
  39. BEHS-1, Hpa-An Basic Education Students’ Union
  40. BEHS-1, Mandalay Basic Education Students’ Union-ABFSU
  41. BEHS-11, Aungmyethazan Basic Education Students’ Union-ABFSU
  42. BEHS-24, Mahaaungmyay Basic Education Students’ Union-ABFSU
  43. BEHS-4, Mandalay Basic Education Students’ Union-ABFSU
  44. BEHS-8, Aungmyethazan Basic Education Students’ Union-ABFSU
  45. Blood Money Campaign
  46. Burma Action Ireland
  47. Burma Campaign UK
  48. Burma Refugee Saving Association (B.R.S.A)
  49. Burman suomalaiset Finland
  50. Burmese Canadian Network
  51. Burmese Community Group (Manawatu, NZ)
  52. Burmese Community in France
  53. Burmese Rohingya Welfare Organisation New Zealand
  54. Cambodian Americans and Friends for Democracy and Human Rights Advocate
  55. CDM Medical Network (CDMMN)
  56. CDM Support Team Mandalay
  57. Chanayetharsan Basic Education Students’ Union
  58. Changjak21
  59. Chanmyatharzi Township People’s Strike
  60. Chin Community of Auckland
  61. Chin Community of Japan (CCJ)
  62. Chin Human Rights Organization
  63. Chin Youth Organization (Matupi)
  64. Chin Youth Organization of Japan (CYO-JP)
  65. Chindwin (West) Villages Women Strike
  66. Citizen of Burma Award – New Zealand
  67. CIVICUS: World Alliance for Citizen Participation
  68. Civil Information Network (CIN)
  69. Civil Society Organizations Coordination Committee (Monywa)
  70. Coalition of Mandalay Engineers
  71. Coalition Strike Committee – Dawei
  72. Colorfulspring (ရောင်စုံနွေဦး)
  73. Community Resource Center, Thailand
  74. Co-operative University Mandalay Students’ Strike
  75. CRPH & NUG Supporters Ireland
  76. CRPH Funding Ireland
  77. CRPH Support Group, Norway
  78. CRPH, NUG Support Team Germany-Deutschland
  79. Daik-U Basic Education Students’ Union
  80. Daung Sitthe Strike
  81. Dawei (Ashaetaw) Women Strike
  82. Dawei Basic Education Students’ Union
  83. Dawei Youths in Japan (DYJ)
  84. Dawei Youths Revolutionary Movement Strike Committee
  85. Democracy for Ethnic Minorities Organization
  86. Democracy for Myanmar – Working Group (NZ)
  87. Democracy Movement Strike Committee-Dawei (DDMSC)
  88. Democracy, Peace and Women’s Organization
  89. Democratic Youth Council
  90. Demoso Basic Education Students’ Union
  91. Depayin Township Revolution Steering Committee
  92. Depayin Women Strike
  93. Doh Atu – Ensemble pour le Myanmar
  94. Dragon Dawn (Japan)
  95. Education Family Strike
  96. Educational Initiatives Prague
  97. Equality Myanmar
  98. Ethnic Youth General Strike Committee (Mandalay)
  99. European Karen Network
  100. Family Private School Basic Education Students’ Union-ABFSU
  101. Federal Myanmar Benevolence Group (NZ)
  102. Federation of Worker’s Union of Burmese Citizens in Japan (FWUBC)
  103. Former Political Prisoners and New Generation Group – Monywa
  104. Foundation of Khmer Samaki, CA
  105. Free Burma Campaign (South Africa)
  106. Free Rohingya Coalition
  107. Future Thanlwin
  108. Gangaw Women Strike
  109. General Strike Collaboration Committee (GSCC)
  110. General Strike Committee of Basic and Higher Education (GSCBHE)
  111. General Strike Coordination Body – GSCB
  112. Generation Wave
  113. GenY For Revolution Japan
  114. German Solidarity with Myanmar Democracy e.V.
  115. Global Movement for Myanmar Democracy (GM4MD)
  116. Global Myanmar Spring Revolution – Japan
  117. Global Myanmar Spring Revolution (South Korea)
  118. Golden Heart Organization
  119. Grass-root People
  120. Hinthada Basic Education Students’ Union-ABFSU
  121. Hlaing Thar Yar Basic Education Students’ Union
  122. Hope For Youth -Kyushu Japan
  123. Hopin Basic Education Students’ Union
  124. HTY Scout Channel
  125. Human Rights Foundation of Monland
  126. In Defense of Human Rights and Dignity Movement (iDEFEND), Philippines
  127. Incorporated Organization Shilcheon Bulgyo
  128. India for Myanmar
  129. Industries Strike
  130. Info Birmanie
  131. Information & Scout News (Hlaing)
  132. Initiatives for International Dialogue (IID)
  133. Insein Scout Channel
