Statement 1495 Views

ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက်အသိအမှတ်ပြုရန်အတွက် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း

September 13th, 2021  •  Author:   358 Myanmar and International Civil Society Organizations  •  9 minute read
Featured image

သို့

ကုလသမဂ္ဂအထွေထွေညီလာခံ အဖွဲ့ဝင်နိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်များ

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်

အကြောင်းအရာ။           ။ ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက်အသိအမှတ်ပြုရန်အတွက် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။

ဂုဏ်သရေရှိသော လူကြီးမင်းများရှင်/ခင်ဗျား

အောက်တွင် လက်မှတ်ရေးထိုးထားသော ကျယ်ပြန့်သည့် အင်အားစုကို ကိုယ်စားပြုသော မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိ အရပ်ဘက်လူထုအဖွဲ့အစည်း ၃၅၈ ဖွဲ့မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် စတင်ကျင်းပရန် စီစဉ်ထားသည့် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ၏ ၇၆ ကြိမ်မြောက် ညီလာခံ သက်တမ်းတွင် ကုလသမဂ္ဂ (UN) ဆိုင်ရာ မြန်မာနိုင်ငံ၏ လက်ရှိအမြဲတမ်း ကိုယ်စားလှယ်ဖြစ်သော သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၎င်း၏ လက်ရှိတာဝန် ရာထူးနေရာတွင် ဆက်လက်ထားရှိရေး အာမခံချက်ရှိစေရန် UNGA အဖွဲ့ဝင်နိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်များကို တိုက်တွန်းတောင်းဆို လိုက်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံ၏ လက်ရှိတရားဝင်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် UN ၏ အထောက်အထားစိစစ်ရေးကော်မတီ (Credentials Committee) မှ ဦးကျော်မိုးထွန်း၏ တရားဝင်မှု အထောက်အထားများကို လက်ခံခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် UNGA က အတည်ပြုခဲ့သည့် UNGA ၏ ၇၅ ကြိမ်မြောက် ညီလာခံသက်တမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခဲ့သည် (A/RES/75/19)။ ဦးကျော်မိုးထွန်းကို UN ဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ၂၀၁၆ ခုနှစ်တွင် စတင် အုပ်ချုပ်ခဲ့သော ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် မြန်မာနိုင်ငံ၏ အစိုးရက တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် ဦးကျော်မိုးထွန်း၏ တရားဝင်မှု အထောက်အထားများကို ရွေးချယ်တင်မြှောက် ခံထားရသော လက်ရှိမြန်မာနိုင်ငံအစိုးရက အသစ်ထပ်မံ တာဝန်ပေးအပ်ထားသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ၏ လွတ်လပ်၊ မျှတပြီး ယုံကြည်ထိုက်သော အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အစိုးရအသစ်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းကာ မတ်လတွင် အာဏာလွှဲယူ စတင်အုပ်ချုပ်ရမည် ဖြစ်သည်။ လွတ်လပ်သော ရွေးကောက်ပွဲများ အာရှကွန်ရက် (ANFE)၊ နှင့် ကာတာစင်တာ တို့အပါအဝင် ယုံကြည်ရလောက်သော ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့အစည်းများ၏ လေ့လာချက်အရ ထိုအထွေထွေရွေးကောက်ပွဲ၏ ရလဒ်သည် မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟပ်ခဲ့ကြောင်း သတ်မှတ်ခဲ့ကြသည်။ သို့ရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်မှ လွှတ်တော်အသစ် ခေါ်ယူရေး မဖြစ်မြောက်စေရန် ကိုယ်ထိလက်ရောက် တားမြစ်ခဲ့ပြီး ရွေးကောက်တင်မြှောက် ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များကို အဓမ္မဖမ်းဆီးထိန်းသိမ်းကာ အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်။

ထိုအချိန်မှစ၍ အာဏာသိမ်းမှု ဆန့်ကျင်သည့် ကြီးမားကျယ်ပြန့်သော လှုပ်ရှားမှုကြီး နိုင်ငံတစ်ဝှမ်းတွင် ပေါ်ပေါက်ခဲ့သည်။ မြန်မာနိုင်ငံကို အဓမ္မနည်းဖြင့် အာဏာရယူရန် အားထုတ်ခဲ့သော စစ်အပ်စု၏ ကြိုးပမ်းမှုသည် လက်ရှိအချိန်ထိ ဖြစ်ပွားနေဆဲဖြစ်သော ဆန္ဒပြပွဲများ၊ သပိတ်မှောက်မှုများ၊ နှင့် အစိုးရ ဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍဝန်ထမ်းများနှင့် အရပ်သားများ၏ အားကောင်းသော  လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) များ၏ ညီညွတ်သော ပူးပေါင်းခုခံတွန်းလှန်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ အစိုးရဝန်ထမ်းပေါင်း ၄၀၀,၀၀၀ ကျော်မှာ ဖေဖော်ဝါရီလမှစ၍ စစ်အုပ်စုကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) များက ကျယ်ပြန့်သော မြန်မာနိုင်ငံ၏ နယ်စပ်တစ်လျှောက် နယ်မြေများကို ဆက်လက်ထိန်းချုပ်ထားကြသည်။

