စစ္စတာ အန်းရိုဇာနုတောင် – ဆန္ဒပြသမားတွေကို ပစ်မယ့်အစား သူ့ကို အရင်ပစ်လိုက်ပါ

March 9th, 2021  •  Author:   Sister Ann Rose Nu Tawng (Myitkyina)  •  1 minute read
Featured image

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ဆန္ဒပြမှုတွေအတွင်း မတ်လ ၈ ရက်နေ့က ပထမဆုံး အကြိမ် သွေးမြေကျခဲ့ရတဲ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြသမားတွေကို အကြမ်းဖက် ဖြိုခွဲတာတွေ မလုပ်ဖို့ ခရစ်ယာန် သီလရှင် တပါးက လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ကို ဒူးထောက်တောင်းပန်ခဲ့ပါတယ်။

ဆန္ဒပြသမားတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေ မလုပ်ပါဖူးလို့ ကတိမပေးမချင်း ဒီမှာပဲ ဆက်ရပ်နေမယ်၊ ဆန္ဒပြလူငယ်တွေကို ပစ်မယ့်အစား သူ့ကိုပဲ ပစ်လိုက်ပါလို့ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့၀င်တွေကို ကြားဝင်ပန်ကြားခဲ့တဲ့ အောင်နန်းခရစ်ယာန်ဘုရားကျောင်းက စစ္စတာ အန်းရိုဇာနုတောင် ရဲ့ ရဲစွမ်းသတ္တိကို လူအများက ချီးကျူးပြောဆိုနေကြပါတယ်။

ဆန္ဒပြသမားတွေကို ကာကွယ်ဖို့ ဘာကြောင့်အခုလို လုပ်ဆောင်ခဲ့တာပါလဲ။

စစ္စတာ အန်းရိုဇာနုတောင်ရဲ့ ပြောကြားချက်တွေကို ရှုစားကြည့်ကြရအောင်ပါ။


Original post: BBC Burmese