NCAထိုးထားတဲ့လက်နက်ကိုင်တွေနဲ့ အခုလိုမျိုး ထိခိုက်မှု ဒီလိုမျိုး ထိတွေ့မှုတွေ ဆက်ဖြစ်နေတယ် ။ ပြည်သူ့တွေ ထိခိုက်မှုတွေလည်း ဆက်ဖြစ်နေတယ်

January 25th, 2021  •  Author:   Khit Thit Media  •  1 minute read
Featured image

“NCAထိုးထားတဲ့လက်နက်ကိုင်တွေနဲ့ အခုလိုမျိုး ထိခိုက်မှု ဒီလိုမျိုး ထိတွေ့မှုတွေ ဆက်ဖြစ်နေတယ် ။ဒါ့အပြင် ပြည်သူ့တွေ ထိခိုက်မှုတွေလည်း ဆက်ဖြစ်နေတယ်ဆိုတာကကိုက NCA အလားအလာ လုံးဝမကောင်းဘူးဆိုတာကို ပြသနေခြင်း ဖြစ်တယ်”

By ရန်ကုန်ခေတ်သစ်

ကရင်ပြည်နယ်နှင့်တိုင်းရင်းသားဒေသများတွင် တပ်မတော်၏ စစ်အင်အားတိုးချဲ့မှုနှင့် စစ်ဆင် ရေး လုပ်ဆောင်မှုများသည် ငြိမ်းချမ်းရေးအတွက် ပိုမို အလှမ်းဝေးစေပြီး နိုင်ငံရေးနည်းအရ အဖြေရှာရန် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံသို့ အရပ် ဘက်အဖွဲ့ ၁၇၂ ခုက ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့လိုက်သည်။

အဆိုပါ အိတ်ဖွင့်ပေးစာ ပေးပို့မှုနှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများ ၏ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ် ရှားမှု ဆောင်ရွက်မှု ကော်မတီမှ ဒေါ်သဉ္ဖာရွှန်းလဲ့ရည်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

“သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က မဖြစ်မနေ ဒီအရေးကို ဝင်ရောက်ပြီးတော့ ပြောဆိုဖို့ တာဝန်ရှိတယ်။ တပ်မတော်ဘက်ကိုပြောတဲ့အခါမှာလည်း ဘယ်လိုပြောတယ် ဘယ်လိုရလဒ်တွေရတယ်။ KNU ဘက်ကို ပြောတဲ့အခါမှာလည်း ဘယ်လိုရလဒ်တွေရတယ်ဆိုတာကို…”
By ရန်ကုန်ခေတ်သစ်
ကရင်ပြည်နယ်နှင့်တိုင်းရင်းသားဒေသများတွင် တပ်မတော်၏ စစ်အင်အားတိုးချဲ့မှုနှင့် စစ်ဆင် ရေး လုပ်ဆောင်မှုများသည် ငြိမ်းချမ်းရေးအတွက် ပိုမို အလှမ်းဝေးစေပြီး နိုင်ငံရေးနည်းအရ အဖြေရှာရန် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံသို့ အရပ် ဘက်အဖွဲ့ ၁၇၂ ခုက ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့လိုက်သည်။
အဆိုပါ အိတ်ဖွင့်ပေးစာ ပေးပို့မှုနှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများ ၏ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ် ရှားမှု ဆောင်ရွက်မှု ကော်မတီမှ ဒေါ်သဉ္ဖာရွှန်းလဲ့ရည်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ သမ္မတနဲ့ အတိုင်ပင်ခံဆီကို တပ်မတော်ရဲ့စစ်အင်အားတိုးချဲ့မှုနဲ့ စစ် ဆင်ရေး ရပ်ဆိုင်းခိုင်းဖို့ အိတ်ဖွင့်ပေးစာ ပေးပို့တယ်ဆိုတော့ ဒီထက် ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။
