စစ်ခေါင်းဆောင်တွေကို ကြိုးကွင်းစွပ်မယ့် မုံတိုင်ပင်က သက်သေတွေ

July 7th, 2022  •  Author:   Arbitrary Killings by Military Junta (Ye-U Township)  •  1 minute read
Featured image

မုံတိုင်ပင်ရွာ ဘုန်းကြီးကျောင်းတွင် လူ ၃၀ ခန့် လက်ပြန်ကြိုးတုပ်ပြီး စစ်သားများက ဖမ်းဆီးထားစဉ် / RFA

By ဧရာဝတီ 

“ကံသီလို့ လွတ်လာတာလို့ပဲ မှတ်တော့တယ်” လို့ ပြောပြလာသူက မုံတိုင်ပင်ဖြစ်စဉ်မှာ အသက်ရှင်ကျန်ရစ်ခဲ့သူတွေ ထဲက တဦးဖြစ်တဲ့ ဦးညို (အမည်လွှဲ) ဖြစ်ပါတယ်။

မုံတိုင်ပင်ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ RFA သတင်းဌာနကနေ စတင်ပေါက်ကြားလာခဲ့တဲ့ အာဏာသိမ်း စစ်တပ် ရဲ့ စက်ဆုပ်ဖွယ်ရာ လူသတ်ပွဲကြီးကို တန်းမြင်မိမှာပါ။

ရုပ်သံမှတ်တမ်းအရ ပေါ်ထွက်လာခဲ့တဲ့ မုံတိုင်ပင်ကျေးရွာ ဖြစ်စဉ်မှာ စစ်ကောင်စီ တပ်သားတွေဟာ ဒေသခံ ဘယ်နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ဘယ်လို ပုံစံမျိုးတွေနဲ့ သတ်ဖြတ်ခဲ့ကြသလဲ၊ အသက်ရှင် ကျန်ရစ်သူတွေ ရှိသေးလားဆိုတဲ့ မေးခွန်း‌တွေနဲ့အတူ ဧရာဝတီက စုံစမ်းခဲ့ရာ အသက်ရှင်လျက် လွတ်မြောက်လာသူတွေနဲ့ အဆက်အသွယ် ရရှိခဲ့ပါတယ်။

စစ်ကောင်စီ တပ်သားတွေဟာ ဒေသခံ ဘယ်နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ဘယ်လို ပုံစံမျိုးတွေနဲ့ သတ်ဖြတ်ခဲ့ကြသလဲ၊ အသက်ရှင် ကျန်ရစ်သူတွေ ရှိသေးလားဆိုတဲ့ မေးခွန်း‌တွေနဲ့အတူ ဧရာဝတီက စုံစမ်းခဲ့ရာ အသက်ရှင်လျက် လွတ်မြောက်လာသူတွေနဲ့ အဆက်အသွယ် ရရှိခဲ့ပါတယ်။

ဒါ့ပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထွက်ခွာသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ ခြေရာလက်ရာတွေ၊ ရုပ်အလောင်းတွေကို တွေ့ ရှိခဲ့ရတဲ့ မျက်မြင်သက်သေတွေကိုလည်း ဆက်သွယ်မေးမြန်းခွင့် ရခဲ့ပါတယ်။

အသက် ၆၅ နှစ်အရွယ် ဦးညို (အမည်လွှဲ) ဟာလည်း ဧရာဝတီက ဆက်သွယ် မေးမြန်းခွင့်ရတဲ့ မျက်မြင်သက်သေ တွေထဲကတဦး ဖြစ်ပါတယ်။

မေလ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းတွေပါမချန် ပစ်ခတ်ပြီး ဝင်ရောက်လာခဲ့ပါတယ်။ သေဆုံးသူ တွေထဲက ၂ ဦးဟာ လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့တာလို့ ဦးညိုက အတည်ပြုပါတယ်။

