အာဆီယံထိပ်သီးအစည်းအဝေးကိုဖိတ်မယ့် မြန်မာကိုယ်စားလှယ် ဘယ်သူဖြစ်လာမလဲ

October 16th, 2021  •  Author:   BBC Burmese  •  1 minute read
Featured image
ဘီဘီစီမြန်မာပိုင်း

အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ဘရူနိုင်းနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ကြားဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းက အတည်ပြုကြောင်း ရိုက်တာသတင်းက ဖော်ပြလာပါတယ်။

အာဆီယံအနေနဲ့ စစ်ကောင်စီဥက္ကဋ္ဌကို အာဆီယံထပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေကို တက်ရောက်ခွင့် မပေးပေမယ့် နိုင်ငံရေးနဲ့ ပတ်သက်ခြင်းမရှိတဲ့ ကိုယ်စားပြုသူကိုတက်ရောက်ခွင့်ပြုဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ရှိထားပါတယ်။

ဒါပေမဲ့ ဒီကိုယ်စားပြုသူကို စစ်ကောင်စီဘက်က လက်မခံရင် ဘယ်လိုဖြစ်လာနိုင်ပါသလဲ။

အာဆီယံက ဖိတ်ဖို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံရေးနဲ့ပတ်သက်ခြင်းမရှိတဲ့ ကိုယ်စားလှယ်ဆိုတာက ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်နိုင်ပါသလဲ။ အခုအာဆီယံရဲ့ဆုံးဖြတ်ချက်က ဘယ်လိုသဘောဆောင်ပါသလဲ။ အာဆီယံရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Progressive Voice ရဲ့ အကြံပေးဘုတ်အဖွဲ့ဝင် မခင်ဥမ္မာကို မညိုလဲ့ရည်ဆက်သွယ်မေးမြန်းထားပါတယ်။