ဖြေ။ ။ ကရင်ပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ရဲ့ စစ်အင်းအားတိုးချဲ့တာတွေ စစ်ဆင်ရေးလုပ်ဆောင်မှုတွေပေါ့နော်။ ဒါတွေကို ကျွန်မတို့တွေ့လာတဲ့အခါမှာ ကျွန်မတို့ ငြိမ်းချမ်းရေးအတွက် ပိုပြီး အလှမ်းဝေးတယ် အရပ် ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဒီနှစ်သစ်မှာ ပြည်သူတွေ နေ့စဉ်နဲ့ အမျှ ကျွန်မတို့ စစ်ဘေးရှောင်နေရတဲ့ အခြေအနေတွေကို ရပ်တန့်ချင်တဲ့ ရည်ရွယ်ချက်နဲ့ စဉ်ဆက်မပြတ် ထောက်ပြပြီးတော့ ဒီအိတ်ဖွင့်ပေးစာနဲ့ ကျွန်မတု့ိ အဓိက မြန်မာနိုင်ငံရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုတောင်းဆိုတဲ့ပုံစံမျိုးပေါ့နော် ဒီလိုပုံစံမျိုးဆောင်ရွက်တာပါ။
မေး။ ။ အိတ်ဖွင့်ပေးစာ ပေးတာက ထိရောက်ပါ့မလား။ တကယ်ပဲ သမ္မတနဲ့ အတိုင် ပင်ခံက တပ်မတော်ကို တားဆီးနိုင်ပါ့မလား။
ဖြေ။ ။ ကျွန်မတု့ိ မြင်တာကတော့ ဒီ မြန်မာနိုင်ငံမှာ တရားဝင် အစိုးရရှိတယ်။ ဒီအစိုးရသည်လည်းအာဏာ ဒါပြည်သူ့အများစုကရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရအနေနဲ့ တက်လာတယ်ပေါ့နော်။ အစိုးရအသစ်လည်း ဖြစ်ပါတယ်။
အစိုးရအနေနဲ့ တာဝန်ရှိတာကတော့ ဒီပြည်သူတွေကို တစ်သွေးတည်း တစ်သား တည်း ဒီဘက်လိုက်မှုမရှိဘဲနဲ့ အုပ်ချုပ်ပေးရမယ်။ သူတို့ရဲ့ ရပိုင်ခွင့်နဲ့ အခွင့် အရေးတွေကို ကာကွယ်ပေးရမယ်ပေါ့။ ဒီမြေ ဒီရေမှာ အခုလိုမျိုး ထိခိုက်မှုတွေ ခံစားနေရတဲ့ ပြည်သူ့တွေကို အဓိကအားဖြင့် စာနာမှုနဲ့ ဒီဖြစ်ရပ်တွေကို အဆုံးသတ်ဖို့အတွက်ကို ကျွန်မတို့ တာဝန်ရှိတဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေက မဖြစ်မနေ ထုတ်ဖော်ပြောကြားဖို့ လိုအပ်ပါတယ်။
ထုတ်ဖော်ကြားမှုရဲ့ နောက်ဆက်တွဲမှာဆိုရင်တော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ဒါလေးစားဖို့အတွက်ပေါ့နော်။ အဓိက အားဖြင့် မြန်မာနိုင်ငံရဲ့ တရားဝင် လက် နက် ကိုင်အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ကို အစိုးရကနေ ဖိအားပေးရမယ်လို့ ကျွန်မတို့ယူဆပါတယ်။
ဆိုတော့ ဒါကြောင့်မို့လို့ ဒီအိတ်ဖွင့်ပေးစာမှာဆိုလည်း လက်ရှိအခြေအနေတွေကို တင်ပြပြီးတော့ ဒီတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ တာဝန်သိဖို့အတွက်ကို အဓိက တိုက်တွန်းတဲ့အနေနဲ့ ဒီအိတ်ဖွင့်ပေးစာကို ဆောင်ရွက်တာဖြစ်တယ်။
မေး။ ။ အခုအချိန်မှာ တိုက်ပွဲတွေက ကရင်ဘက်မှာဖြစ်နေတယ်။ ပြည်သူတချို့လည်း သေဆုံးမှု ရှိလာပြီဆိုတော့ ဘာမှတ်ချက်ပြုချင်လဲ။