စစ်အုပ်စုသည် ၎င်း၏ အာဏာလုယူထိန်းချုပ်ရန် ကြိုးပမ်းမှုတွင် ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိန်းခြင်း၊ မုဒိမ်းကျင့်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ နှင့် အိမ်နှင့် ရွာများကို လုယက်ဖျက်ဆီးခြင်းများ လုပ်ဆောင်နေလျက်ရှိသည်။ ဖေဖော်ဝါရီလမှစ၍ စစ်အုပ်စုသည် အနည်းဆုံး ကလေးငယ် ၇၅ ဦးအပါအဝင် လူဦးရေ ၁,၀၅၈ ဦးကို သတ်ဖြတ်ခဲ့ပြီး ၇,၉၉၂ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ ဤအခြေအနေကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်က ဤရက်စက်ကြမ်းကြုတ်သော နည်းနာများမှာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ အပါအဝင် နိုင်ငံတကာဥပဒေများအောက်ရှိ ရာဇဝတ်မှုမြောက်သည့် လူထုကို အကြောက်တရား လွှမ်းမိုးစေရေး ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများ ရှိနေသော်လည်း ပြည်သူများသည် ဆက်လက်၍ အာဏာဖီဆန် တွန်းလှန်နေလျက်ရှိသဖြင့် အာဏာသိမ်းမှုသည် လုံးဝ မအောင်မြင်ပေ။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် လုပ်ခဲ့သော UNGA ၏ အလွတ်သဘောဆွေးနွေးသည့်အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကို လုံးဝရှုတ်ချခဲ့ပြီး UN အဖွဲ့ဝင်နိုင်ငံများကို မြန်မာစစ်အုပ်စုအား အသိအမှတ်ပြုခြင်း သို့မဟုတ် တရားဝင်မှုရရှိစေခြင်း မလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ ထိုအချိန်မှစ၍ ရွေးချယ်တင်မြှောက်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးမျိုးသော တိုင်းရင်းသား အစုအဖွဲ့တို့၏ ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ ခေါင်းဆောင်များမှ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ကိုယ်စား သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ဆက်လက်ကိုယ်စားပြုခဲ့သည်။ NUG အစိုးရသည် လိုအပ်သော သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် ၎င်း၏အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး COVID-19 အကျပ်အတည်းနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအား ကြီးကြပ်ခြင်းတို့အပါအဝင် မြန်မာပြည်သူများအား တန်ဖိုးရှိသော ဝန်ဆောင်မှုများကို ပေးနေလျက်ရှိသည်။

ဇွန်လတွင် UNGA က မြန်မာနိုင်ငံအပေါ် ချမှတ်သည့် ဆုံးဖြတ်ချက်အမှတ် (A/RES/75/287) တွင် “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ မြန်မာစစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့များမှ အလွန်အကျွံနှင့် သေစေလောက်သော အကြမ်းဖက်မှု” ဟုဆိုကာ အပြင်းထန်ဆုံးသော စကားလုံးများဖြင့် ရှုတ်ချခဲ့သည်။ ထို့အပြင် မြန်မာစစ်တပ် အနေဖြင့် “၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်စွာထုတ်ဖော်ခဲ့ကြပြီးသည့် အတိုင်း ပြည်သူများ၏ဆန္ဒကို လေးစားရန်” အတွက်လည်း တောင်းဆိုခဲ့သည်။ ထိုဆုံးဖြတ်ချက်တွင် ကချင်၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ ရှမ်းနှင့် ချင်းပြည်နယ်တောင်ပိုင်း အပါအဝင် တိုင်းရင်းသားနယ်မြေများရှိ EAO များနှင့် မြန်မာစစ်တပ်တို့အကြား ပဋိပက္ခများသည် အာဏာသိမ်းပြီးချိန်မှစ၍ ပိုမိုကြီးထွားလာနေပြီး လူပေါင်း ၂၃၀,၀၀၀ ကျော်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်စေလျက်ရှိရာ “မြန်မာ[စစ်တပ်၏] လက်နက်ကိုင်တပ်ဖွဲ့များ ကျူးလွန်သော ရာဇဝတ်မှုများသည် အပြစ်ပေး အရေးယူခံရခြင်းမှ အစဉ်တစိုက် ကင်းလွတ်ခွင့်ရနေခြင်း” အပေါ် ကိုလည်း စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