“သေနတ်သံတွေ ကြားပြီးတော့ ဘုရားလိုဏ်ခေါင်းတွေထဲ ဝင်ပုန်းကြတာပါပဲ။ အဲဒီမှာ တဒိုင်းဒိုင်းနဲ့ အတင်းပစ်တာ။ ဘုရားလိုဏ်ခေါင်းတွေထဲလည်း အပစ်ခံရတာပဲ။ ဘုရားလိုဏ်ခေါင်းကနေ လက်မြှောက်လျက် အနေအထားနဲ့ အပစ် ရပ်ပါလို့ အော်ဟစ်ရင်း ထွက်လာခဲ့ရတယ်” လို့ အဲဒီနေ့က ကြုံခဲ့ရတာတွေကို သူက ပြန်ပြောပြပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ သူတို့ကို ဘုန်းကြီးကျောင်းမှာ တန်းစီထိုင်ခိုင်းပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့သလို တရွာလုံးက တွေ့သမျှလူတွေကို ဆွဲခေါ်၊ အင်္ကျီချွတ်ခိုင်းပြီးတော့ ကျေးရွာစာသင်ကျောင်းထဲမှာ ကြိုးနဲ့ တုပ်ထားခဲ့ပါတယ်။

“စာသင်ကျောင်းထဲက လူတွေကို ကြိုးတုပ်ပြီးတော့ ဘုန်းကြီးကျောင်းထဲကို ခေါ်လာတာပဲ။ ဘုန်ကြီးကျောင်းထဲက အဝင်ဇရပ်ကို ခေါ်ပြီးတော့ ငယ်တဲ့လူတွေကို စစ်ပါတယ်။ နဖားကြိုးနဲ့ ရိုက်ရိုက်ပြီးတော့ စစ်တာပါပဲ။ မင်းတို့က PDF တွေလားဆိုပြီး ရိုက်စစ်တာပဲ”

“စာသင်ကျောင်းထဲက လူတွေကို ကြိုးတုပ်ပြီးတော့ ဘုန်းကြီးကျောင်းထဲကို ခေါ်လာတာပဲ။ ဘုန်ကြီးကျောင်းထဲက အဝင်ဇရပ်ကို ခေါ်ပြီးတော့ ငယ်တဲ့လူတွေကို စစ်ပါတယ်။ နဖားကြိုးနဲ့ ရိုက်ရိုက်ပြီးတော့ စစ်တာပါပဲ။ မင်းတို့က PDF တွေလားဆိုပြီး ရိုက်စစ်တာပဲ” လို့ ဦးညိုက ပြောပြတယ်။

ဖမ်းဆီးခံရသူဟာ ဦးညို အပါအဝင် ၃၆ ယောက် ရှိခဲ့ပြီး နောက်တနေ့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ၅ ယောက် တတွဲနဲ့ နံနက် ၁၁ နာရီလောက် ကနေပြီး ၂ နာရီလောက်ထိ တသုတ်ပြီးတသုတ် ခေါ်ထုတ်သွားခဲ့ပါတယ်။

မုံတိုင်ပင်ကျေးရွာ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ စစ်သားများ/RFA

သူကတော့ “အသက်ကြီးတဲ့သူတွေ ထားခဲ့ပါ” ဆိုတဲ့ စကားတခွန်းကြောင့် ကျန်ရစ်ပြီး သူ အပါအဝင် ၈ ဦးကို ရိပ်သာ ဆောင်ထဲမှာ ပိတ်ထားခံခဲ့ရပါတယ်။

အဲဒီနေ့ည ဖြတ်သန်းလွန်မြောက်ပြီးလို့ ဦးညိုတို့တစု လွတ်မြောက်လာချိန်မှာတော့ အခြားကျန်တဲ့သူတွေ သေဆုံးနေ ခဲ့ရပြီဆိုတာ သိလိုက်ရပါတယ်။

“ကျနော်တို့ ရွာကနေ ပြန်သိရတာက ဘယ်အိမ်က ဘယ်နှစ်လောင်းဆိုတာ အဲဒီရောက်မှ သတ်မှန်း သိတော့တာ။ ဖမ်းခံခဲ့ရတဲ့လူတွေပဲ သေတယ်ဆိုတာကို သိလိုက်ရတာ” လို့ အသက်ရှင် လွတ်မြောက်လာသူ တဦးကလည်း ဆိုပါတယ်။