ဖြေ။ ။ ကျွန်မတု့ိ ဒီဇန်နဝါရီလ ၁၂ရက်နေ့မှာဆိုရင် တပ်မတော်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့်ပေါ့နော်။ အသက်၃၅နှစ်အရွယ် ရွာလူကြီး ၃ဦးသေဆုံးတယ်။ စသဖြင့် အသေးစိတ်လည်း ကျွန်မတု့ိ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
ဆိုတော့ အသက်အရွယ် ခွဲခြားမှုမရှိ အယ် အသက်အရွယ် ဒီကလေးငယ်တွေအစလို့ပေါ့နော် အသက်ကြီးတဲ့လူတွေ နေ့စဉ်နဲ့ အမျှ ကျွန်မတု့ိ ပြည်သူ့တွေ အသက်အိုးအိမ်ဆုံးရှုံးရတယ် နောက် ကိုယ်လက်ခြေအင်္ဂါတွေ ဆုံးရှုံးရတယ်။ ဒီလို အခြေအနေတွေကို ကြုံတွေ့ရတာ ကျွန်မတု့ိ ပြည်သူ့တွေ အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘယ်နေရမှာပဲနေနေသည် ဖြစ်နေပါစေ ကျွန်မတို့အတွက်လုံခြုံမှုကို မခံစားရပါဘူး။
ကရင်ပြည်နယ်မှာဖြစ်နေတဲ့ဖြစ်ပွားမှုတိုင်းကလည်း ကျွန်မတို့ တစ်နိုင်ငံလုံးမှာရှိနေတဲ့ ပြည်သူ့တွေရဲ့ လုံခြုံမှုနဲ့ ဒီ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု နောက်ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ထိခိုက်မှုဖြစ်စေတယ်ကို ကျွန်မတို့ကတော့ ဖော်ပြချင်ပါတယ်။
မေး။ ။ KNU က အပစ်ရပ်စာချုပ်NCAထိုးပြီးသားအဖွဲ့နဲ့တောင် ဒီလိုမျိုး တိုက်ပွဲတွေ ဖြစ်ပွားနေတော့ ငြိမ်းချမ်းရေးအလားအလာက ကောင်းပါ့မလား။
ဖြေ။ ။ NCAထိုးဖို့အတွက် အခုအချိန်မှာဆိုရင် ဒီမြန်မာအစိုးရကကော တပ်မတော်ကရော အခြားလက်နက်ကိုင်တွေပေါ့ မထိုးရသေးတဲ့လက်နက်ကိုင်တွေကို တိုက်တွန်းတာတွေကျွန်မတု့ိ တွေ့ရပါတယ်။
တကယ် NCAထိုးထား ပြီးသားလက်နက်ကိုင်တွေနဲ့ကော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လောက်ထိ ထိန်းသိမ်းနိုင်သလဲဆိုတဲ့အပေါ်ဒါက နောက်ထပ်လက်နက်ကိုင်တွေ လက်မှတ်ထိုးမထိုးဆိုတာရဲ့ အဖြေ ဖြစ်လာမယ့်ပေါ့နော်။
ဆိုတော့ လက်ရှိအခြေအနေမှာ NCAထိုးထားတဲ့လက်နက်ကိုင်တွေနဲ့ အခုလိုမျိုး ထိခိုက်မှု ဒီလိုမျိုး ထိတွေ့မှုတွေ ဆက်ဖြစ်နေတယ် ။ဒါ့အပြင် ပြည်သူ့တွေ ထိခိုက်မှုတွေလည်း ဆက်ဖြစ်နေတယ်ဆိုတာကကိုက NCAအလားအလာ လုံးဝမကောင်းဘူးဆိုတာကို ပြသနေခြင်း ဖြစ်တယ်ပေါ့။
ဆိုတော့ ပြည်သူ့တစ်ယောက်အနေနဲ့ ဒီ အခွန်ထမ်းပြည်သူ့တွေ အနေနဲ့ ဒီ NCAရဲ့ နောက်ဆက်တွဲ ရှေ့အလားအလာကိုလည်း အများကြီးစိုးရိမ်မှုဖြစ်ရတယ်။ ဒါအပြင် နေ့စဉ်နဲ့ ဘ၀ အသက်အိုးအိမ်ဆုံးရူံးနေရတဲ့ပြည်သူ့တွေအတွက် NCAထိုးခြင်းဟာလည်း လုံခြုံမှု မပေးနိုင်ပါလားဆိုတဲ့ ခံစားချက်တွေ ဖြစ်ပေါ်စေတယ်ပေါ့။ အဲဒါနောက်ဆက်တွဲမှာဆိုရင်တော့ ဒီ NCAဖြစ်စဉ်အပေါ်မှာ ယုံကြည်မှုတွေ လျော့နည်းလာတာတွေ ကျွန်မတို့ မြင်နေရပါတယ်လို့။