အာဏာသိမ်းမှုကို ရှုတ်ချသည့် UN အဖွဲ့ဝင်နိုင်ငံများ၏ ထိုသို့သော နိုင်ငံရေးဖော်ပြမှုမှာ ထူးခြားထင်ရှား ပေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ၃ ခုကျော်အတွင်းတွင် အခြားသော UNGA ဆုံးဖြတ်ချက် ၃ ခုကသာ အာဏာသိမ်းမှုကို ရှုတ်ချခဲ့ဖူးသည်။ ဤသည်မှာ ဟေတီနိုင်ငံ (၁၉၉၁)၊ ဘူရွန်ဒီနိုင်ငံ (၁၉၉၃) နှင့် ဟွန်ဒူးရပ်စ်နိုင်ငံ (၂၀၀၉) များနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များ ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆန့်ကျင်မှု ၁ မဲ (ဘဲလာရုစ်နိုင်ငံ)၊ မဲမပေးဘဲကြားနေသူ ၃၆ နိုင်ငံ၊ နှင့် ထောက်ခံသည့် အဖွဲ့ဝင် ၁၁၉ နိုင်ငံ၏ တစ်ခဲနက် ထောက်ခံမှုဖြင့် ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ဖြစ်သော သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ဤဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့သည်။ အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစ၍ သံအမတ်ကြီးဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရနှင့် ပြည်သူများကို UN တွင် အရေးကြီးသော ကိုယ်စားပြုမှုကို ပေးခဲ့သည်။

မှတ်သားလောက်စရာဖြစ်သည်မှာ ၂၀၂၁ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဌ၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံ၏ အခြေအနေအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး စစ်အုပ်စုက တရားမဝင် ထိန်းသိမ်းခဲ့သော လွှတ်တော်ကိုယ်စားလှယ်များကို “အစိုးရအဖွဲ့ဝင်များအဖြစ်” ရည်ညွှန်းဖော်ပြခဲ့သည်။ ဤ UNGA နှင့် လုံခြုံရေးကောင်စီတို့၏ ထုတ်ပြန် ကြေညာချက်များက ဖော်ပြသည်မှာ စစ်အုပ်စု၏ လုပ်ဆောင်ချက်များသည် UN ကြေညာစာတမ်း၏ ရည်ရွယ်ချက်များ၊ အခြေခံမူများနှင့် ဆန့်ကျင်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ရှင်းလင်းသော ရှုတ်ချမှုလည်း ဖြစ်သည်။

သို့ဖြစ်ရာ မိမိတို့အနေဖြင့် အထောက်အထားစိစစ်ရေးကော်မတီအား ကုလသမဂ္ဂအထွေထွေညီလာခံမှ UNGA ၏ ၇၆ ကြိမ်မြောက် ညီလာခံသက်တမ်းအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ တရားဝင်မှု အထောက်အထားများကို လက်ခံပြီး ၎င်း၏လက်ရှိ ရာထူးတာဝန်နေရာတွင် ဆက်လက်ကိုယ်စားပြုနိုင်ရေး ထောက်ခံမှုပေးရန် တိုက်တွန်းတောင်းဆိုသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော မြန်မာကိုယ်စားလှယ်များ၏ တာဝန်ပေးခံရသူ ဖြစ်သည်။ ၎င်း၏ တရားဝင်မှု အထောက်အထားများကို လက်ခံရန် ထောက်ခံခြင်းမှာ မကြားသေးမီက ရွေးကောက်ပွဲတွင်  ပြတ်သားစွာ ဖော်ပြလိုက်သော မြန်မာပြည်သူတို့၏ သဘောထားကို လေးစားရာရောက်ပြီး ၂၀၂၁ ခုနှစ် ဇွန်လတွင် ချမှတ်ခဲ့သော UNGA ၏ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်နှင့် လုံခြုံရေးကောင်စီ၏ ထုတ်ပြန် ကြေညာချက်များနှင့်လည်း တစ်သားတည်းဖြစ်မည် ဖြစ်သည်။[1]