  134. Institute for Asian Democracy
  135. Inter-Faith Strike Column
  136. Interfaith Youth Coalition on Aids in Myanmar (IYCA – Myanmar )
  137. International Association, Myanmar- Switzerland
  138. International Child Rights Center
  139. International Society of Myanmar Scholars and Professionals (Japan)
  140. Japan Myanmar Future Creative Association (JMFCA)
  141. Japan Myanmar Help Network
  142. Justice For Myanmar
  143. Justice Movement for Community – Innlay
  144. Kachin Affairs Organization – Japan
  145. Kachin State Women Network
  146. Kachin Student Union
  147. Kachin Women Union
  148. Kachin Women’s Association Thailand
  149. Kalay Township Strike Force
  150. Kalay Women Strike
  151. Kalyarna Metta Association (Khin U)
  152. Kamayut Scout Channel
  153. Kanbung Youth (Matupi)
  154. Kanpetlet Land Development Organization
  155. Kansai Group Japan
  156. Karen Human Rights Group
  157. Karen National League Japan-KNL
  158. Karen Swedish Community (KSC)
  159. Karen Women’s Organization
  160. Karen Rivers Network
  161. Karenni National Society (KNS) Japan
  162. Karenni National Women’s Organization
  163. Karenni Society Finland
  164. Karenni Society New Zealand
  165. Katha Basic Education Students’ Union
  166. Kayan Internally Displacement Supervising Committee (KIDSC)
  167. Keng Tung Youth
  168. Khanthar Farmers Network
  169. Khumzup Local Development Committee
  170. Kings N Queens
  171. Know Us More Myanmar (KUM)
  172. Kobe Myanmar Community (KMC)
  173. Korea Christian Solidarity for Democracy in Myanmar
  174. Korean Civil Society in Support of Democracy in Myanmar (106 NGOs)
  175. Korean House for International Solidarity
  176. Kyaikhto Basic Education Students’ Union – KBESU
  177. Kyain Seikgyi Spring Revolution Leading Committee
  178. Kyaukse Basic Education Students’ Union
  179. Kyaukse University Interim Administrative Council
  180. Kyauktada Strike Committee (KSC)
  181. Kyause University Students’ Union
  182. Kyimyindaing Scout Channel
  183. La Communauté Birmane de France
  184. Labor Union Federation
  185. Labutta Basic Education Students’ Union-ABFSU
  186. Langkho Basic Education Students’ Union
  187. Lanmadaw, Latha & Pabedan Scout Channel
  188. Lashio Basic Education Students’ Union
  189. Latpadaung Region Strike Committee
  190. Launglon Basic Education Students’ Union
  191. League For Democracy in Burma (L.D.B Japan)
  192. Let’s Help Each Other
  193. Letpadan Basic Education Students’ Union-ABFSU
  194. LGBT Alliance Myanmar
  195. LGBT Alliance Myanmar (Kalay Region)
  196. LGBT Alliance Myanmar (Kyaukse Region)
  197. LGBT Community Yangon
  198. LGBT Union Mandalay (LGBTIQ Strike of Mandalay)
  199. Magway People’s Revolution Committee
  200. Maharaungmyay Township People’s Strike
  201. Mandalar College Students Strike
  202. Mandalar University Students’ Strike
  203. Mandalar University Students Union
  204. Mandalay Alliance Coalition Strike
  205. Mandalay Civil Society Organization
  206. Mandalay Engineer Group (MEG)
  207. Mandalay Medical Family (MFM)
  208. Mandalay People Strike
  209. Mandalay Poets’ Union
  210. Mandalay Private Universities Students Union
  211. Mandalay Regional Youth Association
  212. Mandalay Strike Force (MSF)
  213. Mandalay Technology University (MTU) Students Union
  214. Mandalay Universities, Degree and College Teachers and Staffs Strike
  215. Mandalay University Alumni Strike
  216. Mandalay University of Foreign Languages Students Union
  217. Mandalay Wholesale Centers Strike
  218. Mandalay Women Strike
  219. Mandalay Youth Strike
  220. Mandalay-based People’s Strike
  221. Mandalay-Based University Students’ Unions
  222. Matu Forum Committee
  223. Matu Women Association
  224. Mawkmai Basic Education Students’ Union
  225. Mawlamyine Basic Education Students’ Union
  226. Mayangone News
  227. Me Boun Foundation
  228. Medical Family Mandalay (MFM)
  229. Meikhtila Basic Education Students’ Union-ABFSU
  230. Metta Campaign Mandalay
  231. Midwifery Training School Students Union (Mandalay)