မေး။ ။ NCAကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအတွက် ယုံကြည်မှုပျက်စေမယ်ဆိုရင် အနာဂတ် ငြိမ်းချမ်းရေးက မသေချာတော့ဘူးလို့ ပြောချင်တာလား။
ဖြေ။ ။ ဟုတ်တယ်။ ပျက်စေနိုင်ပါတယ်။ အခုလက်ရှိဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေ အကုန်လုံးဟာ ဒီNCAထိုး၊ မထိုး အဖြေဖြစ်စေတယ်။ ကျွန်မ အရှေ့က ပြောခဲ့သလိုပဲ အခြားမထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက်ကော နောက် NCAဖြစ်စဉ်ထဲမှာဝင်ရောက်ပြီးတော့လူပ်ရှားနေကြတဲ့ပါဝင် ပတ်သက်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ နောက် နိုင်ငံတကာ နိုင်ငံတကာအစိုးရတွေ နောက်ဒီ အလှူရှင်အဖွဲ့အစည်းတွေ နောက်အခြားသော ပြည်တွင်းက တတ်သိ ပညာရှင်တွေပေါ့။ သူတို့အားလုံးဆောင်ရွက်နေမှုအားလုံးကိုပါ ထိခိုက်စေတယ်လို့ ကျွန်မတု့ိ မြင်ပါတယ်။
မေး။ ။ ကရင်ပြည်သူတွေကလည်း ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတာ၊ သူတို့နယ်မြေထဲက တပ်မတော် ထွက်သွားဖို့ ဆန္ဒပြနေကြမယ်ပေမယ့် ဒါက သက်ရောက်မှု ရှိပါ့မလား။
ဖြေ။ ။ အဓိကတော့ ကျွန်မတို့ အခုလက်ရှိ ပြည်သူ့တွေကိုယ်တိုင်ကလည်း လူသောင်းနဲ့ ချီပြီးတော့ ဒီစစ်တပ်က ထွက်သွားဖို့ဆိုတာမျိုးပြောလာတယ်ပေါ့နော်။ KNU လက်နက်ကိုင် အဓိက ကြီးစိုးတဲ့နေ ရာမှာ စစ်အင်အားတိုးချဲ့မှုလုပ်တယ်ဆိုတာ တကယ်ကို ဒီလက်နက်ကိုင်တွေကြားထဲမှာ ယုံကြည်မှုနဲ့ ဒီလိုမျိုး ထိတွေ့မှုတွေ ဖြစ်လာဖို့အတွက် တွန်းအားပေးနေတဲ့လုပ်ရပ်တွေဖြစ်တယ်။
ဒါကြောင့်မို့လို့ ကျွန်မမြင်တာကတော့ မဖြစ်မနေ အဲဒီနေရာကနေ စစ်အင်အားတို့းချဲ့မှုတွေ ရပ်ဆိုင်းဖို့လိုတယ်။ ဒါအပြင်နောက်တစ်ခု အရေးကြီးဆုံးကဘာလည်းဆိုရင် ထိတွေ့ ဆက်ဆံမှုပေါ့နော်။ ဒီ KNU အကြီးအကဲတွေနဲ့ တာဝန်ရှိတဲ့ တပ်မတော် အကြီးအကဲတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။
ဘာလို့မလုပ်နိုင်၊ ဘာလို့အခုလိုမျိုး ပြည်သူ့တွေရဲ့တောင်းဆိုမှုက အခုထိ အရာမပေါ်သေးတာလည်းဆိုတော့ အဓိက မြင်တာကတော့ စိတ်စေတနာပေါ့ နိုင်ငံရေး စိတ်စေတနာနဲ့ ငြိမ်းချမ်းရေးစိတ်စေတနာတွေအပေါ်မှာ အများကြီး မူတည်တယ်လို့ ထင်ပါတယ် ဆိုတာ့ ဒီစိတ်စေတနာတွေသာ စစ်မှန် မှန်ကန်တယ်ဆိုရင် ကျွန်မတု့ိ ပြည်သူ့တွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတောင်းဆိုနေစရာတာတောင်မလိုဘူးထင်တယ်။
အခု ကျွန်မတု့ိ ပြည်သူ့တွေ အခုလိုမျိုး အိတ်ဖွင့်ပေးစာတွေနဲ့ တစ်မျိုးပေါ့ လမ်းပေါ်ထွက်ပြီးတော့ တစ်ဖုံ ငြိမ်းချမ်းရေးအတွက်ကို ပုံစံအစုံနဲ့ တောင်းဆိုနေကြတာ အသိအမှတ်ပြုချိန်တန်ပါပြီ။ ဒါ့အပြင်အစိုးရအနေနဲ့လည်း မြန်မာပြည်ရဲ့ လက်ရှိအများစုနဲ့ တင်မြှောက်ထားတဲ့အစိုးရအနေနဲ့က ဒီ ကျွန်မတိုရဲ့ အိတ်ဖွင့်ပေးစာတွေ ပြည်သူ့အသံတွေရော လျစ်လျူရှုလို့ မရတော့ဘူးလို့ ကျွန်မကတော့ ဒီကနေတောင်းဆိုချင်ပါတယ်။