ထို့အပြင် တရားမဝင် စစ်အုပ်စုမှ အဆိုပြုလာသော ကိုယ်စားလှယ်များ၏ အထောက်အထားများကို ပယ်ချရန်လည်း မိမိတို့မှ အထောက်အထားစိစစ်ရေးကော်မတီကို တိုက်တွန်းတောင်းဆိုသည်။ စစ်အုပ်စုသည် ဒီမိုကရေစီနည်းကျ တရားဝင်မှု မရှိဘဲ အစိုးရလုပ်ငန်းများ လည်ပတ်စေရန် တည်ထောင်နိုင်ခြင်းမရှိ၊ မြန်မာနိုင်ငံ၏ နယ်မြေများကိုလည်း ထိရေက်စွာ ထိန်းချုပ်မှု မရှိသည့်အပြင် ၎င်းသည် နိုင်ငံတကာ ရာဇဝတ်မှုများကို အစဉ်တစိုက် ကျူးလွန်လာခဲ့သူ ဖြစ်သည်။ စစ်အုပ်စုမှ ကျောထောက်နောက်ခံပေးထားသော ကိုယ်စားလှယ်များအတွက် မည်သည့်ထောက်ခံမှု မဆိုသည် ၂၀၂၁ ခုနှစ် UNGA ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ကုလသမဂ္ဂ၏ ကြေညာစာတမ်းတွင် ချမှတ်ထားသည့် တန်းတူရေး၊ လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်၏ အခြေခံမူများကို ဆန့်ကျင်ကာ အာဏာသိမ်းရန် ကြိုးပမ်းစဉ်ကတည်းက မြန်မာနိုင်ငံကို အကြမ်းဖက်ခဲ့သော စစ်အုပ်စုကိုသာ ပိုမိုအတင့်ရဲစေမည်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် UNGA တွင် မြန်မာနိုင်ငံ၏ နေရာကို မြန်မာနိုင်ငံကိုယ်စားလှယ် အထောက်အထား အပေါ် ဆုံးဖြတ်ချက် မချမှတ်နိုင်ဘဲ အလွတ်ထားခြင်း သို့မဟုတ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား အသံတိတ်သွားစေရန် အခြားသော အပေးအယူများ ရှိနိုင်ခြင်း အလားအလာကိုလည်း မိမိတို့မှ တင်ပြဆွေးနွေး လိုပါသည်။ UNGA တွင် မြန်မာနိုင်ငံ၏ ပါဝင်မှုသည် “အဖွဲ့ဝင်၏ အရေးကြီးသော အခွင့်အရေးနှင့် အထူးအခွင့်အရေး ဖြစ်သည်။” UN တွင် မြန်မာနိုင်ငံ၏ နေရာကို အလွတ်ထားခြင်း သို့မဟုတ် သံအမတ်ကြီးကို အသံတိတ်စေခြင်းသည် အထောက်အထားစိစစ်ရေး လုပ်ငန်းစဉ်၏ ဆုံးဖြတ်ချက်အရ အခွင့်အရေးကို ဆိုင်းငံ့ထားရာ ရောက်မည်ဖြစ်သည့်အတွက် UN ကြေညာစာတမ်း၏ ပုဒ်မ ၁ နှင့် ၂ တွင် ချမှတ်ထားသော ရည်ရွယ်ချက်များနှင့် အခြေခံမူများကို ဆန့်ကျင်ရာလည်း ရောက်ပေသည်။  ထို့အပြင် ထိုသို့လုပ်ခြင်းသည် ၂၀၂၀ ခုနှစ်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ၏ ရလဒ်ကို ပစ်ပယ်ရာလည်း ရောက်မည်ဖြစ်ပြီး စစ်အုပ်စု၏ အကြမ်းဖက်မှုနှင့် ဥပဒေမဲ့ အာဏာလုယူရန် ကြိုးပမ်းမှု တို့ကိုလည်း အားပေးရာရောက်မည် ဖြစ်သည်။

ထို့ကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၎င်း၏ လက်ရှိတာဝန် ရာထူးနေရာဖြစ်သော မြန်မာနိုင်ငံ၏ UN ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရန် UNGA အဖွဲ့ဝင်များအား မိမိတို့မှ တိုက်တွန်း တောင်းဆိုလိုက်ပြီး ဤကိစ္စရပ်အပေါ်တွင်လည်း လူကြီးမင်းတို့၏ ထောက်ခံမှုကို တောင်းခံလိုက်သည်။

ဤတင်ပြတောင်းခံမှုအပေါ် နှစ်လိုဖွယ်သော တုန့်ပြန်မှု ရရှိလိမ့်မည်ဟု မိမိတို့မှ မျှော်လင့်ပါသည်။

