နွေဦးတော်လှန်ရေး – အီစတာဥသပိတ်

April 4th, 2021  •  Author:   Easter Eggs Strike  •  1 minute read
Featured image

အီစတာ မြန်မာ့နွေဦးတော်လှန်ရေးနေ့

By BBC Burmese

Easter Day ဟာ ခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့အဖြစ် ခရစ်ယာန်ဘာသာဝင်တို့ အထွတ်အမြတ်ထားတဲ့နေ့ဖြစ်ပါတယ်။

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ အခက်အခဲတွေကြားကနေ ပြန်လည်ရှင်သန်လာဖို့ လူထုက တနင်္ဂနွေနေ့နဲ့တိုက်ဆိုင်ကျရောက်တဲ့ ဧပြီလ ၄ ရက် ဒီနေ့မှာပဲ အီစတာနေ့လှုပ်ရှားမှုတွေ ပြုလုပ်လာပါတယ်။

ဒါ့ပြင် စစ်ဘေးရှောင်နေရလို့ အီစတာနေ့ မကျင်းပနိုင်တဲ့ မြန်မာပြည်ထဲက တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေအစား ကျန်တဲ့ဘာသာဝင်တွေက ကျင်းပပေးတယ်ဆိုတဲ့အမြင် ကမ္ဘာကမြင်အောင် ရည်ရွယ်တယ်လို့ ဒီလှုပ်ရှားမှုမှာပါဝင်သူတွေက ပြောပါတယ်။

ဆိုရှယ်မီဒီယာပေါ် မှာ တွေ့မြင်ရတဲ့ အီစတာနေ့လှုပ်ရှားမှုပုံရိပ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ Credit: CJ