  232. MilkTeaAlliance friends of Myanmar
  233. Minbu Basic Education Students’ Union-ABFSU
  234. Mindanao Peacebuilding Institute Foundation, Inc.
  235. Minority Affairs Institute – Mai (Myanmar)
  236. Mogaung Basic Education Students’ Union
  237. Mohnyin Basic Education Students’ Union
  238. Mon Youth For Federal Democracy (MYFD)
  239. Monywa Basic Education Students’ Union – ABFSU
  240. Monywa LGBT Strike
  241. Monywa People’s Strike Steering Committee
  242. Monywa Women Strike
  243. Monywa-Amyint Road Strike Leading Committee
  244. Monywa-Amyint Road Women Strike
  245. MRJ (Maraja)
  246. Mudon Basic Education Students’ Union
  247. Multi-Religions  Strike
  248. Muslim Youth Network
  249. Muslim Youths Association
  250. Mya Taung Strike
  251. Myanmar Accountability Project
  252. Myanmar Active Students & Businesspeople Organization (MASBO)
  253. Myanmar Democratic Force in Denmark
  254. Myanmar Development Support Group (MDSG)
  255. Myanmar Diaspora Group Finland
  256. Myanmar Emergency Fund Canada (MEF Canada)
  257. Myanmar Engineers – New Zealand
  258. Myanmar Ethnic Rohingya Human Rights Organization Malaysia (MERHROM)
  259. Myanmar Gonye (New Zealand)
  260. Myanmar Institute of Information and Technology ( Mandalay) Students Union
  261. Myanmar Institute of Information Technology Students’ Strike
  262. Myanmar Labor Alliance (MLA)
  263. Myanmar Nationalities’ Support Organization – JP (MNSO)
  264. Myanmar People Alliance (Shan State)
  265. Myanmar Railway Division (3) CDM Staffs Strike
  266. Myanmar Secret Information – MSI
  267. Myanmar Spring Revolution Japan (MSRJ)
  268. Myanmar Students’ Union in New Zealand
  269. Myanmar Tozan Club (MTC)
  270. Myanmar Youth and Student Association, Japan (MYSA)
  271. Myanmar’s Youth Association Hokkaido (MYAH)
  272. Myingyan Civilian Movement Committee
  273. National University of Arts and Culture (Mandalay) Students Union
  274. Netherlands – Myanmar Solidarity Platform
  275. Network of University Student Unions – Monywa
  276. New Zealand Doctors for NUG
  277. New Zealand Karen Association
  278. New Zealand Zo Community Inc.
  279. No (12) Basic Education Middle School Student Union
  280. No (7) Basic Education High School Alumni Strike
  281. No.12 Basic Education Branch High School (Maharaungmyay) Students’ Union
  282. No.12 Basic Education Middle School (High Branch) Basic Education Students’ Union
  283. NOK Information & Scout Echo
  284. North Dagon & East Dagon News
  285. Northern Spectrum Youth Association
  286. Nursing Training School Students Union (Mandalay)
  287. Nyaunglebin Basic Education Students’ Union
  288. OCTOPUS Youth Organization
  289. Okinawa Myanmar Association (OMA)
  290. Olive Organization
  291. Open Development Foundation
  292. Overseas Mon Association (New Zealand)
  293. Padaung Basic Education Students’ Union-ABFSU
  294. Palaung National Society Japan, PNS-Japan
  295. Palaw Supporting Group Japan
  296. Pale Township People’s Strike Steering Committee
  297. Pa-O Women’s Union (PWU)
  298. PEC Private School Basic Education Students’ Union
  299. People’s Hope Spring Revolution (PHSR)
  300. People’s Initiative for Development Alternatives
  301. People’s Action Against Dictator CHUN Doo-Hwan
  302. People’s Solidarity for Participatory Democracy (PSPD)
  303. Phayagyi Peace Strike
  304. Platform.c
  305. Private pre school Teachers’ Association
  306. Progressive 3.0
  307. Progressive Voice
  308. Punnyakari Mon National Society Japan, PMNS-Japan
  309. Pyay Basic Education Students’ Union-ABFSU
  310. Pyay Underground News – PUGN
  311. Pyigyidagon Strike
  312. Pyin Nyar Nan Daw Private School Basic Education Students’ Union
  313. Pyin Oo Lwin Basic Education Students’ Union
  314. Pyinmana Basic Education Students’ Union-ABFSU
  315. Pyithu Gonye (New Zealand)
  316. Representative Committee of University Teacher Associations (RC of UTAs)
  317. Representing The Arrested People Strike
  318. Revolution Tokyo Myanmar (RTM)
  319. Rohingya Action Ireland