[1]    ကုလသမဂ္ဂဆုံးဖြတ်ချက်၏ [A/RES/396 (v)] တွင် ဖော်ပြထားသည်အတိုင်း ကုလသမဂ္ဂတွင် အဖွဲ့ဝင်တစ်နိုင်ငံက ကိုယ်စားပြုရန် အစိုးရအဖြစ် ကြေညာမှုတွင် အငြင်းပွားခဲ့ပါက မေးခွန်းများကို “ကြေညာစာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများအရ ထည့်သွင်းစဉ်းစားရမည်။” ယခုအိတ်ဖွင့်ပေးစာတွင် ထည့်သွင်းဖော်ပြသော အကြောင်းရင်းများသည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ စိုးမိုးရေး အာမခံချက် ရှိစေရန် နှင့် ကုလသမဂ္ဂကိုယ်တိုင်၏ အခြေခံမူများနှင့် ကြေညာချက်ကို ရှင်းလင်းစွာ လိုက်နာရေး ထပ်မံအတည်ပြုမှုဖြစ်ရန်မှာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သော သံအမတ်ကြီး၏ လက်ရှိတာဝန် ရာထူးနေရာကို UNGA မှ မဖြစ်မနေ ဆက်လက်ထားရှိ ထိန်းသိမ်းရမည် ဖြစ်သည်။

 

လေးစားစွာဖြင့်

မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ  အရပ်ဘက်လူထုအဖွဲ့အစည်းများ ၃၅၈ ဖွဲ့