မုံတိုင်ပင်ရွာ လူသတ်ပွဲကြီးမှာ စုစုပေါင်း ဒေသခံပြည်သူ ၂၈ ဦး သေဆုံးခဲ့ရပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို လွှတ်ပေးဖို့အတွက် ဓားစာခံအနေနဲ့ သံဃာတော် ၃ ပါးကို လူဝတ်လဲ ဖမ်းဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

မုံတိုင်ပင်ရွာ လူသတ်ပွဲကြီးမှာ စုစုပေါင်း ဒေသခံပြည်သူ ၂၈ ဦး သေဆုံးခဲ့ရပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို လွှတ်ပေးဖို့အတွက် ဓားစာခံအနေနဲ့ သံဃာတော် ၃ ပါးကို လူဝတ်လဲ ဖမ်းဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တယ် ဆိုတာကို ငြင်းမရနိုင်အောင် ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ ပေါ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

မုံတိုင်ပင်ကျေးရွာ သတ်ဖြတ်မှု ကျူးလွန်ထားပုံ/RFA

RFA က ရရှိထားတဲ့ ဗီဒီယိုဖိုင်အရ စစ်ကောင်စီ တပ်သားတဦးဟာ သူ့တပ်ဖွဲ့က အခြားသူ ၂ ဦးနဲ့ သူတို့ ဘယ်လို သတ်ဖြတ်ခဲ့တယ် ဆိုတာကို ရယ်ရယ်မောမောနဲ့ အရသာခံ ပြောဆိုနေတာတွေကို ဖုန်းပိုင်ရှင်ကိုယ်တိုင်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ရုပ်သံဖိုင်ထဲက စစ်ကောင်စီ တပ်သားတဦး ပြောထားတဲ့ “အဲဒီကောင်တွေကို မနေ့တုန်းက ငါသတ်တာ။ ငါဖမ်းတဲ့ ကောင်ကို ငါသတ်တာ။ အဲဒါကို ဆာဂျင်ကြီး ၃ ပိုင်းလောက်ပိုင်းပြီး မြှုပ်ခဲ့ပါဦး” ဆိုတဲ့အတိုင်းပဲ လက်တွေ့မှာလည်း သူတို့တွေဟာ လူတွေကို အပိုင်းပိုင်း ခုတ်ထစ်ခဲ့ကြပါတယ်။

မသေခင် အပိုင်းပိုင်း ဖြတ်ခံရသလား၊ သေသွားပြီးမှ အပိုင်းပိုင်း ခုတ်ထစ်ခဲ့သလား ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိတော့ပါ။ မျက်မြင်တွေရဲ့ ပြောပြချက်အရ အချို့အလောင်းတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်း မစုံတော့တာမျိုးတွေထိ ရှိတယ်လို့ သိရပါတယ်။

အလောင်းတွေ တွေ့ရတဲ့ ပုံတွေအရလည်း တအိမ်နဲ့တအိမ်မှာ သတ်ဖြတ်ခဲ့တဲ့ပုံစံတွေ မတူတာ တွေ့ရတယ်လို့ ဒေသခံ မျက်မြင်တွေက ပြောပါတယ်။ အများစုကို သတ်ပြီးမှ မီးရှို့ထားတဲ့ လက္ခဏာတွေ တွေ့ရသလို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ် ခံထားရတာမျိုးကိုလည်း မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

အလောင်းတွေကို ကိုယ်တိုင်ကောက်ယူ သဂြိုဟ်ပေးခဲ့ရတဲ့ မျက်မြင်သက်သေတဦးက “တွေ့တဲ့ လူတချို့မှာ ခြေ ထောက်နဲ့ ခန္ဓာကိုယ် ဝေးနေတာမျိုးတွေ၊ တခုနဲ့တခု ကောက်ဆက်ပြီးတော့မှ ဒါ တဦး ဖြစ်နိုင်တယ် ဆိုတာကို ယူဆရ တာပေါ့။ ပြတ်ထွက်နေတာ။ ဓားနဲ့ခုတ်ထားတယ်လို့ ယူဆရတော့တာပေါ့။ တချို့ဆို ၃ ပိုင်းလောက် တွေ့တယ်” လို့ ပြောပြပါတယ်။

