06 March 2022
Ma Thiri Yadanar, Ko Aung Myo Ko and Ko Kyaw Zin Latt (Amarapura Township)
မသီရိရတနာ၊ ကိုအောင်မျိုးကို၊ ကိုကျော်ဇင်လတ် (ဝဲမှယာ)
အာဏာသိမ်းပြီးနောက် အိုးဘိုထောင်ရောက် ကျောင်းသားများအတွက် ထောင်ဝင်စာပို့ပေးနေသူသုံးဦးကို စစ်ကောင်စီက မသက်ဆိုင်သည့် အမှုကြီးတပ်မည်ကို ဗကသများအဖွဲ့ချုပ်က စိုးရိမ်နေသည်။
By Myanmar Now
မန္တလေး အမရပူရမြို့နယ်တွင် ပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ ကျောင်းသူနှစ်ဦးနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ကျောင်းဆရာတစ်ဦးကို မတ် ၂ ရက်တွင် စစ်ကောင်စီ ဖမ်းသွားသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က အတည်ပြုသည်။
အသက် ၂၀ ကျော်အရွယ်များဖြစ်သည့် မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်မျိုးကို၊ ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူး မသီရိရတနာနှင့် စဉ့်ကူးမြို့နယ် မကွေးတရာ မူလတန်းလွန်ကျောင်းမှ မန္တလေးပညာရေးကောလိပ်ဆင်း CDM ကျောင်းဆရာ ကိုကျော်ဇင်လတ်တို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ထိုနေ့ညနေတွင် အမရပူရ မှန်တန်းရပ်ကွက်ရှိ မသီရိရတနာ၏နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားရောက်လာကာ ဖမ်းသွားပြီးနောက် ယနေ့(မတ်၆)အထိ ပြန်မလွတ်သေး၍ စိုးရိမ်ပူပန်နေရကြောင်း ဗကသများအဖွဲ့ချုပ်ဝင်တစ်ဦးက ပြောသည်။
“မသီရိရတနာရဲ့အိမ်မှာ သုံးယောက်ဆုံတဲ့အချိန် လာဖမ်းသွားတာ။ သတင်းပေးခံရလို့ထင်တယ်။ ကိုအောင်မျိုးကိုကိုတော့ ရိုက်နှက်ဖမ်းသွားတယ်။ သူ့ရဲ့နေအိမ်ကိုလည်း ချိတ်ပိတ်ခံရတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။
၎င်းတို့သုံးဦးမှာ မန္တလေး အိုးဘိုအကျဉ်းထောင်၌ ချုပ်နှောင်ခံထားရသော မိသားစုနှင့် အဆက်အသွယ်မရသူ ကျောင်းသားလူငယ်များကို လစဉ်ထောင်ဝင်စာပို့နေကြသူဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ် ထံမှသိရသည်။
အမရပူရမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးခံနေရသည့် ထိုသုံးဦးကို ၎င်းတို့နှင့် မသက်ဆိုင်သည့် ပုဒ်မကြီးများတပ်မည်ဟု ကြားသိရ၍ စိုးရိမ်ပူပန်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
“သူတို့က ဗကသလှုပ်ရှားမှုတွေမှာပဲပါခဲ့တာ။ PDF တွေဘာတွေ ဆက်နွှယ်ခြင်း မရှိပါဘူး။ အခု မဆိုင်တဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ အစစ်အဆေးခံနေရတယ်ကြားတယ်။ အဲဒီအတွက် အသက်အန္တရာယ်နဲ့ လုံခြုံရေးလည်း စိုးရိမ်နေရတယ်”
ထိုသုံးဦးကို ဖမ်းဆီးစဉ် မသီရိရတနာ၏ နေအိမ်အနီး ဖုန်းဖြင့် ဓာတ်ပုံရိုက်သည့် လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက မျက်မြင်တွေ့ရှိသူကို ကိုးကား၍ ပြောသည်။ သို့သော် အသေးစိတ်အခြေအနများကို သီးခြားအတည်မပြုနိုင်သေးပေ။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အမရပူရမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။
ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ကျော်ချိန်အထိ ဆန္ဒပြဆန့်ကျင်မှုများ အားကောင်းနေသည့် မန္တလေးတွင် စစ်ကောင်စီက ထိုသို့ဖမ်းဆီးမှု၊ ပစ်သတ်မှု မကြာခဏပြုလုပ်နေသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်သတ်သည့် စစ်ကောင်စီကို ပြန်လည်ခုခံသည့် လှုပ်ရှားမှုများလည်း မန္တလေးတွင် ရှိနေသည်။
Original Post: Myanmar Now
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.