လက်မှတ်ရေးထိုးသော အဖွဲ့အစည်းများ

  1. 8888 Generation (New Zealand)
  2. Action Committee for Democracy Development
  3. Activists group for Human Rights ‘BARAM’
  4. Advocates for Public Interest Law
  5. Airavati Organisation
  6. Akbayan Citizens’ Action Party, Philippines
  7. All Arakan Students and Youths Congress
  8. Alternative Solutions for Rural Communities (ASORCOM)
  9. ALTSEAN-Burma
  10. America Rohingya Justice Network
  11. American Baptist Churches USA
  12. Ananda Data
  13. Anti Dictatorship in Burma-DC Metropolitan Area
  14. Arakan Institute for Peace and Development
  15. Arakan Rohingya Union
  16. ASEAN Parliamentarians for Human Rights
  17. ASEAN SOGIE Caucus
  18. Asia Center
  19. Asia Justice and Rights (AJAR)
  20. Asia Pacific Solidarity Coalition (APSOC)
  21. Asian Companions Against Brutality
  22. Asian Dignity Initiative
  23. Asian Forum for Human Rights and Development (FORUM-ASIA)
  24. Assistance Association for Political Prisoners (AAPP)
  25. Association for Human Rights Defenders and Promoters (HRDP)
  26. Association of Women for Awareness & Motivation (AWAM)
  27. Athan – Freedom of Expression Activist Organization
  28. Auckland Kachin Community Inc.
  29. Auckland Zomi Community
  30. Aung Lan Phyu
  31. Australia Karen Organisation
  32. Backpack Health Workers Team
  33. Balaod Mindanaw
  34. Baptist World Alliance
  35. Better World
  36. Boat People SOS
  37. BOOM Womyn
  38. Boston Free Burma
  39. Bucheon St. Mary’s Hospital Branch of KHMU
  40. Buddhist Ecological Contents Institute
  41. Buddhist Solidarity for Reform
  42. Bukluran ng Manggagawang Pilipino (BMP -Solidarity of Filipino Workers), Philippines
  43. Burma Action Ireland
  44. Burma Campaign UK
  45. Burma Human Rights Network
  46. Burma Medical Association
  47. Burma Monitor (Research and Monitoring)
  48. Burma Task Force
  49. Burmese American Millennials
  50. Burmese Democratic Forces
  51. Burmese Muslim Association
  52. Burmese Women’s Union
  53. Bytes for All
  54. Calgary Karen Community Association (CKCA)
  55. Campaign for a New Myanmar
  56. Carmelite Missionary
  57. Center for Freedom of Information
  58. Center for Military Human Rights Korea
  59. Center for Social Science and Sustainable Development, Chaing Mai University
  60. Center for Youth Advocacy and Networking (CYAN) – Philippines
  61. Central European Institute of Asian Studies
  62. CHANGJAK21
  63. Chin Community of Auckland
  64. Chin Community of USA-DC Area
  65. Chin Family Group
  66. Chin Leaders of Tomorrow (CLT)
  67. Christian Freedom International
  68. Christian Solidarity Worldwide
  69. Citizens Life & Environment Conference
  70. Civil Rights Defenders (CRD)
  71. Civil Society Forum for Peace (CSFoP)
  72. Climate Change Working Group
  73. CMCMC
  74. Coalition to Abolish Modern-day Slavery in Asia (CAMSA)
  75. Colors Rainbow
  76. Commission on JPIC, Korea Province, Society of Jesus
  77. Committee of Justice, Peace and Ecology of the Catholic Religious Men in Korea
  78. Community Organizations Network for Education & Training
  79. Community Resource Center (CRC)
  80. Community Resource Centre
  81. Critic CCC
  82. Cross Cultural Foundation (CrCF), Thailand
  83. CRPH/NUG Supporters (Austria)
  84. DEEKU, the Karenni Community
  85. Democracy for Ethnic Minorities Organization
  86. Democracy for Myanmar – Working Group (NZ)
  87. Democracy, Peace and Women’s Organization – DPW
  88. Edmonton Karen Community Youth Organization
  89. ETOs Watch Coalition
  90. European Karen Network (EKN)
  91. Federal Myanmar Benevolence Group (NZ)
  92. Finland Karen Culture Association
  93. Food Security Working Group
  94. Fortify Rights
  95. ForumCiv
  96. Free Burma Action Bay/ USA/ Global
  97. Free Burma Campaign (South Africa)
  98. Free Myanmar Campaign USA
  99. Freedom and Labor Action Group
  100. Freedom, Justice, Equality for Myanmar
  101. Friends Against Dictatorship (FAD)
  102. Future Light Center
  103. Future Thanlwin
  104. Ganghwa People’s Network (GHPN)
  105. Generation Wave
  106. German Solidarity with Myanmar Democracy
  107. Global Centre for the Responsibility to Protect
  108. Global Justice Center
  109. Global Movement for Myanmar Democracy (GM4MD)
  110. Global Partnership for the Prevention of Armed Conflict-Southeast Asia (GPPAC-SEA)
  111. Globe International Center
  112. Green Party Korea
  113. Green Peasant Institute
  114. Greendoor
  115. GZO Peace Institute – Philippines
  116. Hakha Thar Nubu
  117. Happy Class Meditation Community
  118. Human & Welfare Books
  119. Human Rights and Development Foundation (HRDF), Thailand
  120. Human Rights Foundation of Monland
  121. Hyungmyung Foundation
  122. HyunJang Academy
  123. In Defense of Human Rights and Dignity Movement (iDEFEND)
  124. INCHEON NGO NETWORK
  125. Incheon Regional Office of KHMU
  126. Incorporated Organization Shilcheon Bulgyo
  127. Info Birmanie
  128. Initiatives for International Dialogue
  129. Institute for Asian Democracy
  130. Institute of Korean Feminist Integral Studies for Faith
  131. Inter Pares
  132. International Campaign for the Rohingya
  133. International Christian Concern
  134. International Federation for Hurman Rights (FIDH)
  135. International Migrants Cultural Institute
  136. International Network of Engaged Buddhists (INEB)
  137. Inter-religious Climate and Ecology Network
  138. Jacob Blaustein Institute for the Advancement of Human Rights
  139. JASS Southeast Asia
  140. Jeju Peace Human Rights Institute WHAT
  141. Jesuit Research Center for Advocacy and Solidarity
  142. Jesusalgi
  143. Joint Countermeasures Committee for Freedom of Expression and Press Repression
  144. JPIC Commission in The Association of Major Superiors of Women Religious in KOREA
  145. JPIC-Sisters of Charity of Seton Hill
  146. Justice for All
  147. Kachin Alliance
  148. Kachin National Organization USA
  149. Kachin Peace Network (KPN)
  150. Kachin Refugee Committee (KRC)
  151. Kachin State Women Network (KSWN)
  152. Kachin Women’s Association Thailand
  153. Kansas Karenni Community
  154. Karapatan Alliance Philippines
  155. Karen American Association of Wisconsin
  156. Karen Association of Huron, South Dakota
  157. Karen Community Association UK
  158. Karen Community in Norway (KCN)
  159. Karen Community of Canada (KCC)
  160. Karen Community of Czech Republic
  161. Karen Community of Finland
  162. Karen Community of Hamilton
  163. Karen Community of Iowa
  164. Karen Community of Ireland
  165. Karen Community of Israel
  166. Karen Community of Kansas City (KS & MO)
  167. Karen Community of Kitchener & Waterloo
  168. Karen Community of Leamington
  169. Karen Community of Lethbridge
  170. Karen Community of London
  171. Karen Community of Minnesota
  172. Karen Community of Ottawa
  173. Karen Community of Regina
  174. Karen Community of Saskatoon
  175. Karen Community of Thunderbay
  176. Karen Community of Toronto
  177. Karen Community of Windsor
  178. Karen Community of Winnipeg
  179. Karen Community Society of British Columbia (KCSBC)
  180. Karen Environmental and Social Action Network