အိမ်တအိမ်မှာတော့ အလောင်း ၆ လောင်းနဲ့ ကျည်ဆံ ၆ တောင့်ကို တွေ့ရတာကြောင့် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ခံထားရတယ်လို့ ယူဆရပြီး ရွာရဲ့ အချို့နေရာတွေမှာ သွေးကွက်တွေ တွေ့ရတာကြောင့် ပြင်းပြင်းထန်ထန် နှိပ်စက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတာလည်း သက်သေပြနေပါတယ်။

အလောင်းတွေ တွေ့ရတဲ့ ပုံတွေအရလည်း တအိမ်နဲ့တအိမ်မှာ သတ်ဖြတ်ခဲ့တဲ့ပုံစံတွေ မတူတာ တွေ့ရတယ်လို့ ဒေသခံ မျက်မြင်တွေက ပြောပါတယ်။ အများစုကို သတ်ပြီးမှ မီးရှို့ထားတဲ့ လက္ခဏာတွေ တွေ့ရသလို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ် ခံထားရတာမျိုးကိုလည်း မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

မုံတိုင်ပင်ကျေးရွာ သတ်ဖြတ်မှု ကျူးလွန်ထားပုံ/RFA

“ရွာအဝင် ဆန်စက်အိမ်ထဲမှာတွေ့တဲ့ အလောင်းကျတော့ လက်ပြန်ကြိုးတုပ် ဒူးထောက် ထိုင်ခိုင်းထားပြီးတော့ ကားတာယာကွင်းစွပ် မီးရှို့သွားတာ ဆိုတော့ ဒါက သတ်ပြီးမှ မီးရှို့တာတော့ မဖြစ်နိုင်ဘူး” လို့ မျက်မြင်သက်သေ တဦးက ကောက်ချက်ချ ပြောဆိုပါတယ်။

အခုအချိန်ထိ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေဟာ ကြောက်ရွံ့ပြီး ရွာကိုမပြန်ရဲသေးလို့ မတရားဖမ်းဆီး နှိပ်စက်သတ် ဖြတ်ခံရတဲ့ မိဘ၊ ညီအစ်ကို၊ မောင်ဘွားတွေအတွက် ရက်လည်ဆွမ်းသွတ်တောင် မလုပ်ရသေးတဲ့ မိသားစုတွေ ရှိနေ ပါတယ်။

“အခုအချိန်ထိ အမျှမဝေနိုင်သေးဘူးပေါ့။ အဲဒီလိုလူမျိုး ၁၀ ယောက်ကျော်လောက် ရှိမယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။

ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ တပ်သားတွေကတော့ သူတို့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ နောင်တရမှာ မဟုတ်သလို လက်နက်မဲ့ ပြည်သူတွေအပေါ် ဘယ်လို လက်ရဲဇက်ရဲနဲ့ မြိန်ရေရှက်ရေ ကျူးလွန်ခဲ့တယ်ဆိုတာကို သူတို့ရဲ့ အပြန်အလှန် ပြောစကားတွေက သက်သေထူနေပါတယ်။

ဓာတ်ပုံမှတ်တမ်းများအရ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်-နမခ တပ်များနှင့် ရန်ကုန်တိုင်း၊ တိုက်ကြီးတွင် အခြေစိုက်သည့် အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တို့ ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်ခဲ့/RFA

“၂၆ ယောက်တောင် သတ်ဖူးတယ်ဆိုတော့ ဘယ်လိုတွေ သတ်ဖူးသလဲလို့၊ သေနတ်နဲ့ပဲ ပစ်တာလား”၊ “မဟုတ်ဘူးလေကွာ အဲဒီလိုတော့။ သေနတ်နဲ့ ပစ်တာတော့ ရှိတယ်လေကွာ။ လက်နဲ့တော့ မသတ်ခဲ့ဘူးပေါ့”၊ “ကျနော်ကတော့ လည်ပါ လှီးခဲ့တယ်”၊ “လည်ပင်းလှီးတာ။ အဲဒီလို လည်လှီးခဲ့တာတော့ အများကြီးပေါ့”

