ကိုချစ်ကိုကို – “နိုင်ငံအတွက် ဘာလို့မရင်းရဲရမှာလဲ”

March 29th, 2021  •  Author:   Chit Ko Ko (Thaketa , Yangon)  •  1 minute read
Featured image

By the Irrawaddy

မတ်လ ၂၈ ရက်နေ့ မနက် ၁ နာရီ ခွဲ အချိန်ခန့်က စစ်သားနဲ့ ရဲတွေရဲ့ အကြမ်းဖက် ဝင်‌ရောက်ပစ်ခတ်မှုကြောင့် သာကေတမြို့နယ် ၈ ရပ်ကွက် မြနန္ဒာ ၂ လမ်းမှ ကိုချစ်ကိုကို အသက် ၃၈ နှစ်မှာ နောက်ကျော ကျည်အစစ် ထိမှန်ဒဏ်ရာဖြင့် ကျဆုံးခဲ့သည်။

မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီခန့်က စစ်သားနှင့် ရဲ အင်အား ၁၅၀ ခန့်က သာကေတမြို့နယ် ၈ ရပ်ကွက် နဝရတ်လမ်းမှ ဝင်ရောက်လာကာလအကြမ်းဖက် ပစ်ခတ်မှုများကြောင့် လူတစ်ဦး သေဆူံကာ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ကျဆုံးခဲ့သူ ကိုချစ်ကိုကိုတွင် ဇနီးနှင့် ကလေးငယ် နှစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။