  320. Rvwang Community Association New Zealand
  321. Samgha Sammaga-Mandalay
  322. Sangha Union Strike
  323. Save and Care Organization for Women at Border Areas
  324. SAVE MYANMAR – USA
  325. Save Myanmar Fundraising Group (New Zealand)
  326. Save the Salween Network
  327. Sein Pan Strike
  328. Shan Community (New Zealand)
  329. Shan Community in Japan (SCJ)
  330. Shan MATA
  331. Shan Women Development Network
  332. ShizuYouth For Myanmar
  333. Shwechinthae Farmers Network
  334. Sintgaing Basic Education Students’ Union
  335. Sisters 2 Sisters
  336. Sitt Nyein Pann Foundation
  337. Solidarity for Another World
  338. Sone See Yar (Volunteer Group)
  339. South Dagon Scouting Info (SDG)
  340. Southern Youth Development
  341. Spring Revolution Interfaith Network-SRIN
  342. Spring Revolution Myanmar Muslim- SRMMN
  343. Spring Revolution Restaurant
  344. Stiftung Asienhaus
  345. Students for Free Burma
  346. Support Group for Democracy in Myanmar (The Netherlands)
  347. Ta’ang Women’s Organization
  348. Taekwondo Federation
  349. Tai Youths Network Japan (TYNJ)
  350. Tampawadi People Strike
  351. Tamwe Nway Oo Channel
  352. Tanintharyi MATA
  353. Taunggyi Basic Education Students’ Union
  354. Taze Women Strike
  355. Technological University (Yadanabon Cyber City) Students Union
  356. Technological University Mandalay (TUM) Students Union
  357. Tha Pyay Nyo Newsletter
  358. Thaketa & Dawbon Scout Channel
  359. Thakhin Kodaw Mhine Peace Network (Monywa)
  360. Thaton Basic Education Students’ Union
  361. Thayat Chaung Women Strike
  362. The 88 Generation Peace and Open Society (Monywa)
  363. The Center for Freedom of Information
  364. The May 18 Memorial Foundation
  365. Thint Myat Lo Thu Myar Organization
  366. Township Leading Group (Winwmaw)
  367. Try Together At Japan (TTAJ)
  368. Twitter Team for Revolution (TTFR) – Myanmar
  369. U.S. Campaign for Burma
  370. Uakthon Local Social Development Organization
  371. Union of Myanmar Citizen Association – Japan
  372. University of Computer (Mandalay) Students Union
  373. University of Dental Medicine (Mandalay) Students Union
  374. University of Medical Technology (Mandalay) Students Union
  375. University of Medicine (Mandalay) Students Union
  376. University of Nursing (Mandalay) Students Union
  377. University of Pharmacy (Mandalay) Students Union
  378. University of Traditional Medicine (Mandalay) Students Union
  379. University Students’ Unions Alumni Force
  380. US Advocacy Coalition for Myanmar (USACM)
  381. VEC Private School Basic Education Students’ Union
  382. Voice For Justice
  383. We Are One Saga MOSA
  384. We for All
  385. We Love Motherland-MM (Malaysia)
  386. We Support (Japan)
  387. Wetlet Basic Education Students’ Union-ABFSU
  388. Wetlet Revolution Leading Committee
  389. Wetlet Township Women Strike
  390. White Coat Society Yangon (WCSY)
  391. Winemaw Civil Society Network
  392. Winemaw Lisu Development Association
  393. Women Alliance Burma (WAB)
  394. Women’s League of Burma
  395. Wundwin Basic Education Students’ Union-ABFSU
  396. Yadanabon University Students’ Union (YDNBUSU)
  397. Yangon Medical network
  398. Yangon Revolution Force – YRF (Soft Strike Community)
  399. Yangon Women Strike
  400. Yaw Funding Japan
  401. Yedashe Basic Education Students’ Union-ABFSU
  402. YG Network
  403. Yinmarpin and Salingyi All Villages Strike Committee
  404. Yokohama Pamphlet Campaign – Myanmar
  405. Youth Network (Tanintharyi Region)
  406. Youth Poets’ Union
  407. Youth Scout For Democracy (YSD)
  408. Z Fighter News
  409. Zabuthiri Basic Education Students’ Union-ABFSU
  410. Zeegwat News
  411. ဂျပန်ပြည်မှတွဲလက်များ
  412. မျိုးဆက်-Generations
  413. လူငယ်များသမဂ္ဂ – ပုသိမ်
  414. လူငယ်များသမဂ္ဂ – ဗဟို
  415. 一般社団法人 ミャンマーグローバル支援財団 (MGSF)

***အိတ်ဖွင့်ပေးစာ ပေးပို့ပြီးနောက်ပိုင်း ထပ်မံရရှိသော အဖွဲ့အစည်းအမည်စာရင်းကို အောက်ပါအတိုင်း ဖြည့်စွက်ထားပါသည်။

  1. Yangon People’s Strike
  2. Save Myanmar San Francisco

အိတ်ဖွင့်ပေးစာကို PDF ဖိုင်ဖြင့်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