ရခိုင်တွင် CDM အထက်တန်းပြဆရာမတဦး ဖမ်းဆီးခံရ

November 20th, 2021  •  Author:   Daw Cherry Thet Shee (Toungok Township)  •  1 minute read
Featured image

ဒေါ်ချယ်ရီသက်ရှည်  

BY ဧရာဝတီ၊ နိုဝင်ဘာ ၂၀ ၊ ၂၀၂၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသော အထက်တန်းပြ ကျောင်းဆရာမ တဦး ဖမ်းဆီးခံလိုက်ရကြောင်း ရခိုင်ပြည်နယ် အခြေစိုက် Narinjara နှင့် Western News တို့က ရေးသားဖော်ပြထားသည်။

အသက် ၄၀ အရွယ် ဒေါ်ချယ်ရီသက်ရှည်သည် ယနေ့ နံနက်ပိုင်းတွင် သူမနေထိုင်သော တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက် နေအိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ယခု ကျောင်းဆရာမ ဖမ်းဆီးခံရခြင်းသည် စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်အတွင်း၌ ပထမဆုံးအကြိမ် CDM ပြုလုပ်ထား သူတဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ နှင့် ဆက်နွယ်သည်ဟု စွပ်စွဲချက်ဖြင့် လူငယ် တချို့ ဆက်တိုက်ဖမ်းဆီးခံရခြင်းများ ရှိနေသည်။


Original Post: The Irrawaddy