  181. Karen Human Rights Group
  182. Karen Organization of America
  183. Karen Peace Support Network
  184. Karen Rivers Watch
  185. Karen Swedish Community (KSC)
  186. Karen Thai Group
  187. Karen Women’s Organization
  188. Karen Youth Networks
  189. Karen Youth of Norway
  190. Karen Youth of Toronto
  191. Karen Youth Organization
  192. Karenni American Association (KnA)
  193. Karenni Civil Society Network
  194. Karenni Community of Bowling Green (KY)
  195. Karenni Community of Des Moines (IA)
  196. Karenni Community of Georgia
  197. Karenni Community of Indianapolis
  198. Karenni Community of Massachusetts
  199. Karenni Community of Minnesota
  200. Karenni Community of Missouri
  201. Karenni Community of New York
  202. Karenni Community of North Carolina
  203. Karenni Community of Portland, OR
  204. Karenni Community of Taxes
  205. Karenni Community of Wisconsin
  206. Karenni Human Rights Group
  207. Karenni National Women’s Organization
  208. Karenni Society New Zealand
  209. Karenni Society of Minnesota (NE)
  210. Karenni-American Catholic Association
  211. Kaung Rwai
  212. Kayaw Women Association
  213. Keng Tung Youth
  214. KijamiiTable
  215. Korea Democracy Foundation
  216. Korea Institute for Religious Freedom
  217. Korea Karen Organization
  218. Korea Karen Youth Organization
  219. Korea Migrants Friendship Solidarity SHALOMHOUSE
  220. Korea Wetlands NGO Network (KWNN)
  221. Korean Civil Society in Solidarity with Rohingya
  222. Korean House for International Solidarity
  223. Korean Solidarity for Overseas Community Organization
  224. KPTU SEOUL
  225. Latsinu Women Agency
  226. Law and Society Trust, Sri Lanka
  227. Let’s Help Each Other
  228. Little Servants of the Holy Family (Uijeongbu Province)
  229. Los Angeles Rohingya Association
  230. Madang for Life and Peace
  231. Maldivian Democracy Network (MDN)
  232. Media Christianity
  233. Menrihei
  234. Metta Campaign Mandalay
  235. Migrants Trade Union
  236. MilkTea Alliance Philippines
  237. MINBYUN – Lawyers for a Democratic Society International Solidarity Committee
  238. Mindanao Peace Weavers (MPW), Philippines
  239. Mindanao Peacebuilding Institute Foundation, Inc.
  240. Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)
  241. Myanmar Accountability Project (MAP)
  242. Myanmar Action Group Denmark
  243. Myanmar Advocacy Coalition
  244. Myanmar Community Austria
  245. Myanmar Community in the Czech Republic
  246. Myanmar Cultural Research Society
  247. Myanmar Doctors For Human Rights Network
  248. Myanmar Engineers – New Zealand
  249. Myanmar Gonye (New Zealand)
  250. Myanmar Helping Citizens’ Group
  251. Myanmar Network in KOREA
  252. Myanmar People Alliance (Shan State)
  253. Myanmar Students’ Union in New Zealand
  254. National Clergy Conference For Justice and Peace
  255. Nationalities Alliance of Burma
  256. NeT Organization
  257. Network for Advocacy Action and Women Network (Tanintharyi)
  258. Network for Human Rights Documentation – Burma (ND-Burma)
  259. Never Again Coalition
  260. New Bodhisattva Network
  261. New York City Burmese Community
  262. New Zealand Doctors for NUG
  263. New Zealand Karen Association
  264. New Zealand Zo Community Inc.
  265. No Business with Genocide
  266. Nyan Lynn Thit Analytica
  267. OFM KOREA JPIC
  268. Olive Organization
  269. Oversea Karen Organization Japan
  270. Overseas Mon Association, New Zealand
  271. Pakokku Youth Development Council (PYDC)
  272. Pa-O Women’s Union
  273. Pa-O Youth Organization
  274. Partido Lakas ng Masa (PLM – Party of the Laboring Masses), Philippines
  275. Partido Manggagawa (Labor Party-Philippines)
  276. Pax Christi Institute
  277. Peace Ground
  278. Peace Women Partners, Philippines
  279. Peace-Life Forum
  280. PEN Myanmar
  281. People, not profit
  282. People’s Empowerment Foundation (PEF) – Thailand
  283. People’s Initiative for Development Alternatives (PIDA)
  284. People’s Watch
  285. People’s Action Against Dictator Chun Doo-hwan
  286. People’s Solidarity for Participatory Democracy (PSPD)
  287. Philippine Alliance of Human Rights Advocates (PAHRA)
  288. Pinagkaisang Galaw at Lakas ng Kababaihan (PIGLAS-KABABAIHAN), Philippines
  289. Poverty Elimination and Community Education (PEACE) Foundation
  290. Progressive 3.0
  291. Progressive Voice
  292. Pyithu Gonye (New Zealand)
  293. Refugees International
  294. Rights Beyond Border (RBB)
  295. Rock Island Karen Community
  296. Rohingya Welfare Organisation New Zealand
  297. Rvwang Community Association New Zealand
  298. Saferworld
  299. Sami Chin Women Organization
  300. Save and Care Organization for Ethnic Women at Border Areas
  301. Save Myanmar (New Zealand)
  302. SEA Junction
  303. sebasa
  304. Secondary School Branch in Goyang of Korea Teachers’ Union
  305. Sentro ng mga Nagkakaisa at Progresibong Manggagawa (SENTRO), Philippines
  306. Seongnam City Committee of the Youth Justice Party
  307. Seongnam YMCA
  308. Shan Community (New Zealand)
  309. Shan MATA
  310. Solidarity for Another World
  311. Southern Youth Development Organization
  312. Spirit in Education Movement (SEM)
  313. Spring Revolution Interfaith Network
  314. steppingstone
  315. Stop the War Coalition Philippines
  316. Students for Free Burma
  317. Suara Rakyat Malaysia (SUARAM)
  318. Sungmisan School Post-secondary
  319. Support the Democracy Movement in Burma
  320. Supporters Group for Migrant Workers Movement
  321. Sustainability and Participation through Education and Lifelong Learning (SPELL), Philippines
  322. Swedish Burma Committee
  323. Swedish Foundation for Human Rights
  324. Swedish Rohingya Association
  325. Synergy – Social Harmony Organization
  326. Ta’ang Legal Aid
  327. Task Force Detainees of the Philippines (TFDP)
  328. Taunggyi Youth Center
  329. Thai Allied Committee with Desegregated Burma Foundation (TACDB)
  330. Thai Volunteer Service (TVS)
  331. The April 9 Unification & Peace Foundation
  332. The Burmese American Community Institute (BACI)
  333. The Burmese Rohingya Association of North America
  334. The Burmese Rohingya Community of Georgia
  335. The Declaration of Global Citizens
  336. The Korean Council for Justice and Remembrance for the Issues of Military Sexual Slavery by Japan
  337. The Labor Union of Jogye order
  338. The May 18 Memorial Foundation
  339. The Mekong Butterfly
  340. The Sound of Hope
  341. Think Centre
  342. Thint Myat Lo Thu Myar
  343. Timor-Leste Youth and Young Journalist Peace Culture Center
  344. S Advocacy Coalition for Myanmar (USACM)
  345. Union Aid Abroad-APHEDA
  346. Union For Civil Liberty (UCL), Thailand
  347. Union of Karenni State Youth
  348. Unitarian Universalist Association
  349. Unitarian Universalist Service Committee (UUSC)
  350. United States Campaign for Burma
  351. Victorian Myanmar Youth (VMY)
  352. Vocation Office of Catholic Diocese of Daejeon, South Korea
  353. Women Advocacy Coalition – Myanmar
  354. Women’s League of Burma
  355. Women’s Peace Network
  356. Wonders International
  357. Youth Justice Party, Gyeonggi Province Party
  358. Youth of KimDae-jung Foundation