“ကျနော် သတ်တာ ၅ ယောက်ပဲ သတ်ဖူးတယ်။ ၅ ယောက်ထဲပဲ ရှိတယ်”၊ “၈ ယောက်လောက် ရှိသွားပြီ။ ဟေ့ကောင် မင်းသိတယ်နော်။ ၈ ယောက်လောက် ရှိသွားပြီ” စသဖြင့် ပြောဆိုချက်တွေဟာ ကျူးလွန်သူတွေ ကိုယ်တိုင်ရဲ့ ဝန်ခံ ချက်ပဲ ဖြစ်ပါတယ်။

မုံတိုင်ပင်ရွာ ဖြစ်စဉ်မှာ သတ်ဖြတ်ခံခဲ့ရတဲ့သူတွေထဲ စိတ်ကျန်းမာရေး မကောင်းသူတောင် ပါဝင်နေပါတယ်။  

မုံတိုင်ပင်ရွာ ဖြစ်စဉ်မှာ သတ်ဖြတ်ခံခဲ့ရတဲ့သူတွေထဲ စိတ်ကျန်းမာရေး မကောင်းသူတောင် ပါဝင်နေပါတယ်။ သေဆုံး သူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ ကတုံးနဲ့ ခွေခွေလေးလဲရင်း သေဆုံးနေသူဟာ ကိုကျော်စွာလင်းဆိုတဲ့ အသက် ၄၂ နှစ်အရွယ် စိတ်ကျန်းမာရေး မကောင်းသူတဦး ဖြစ်ပါတယ်။

ကိုကျော်စွာလင်းရဲ့ သူငယ်ချင်းဖြစ်သူက “အသတ်ခံရတဲ့ သူငယ်ချင်းထဲမှာ ၁ ယောက်က စိတ်ကျန်းမာရေး မကောင်း ဘူး။ သူ့ အသက်က ၄၂၊ အသက် ၃၀ မှာ စိတ်ဖောက်သွားတာ။ ကိုကျော်စွာလင်း ကတုံးနဲ့တယောက်။ သေးသေးလေး လဲနေတဲ့တယောက်ပဲ” လို့ ဝမ်းနည်းစွာ ဆိုပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အဓိက တာဝန်ရှိတဲ့ စစ်ကောင်စီကို RFA က မေးမြန်းတဲ့အခါ ပြောခွင့်ရ ဗိုလ်ချုပ်ဇော် မင်းထွန်းက စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ဖြေကြားခဲ့ပေမယ့် ဒီကနေ့အချိန်ထိ မည်သည့် စုံစမ်းစစ်ဆေးမှု၊ အရေးယူမှုမျိုးကိုမှ မတွေ့ရသေးပေ။

ဓာတ်ပုံမှတ်တမ်းများအရ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်-နမခ တပ်များနှင့် ရန်ကုန်တိုင်း၊ တိုက်ကြီးတွင် အခြေစိုက်သည့် အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တို့ ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်ခဲ့/RFA

နေပြည်တော်မှာ ပြုလုပ်သွားတဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာလည်း အဲဒီ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တစိုးတစိမျှ ပြောဆိုသွားခြင်းမျိုး မရှိခဲ့ပေ။

တကယ်တော့ ဒီလုပ်ရပ်တွေဟာ War Crimes လို့ ကမ္ဘာကခေါ်ကြတဲ့ စစ်ရာဇဝတ်မှုတွေသာ ဖြစ်ပါတယ်။

မုံတိုင်ပင်ဟာ လက်နက်မဲ့ အရပ်သား ပြည်သူတွေအပေါ် ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်းရမ်းနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာထဲက သက်သေတခုမျှသာပဲ ဖြစ်ပါတယ်။

အခုအချိန်ထိလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ တရွာဝင်တရွာထွက် မီးရှို့ဖျက်ဆီးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်လုယက်မှုတွေကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

စစ်ပွဲအတွင်းမှာ လူတွေကို ဆန္ဒအလျောက် သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ စစ်ရေးအရ လိုအပ်ခြင်း မရှိဘဲ ပိုင်ဆိုင်မှု ပစ္စည်းများကို ဖျက်ဆီးခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်း၊ အကာအကွယ်မရှိသော၊ စစ်ရေးစစ်ရာ အနေနဲ့ တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်မထားသော မြို့များ၊ ရွာများ၊ နေအိမ်များကို မည်သည့်နည်းနဲ့မဆို တိုက်ခိုက်ခြင်းတွေဟာ စစ်ရာဇဝတ်မှုတွေကို အတိအလင်း ကျူးလွန်တာ ဖြစ်ပါတယ်။  

နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအရ စစ်ပွဲအတွင်းမှာ လူတွေကို ဆန္ဒအလျောက် သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ စစ်ရေးအရ လိုအပ်ခြင်း မရှိဘဲ ပိုင်ဆိုင်မှု ပစ္စည်းများကို ဖျက်ဆီးခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်း၊ အကာအကွယ်မရှိသော၊ စစ်ရေးစစ်ရာ အနေနဲ့ တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်မထားသော မြို့များ၊ ရွာများ၊ နေအိမ်များကို မည်သည့်နည်းနဲ့မဆို တိုက်ခိုက်ခြင်းတွေဟာ စစ်ရာဇဝတ်မှုတွေကို အတိအလင်း ကျူးလွန်တာ ဖြစ်ပါတယ်။

အောက်ခြေ စစ်သားတွေဟာ ဒီလို စစ်ရာဇဝတ်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်တတ်သလို၊ စစ်ခေါင်းဆောင်တွေ ကိုယ် တိုင်ကလည်း ဒါတွေကို မကျူးလွန်ဘူးလို့ ဗြောင်ငြင်းပြီး အပြစ်ပေး အရေးယူခံရမှုတွေကနေ ရှောင်ကွင်းနေတတ်ကြပါ တယ်။

သို့ပေမယ့် မုံတိုင်ပင် လူသတ်ပွဲကတော့ ကျူးလွန်သူတွေ အပါအဝင် စစ်ခေါင်းဆောင်တွေ အနေနဲ့ ဘယ်လိုမှ မငြင်းနိုင်တဲ့ သက်သေ အထောက်အထားတွေနဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဖုန်းပြုတ်ကျရာကနေ ပေါ်ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ မှတ်တမ်းအချက် အလက်တွေ၊ ဖြစ်ရပ်ဆိုးကနေ လွတ်မြောက်လာတဲ့ သက်ရှိ လူသက်သေတွေ၊ ရုပ်အလောင်းတွေကို သဂြိုဟ်သူတွေရဲ့ မြေပြင်အခြေအနေ မှတ်တမ်းတွေက ၎င်းတို့ရဲ့ စစ်ရာဇဝတ်မှုကို ပီပြင်ထင်ရှားစေခဲ့ပါတယ်။  

မှတ်တမ်းတွေကနေတဆင့် ဘယ်တပ်ရင်း၊ တပ်မတွေက ကျူးလွန်ခဲ့တယ်၊ ဘယ်သူက အမိန့်ပေး စေခိုင်းခဲ့တယ် စသဖြင့်လည်း တစတစနဲ့ ပေါ်ထွက်လာနေပြီ ဖြစ်ပါတယ်။

ဖုန်းပြုတ်ကျရာကနေ ပေါ်ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ မှတ်တမ်းအချက် အလက်တွေ၊ ဖြစ်ရပ်ဆိုးကနေ လွတ်မြောက်လာတဲ့ သက်ရှိ လူသက်သေတွေ၊ ရုပ်အလောင်းတွေကို သဂြိုဟ်သူတွေရဲ့ မြေပြင်အခြေအနေ မှတ်တမ်းတွေက ၎င်းတို့ရဲ့ စစ်ရာဇဝတ်မှုကို ပီပြင်ထင်ရှားစေခဲ့ပါတယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်နဲ့ ဘဝတွေ ပေးဆပ်စတေးခံထားရတဲ့ ဒီသက်သေတွေဟာ စစ်ခေါင်းဆောင်နဲ့ တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူနိုင်မယ့်၊ တချိန်မှာ နိုင်ငံတကာခုံရုံးအရောက် ပို့ဆောင်ပြီး တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်မယ့် မှတ်တမ်းမှတ်ရာတွေပဲ ဖြစ်ပါတယ်။


Original Post: The Irrawaddy