နွေဦးတော်လှန်ရေး – ရေနစ်ခြင်းသပိတ်

March 20th, 2021  •  Author:   Drowning Strike  •  1 minute read
Featured image

ဝိုင်းမော်မြို့လူငယ်များမှ မတ်လ (၁၇) ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအနေဖြင့် ရေနစ်ခြင်းသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

၎င်းသို့ ရေနစ်ခြင်းသပိတ်ပြုလုပ်ခဲ့ရခြင်း၏ ရည်ရွယ်ချက်ကို ဝိုင်းမော်မြို့ လူငယ်တစ်ဦးက ယခုလို ပြောသည်။

“ဒီနေ့ ကျွန်တော်တို့ ဝိုင်းမော်လူငယ်တွေကနေ ရေနစ်ခြင်း သပိတ်လုပ်ဖြစ်တယ်။ ရေနစ်ခြင်းသပိတ်လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က ဥပမာ ရေနစ်နေတဲ့လူကို ဟိုလိုကူးပါ ဒီလိုကူးပါနဲ့ ရေကူးနည်း သင်ပေးလို့ အဆင်မပြေဘူးလေနော်။ ဒီကို လာခဲ့ပါလို့လည်း လက်ကမ်းလို့လည်း အဆင်မပြေဘူး။ ရေနစ်နေသူကို သွားဆွဲကူမှပဲ လွတ်မြောက်မှာပါ ဒါကြောင့်မို့ ရေနစ်နေတဲ့ မြန်မာနိုင်ငံက ပြည်သူတွေကို ဆွဲနုတ်ကယ်ဆယ်မှဖြစ်တော့မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ”

အလားတူ ရေနစ်သည့်အဓိပ္ပါယ်ဖော်ဆောင်သော သပိတ်လှုပ်ရှားမှုမျိုးကို အခြားဒေသများတွင်လည်း လုပ်ဆောင်လာကြတာ မြင်တွေ့ရပါသည်။

မတ်လ ၁၈ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရေနစ်သပိတ်ကို လူငယ်များက ညောင်ဦးမြို့၏ ဧရာဝတီမြစ်ထဲတွင် ပြုလုပ်ခဲ့ပါသည်။

မတ်လ ၂၀ ရက်နေ့ စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ရေနစ်သပိတ်ကို ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့တွင်လည်း ပြုလုပ်ခဲ့ကြသည်။

ကိုးကား – Myitkyina News Journal, Tachileik News Agency, Shwe Phee Myay News Agency