ထောက်ခံလက်မှတ်ပေးပို့ရန် သတ်မှတ်ချိန် (စက်တင်ဘာ ၉ရက်) ကျော်လွန်ပြီးနောက်ပိုင်း ထောက်ခံလက်မှတ် ပေးပို့လာသော အဖွဲ့အစည်းအမည်များကို ကုလသမဂ္ဂသို့ စက်တင်ဘာ ၁၀ရက် မနက် စာပို့ချိန်တွင် ထည့်သွင်းရန် မမှီလိုက်သော်လည်း အောက်ပါအတိုင်း ဖြည့်ထည့်ထားပါသည်။

  • Alliance for Free Burma Solidarity
  • Asian Cultural Forum on Development (ACFOD)
  • Asian Democracy Network (ADN)
  • Campaign Committee for Human Rights (CCHR), Thailand
  • Campaign for Popular Democracy (CPD), Thailand
  • Dallas Karen Baptist Church
  • DFW Karen Community
  • International Women Partnership for Peace and Justice (IWP)
  • Migrant Working Group (MWG)
  • Myanmar’s Spring – Korea
  • Peace and Culture Foundation, Thaiiand
  • Peace and Human Rights Resource Center (PHRC), Thailand
  • Regional Center for Social Science and Sustainable Development, Chiangmai University, Thailand
  • SHAPPE Sea
  • Thai Allied Committee with Desegregated Burma Foundation (TACDB),Thailand
  • Yayasan Perlindungan Insani, Indonesia

အိတ်ဖွင့်ပေးစာကို PDF ဖိုင်ဖြင့်ရယူရန်။

View open letter in English.