Report 432 Views

Chins killed by the Tatmadaw in 11 Months (February-December, 2021) – ၁၁လတာ ကာလအတွင်း တပ်မတော်မှသတ်ဖြတ်ခဲ့သည့် ချင်းလူမျိုးများ (ဖေဖော်ဝါရီ – ဒီဇင်ဘာ၊ ၂၀၂၁)

January 6th, 2022  •  Author:   Institute of Chin Affairs  •  2 minute read
Featured image

Within the 11 months, from the military coup on February 1 till December 31, 2021, the Myanmar junta troops killed 163 Chin people.

Among the deaths were 87 civilians (including 13 women) and 76 members from Chin resistance forces. Among them, three were killed by landmines planted by the Tatmadaw and the bodies of eight civilians were not recovered. Seven were either burned to death or killed in a fire caused by the troops.

Some victims were killed when the Myanmar junta troops violently attacked on peaceful protesters and others lost their lives when the Military Council deployed heavy artillery and airstrikes indiscriminately against innocent civilians. Some were arbitrarily arrested and tortured to death, some even burned to death. In addition to killing innocent civilians without any reason, the junta troops carried arson attacks, planted landmines, and fired heavy weapons into civilian neighbourhoods. The Tatmadaw clearly appears to target the Chin civilians intentionally to create fear among the population.

The Myanmar Military Council’s systematic attacks and killings of civilians are clearly crimes against humanity and war crimes. The Myanmar Military Council must be held accountable for its crimes.

The ICA urges the Tatmadaw to immediately cease targeting civilians, their houses, and belongings, and to cease killing innocent people, particularly women and children and to refrain from indiscriminate firing and using heavy artillery against the civilian population.

The ICA also calls on the international community to intervene and increase pressure on the Myanmar junta to cease its military operations and human rights violations against the Chin People.

 Media Contact: [email protected], +919362634715

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ (၁၁) လ တာ ကာလအတွင်း စစ်ကောင်စီတပ်သည် ချင်းတိုင်းရင်းသား (၁၆၃) ဦးအား သတ်ဖြတ်ခဲ့ပါသည်။

သေဆုံးသူများတွင် အမျိုးသမီး (၁၃) ဦး အပါအဝင် အရပ်သားပြည်သူ (၈၇) ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များမှ (၇၆) ဦး အထိ ရှိပါသည်။ ထိုအထဲတွင် စစ်ကောင်စီ၏ မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၇) ဦး၊ အလောင်းပြန် မရသည့် အရပ်သား (၈) ဦး နှင့် မိုင်းထိ၍ သေဆုံးသူ အရပ်သား (၃) ဦးထိ ပါဝင်ပါသည်။

စစ်ကောင်စီတပ်မှ စစ်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်အရပ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးမှုနှင့် စစ်ကြောရေးအတွင်း ညှင်းပန်းနှိပ်စက်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူနေအိမ် များနှင့် အပြစ်မဲ့အရပ်သားများအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးကြရခြင်း ဖြစ်ပါသည်။ စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်သည့်အပြင် ကျေးရွာလူနေအိမ်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် မီးရှို့ခြင်းနှင့်  လူနေရပ်ကွက်များ၊ အရပ်သားများကျင်လည်ကျက်စားရာနေရာများတွင် မိုင်းထောင်တိုက်ခိုက်ခြင်း တို့ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက် ရှိသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ စနစ်တကျ တိုက်ခိုက်သတ်ဖြတ်ခြင်းတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြောင်း ထင်ရှားနေပေသည်။

စစ်ကောင်စီတပ်သည် ၎င်းကျူးလွန်သည့် ပြစ်မှုများအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း နှင့် အရပ်သား ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ပစ်မှတ်ထားခြင်း၊ အပြစ်မဲ့ပြည်သူများအား တိုက်ခိုက်သတ်ဖြတ်ခြင်း တို့အား ချက်ချင်းရပ်တန့်ရန် ချင်းရေးရာအဖွဲ့ချုပ်မှ အလေးအနက် တိုက်တွန်းသည်။

ချင်းရေးရာအဖွဲ့ချုပ်သည် နိုင်ငံတကာအသိုင်းအဝန်းအား စစ်ကောင်စီတပ်၏ ချင်းတိုင်းရင်းသားများနှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ စစ်ဆင်ရေးဆောင်ရွက်နေမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အား ရပ်တန့်စေမည့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ထပ်မံတောင်းဆိုသည်။

ဆက်သွယ်ရန်:  [email protected], +919362634715


Download for Chin Fatalities List.