မော်လမြိုင် ကျောက်မီးသွေးရုံ မီးပွိုင့်အနီး စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်၍ ကိုမိုး​ဇော်ဦးနှင့်ကို​ဇော်မင်းဦး သေဆုံး

June 21st, 2021  •  Author:   Moe Zaw Oo and Zaw Min Oo (Mawlamyine)  •  1 minute read
Featured image

By Khit Thit Media

ယမန်နေ့ ဇွန်လ ၂၀ ရက် ည ၈ နာရီခွဲခန့်တွင် မော်လမြိုင် ကျောက်မီးသွေးရုံမီးပွိုင့်အနီး ဆိုင်ကယ်စီးလာသည့် ပြည်သူနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။

ပစ်သတ်ခံရသည့် လူငယ်နှစ်ဦးမှာ ဘီလူးကျွန်း အဘစ်ကျေးရွာနေ ကိုမိုးဇော်ဦးနှင့် က်ုဇော်မင်းဦးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးပွိုင့်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်က တားဆီးစစ်ဆေးနေကြောင်း၊ ဆိုင်ကယ်စီးလာသည့် ပြည်သူနှစ်ဦး တားဆီးစစ်ဆေးကာ ပစ်သတ်ပြီးနောက် လူမြင်မှာစိုး၍ လမ်းမီးများဖြတ်လိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“ဆိုင်ကယ်ရပ်မပေးလို့ ပစ်တယ်လည်း ကြားတယ်၊ အလောင်းကို လမ်းမအလယ်မှာပစ်ထားတာ၊ ပရဟိတအဖွဲ့က သွားကောက်တာတောင် ကားကို အသံပိတ်၊ အပေါ်က မီးတန်းပဲ ဖွင့်ခိုင်းတယ်၊ ရင်ခွဲရုံကို ပို့လိုက်တယ်” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

မော်လမြိုင်မြို့တွင် ည ၁၀ နာရီ မှ နံနက် ၄ နာရီထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညစဥ် နေရာများပြောင်းကာ တားဆီးစစ်ဆေးနေကြောင်း သိရသည်။


Original Post: Khit Thit Media