မေး။ ။ တိုက်ပွဲတွေ ပဋိပက္ခတွေ ဖြစ်ပွားတိုင်း အမျိုးသမီးတွေ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာအကြမ်းအဖက်မှု လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိတော့ ဒါတွေကို ဘယ်သူက အကာအကွယ်ပေးမှာလဲ။
ဖြေ။ ။ ကျွန်မတို့ ပဋိပက္ခတစ်ခုဖြစ်ပြီဆိုရင် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အဓိက ပိုပြီး ထိခိုက်နစ်နာရတယ်ပေါ့နော်။ အဓိကပြောရမယ်ဆိုရင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရတဲ့ အခြေအနေတွေ ကလည်း တကယ်ကို ကျွန်မတို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့် အစုအဖွဲ့တွေ နောက် ချိုးဖောက်မှုတွေကို စောင့်ကြည်မှတ်တမ်းတင်နေတဲ့အဖွဲ့တွေရဲ့ အစီရင်ခံစာတွေမှာ စဉ်ဆက်မပြတ် အမြဲ မြင်နေရ ပါတယ်။
ဆိုတော့ အမျိုးသမီးတွေရောကလေးငယ်သူငယ်တွေရော ဒါအပြင် ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာထိခိုက်မှုတွေ အပြင်ကို ပညာရေး ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းတွေပေါ့ ဒါတွေကလည်း အယ် ချိုးဖောက်မှုတွေ အမြဲတမ်း ကြုံတွေရပါတယ်။ လူငယ်တွေဆိုလည်း ပညာဆက်လက် သင်ကြားဖို့အတွက် နောက်အနာဂတ် သေချာရေရာမှုတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပေါ့နော် ဒီ စိတ်ဒဏ်ရာအနာတစ်ရ ဖြစ်တာ ဒါမျိုးတွေ အများကြီး။
ဒီစစ်ပဋိပက္ခဖြစ်ပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ ကြုံရလေ့ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးတွေအပေါ်မှာဒီ နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုကို ပပျောက်ဖို့အတွက် သဘောတူစာ ချုပ်ကိုလည်း လက်မှတ်ရေးထိုးထားတယ်။
ဒါတွေကိုလည်း လေးစားလိုက်နာဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ အယ်ဒီစာချုပ်စာတမ်းတွေကို လက်မှတ်ထိုးထားတဲ့အစုအဖွဲ့အနေနဲ့ဆို အကောင်းဆုံးကတော့ ထိုးထားတဲ့နိုင်ငံတွေအနေနဲ့ဆိုရင် အကောင်းဆုံးကတော့ ကျွန်မတို့ ဒီ စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပြီးတော့ စစ်ဘေးရှောင်ပြည်သူ့တွေရဲ့ လုံခြုံမှုပေါ့နော် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှုတွေကိုမဖြစ်မနေ ကာကွယ်ပြဌာန်းမှုတွေ လုပ်ပေးရမယ်လို့ ကျွန်မ ယူဆတယ်။
မေး။ ။ ဒီလို တိုက်ပွဲတွေ ဖြစ်ပွားနေမှုတွေကို အစိုးရအနေနဲ့ ဖြေရှင်းနိုင်ပါ့မလား။
ဖြေ။ ။ ကျွန်မတို့ လက်ရှိ ပင်လုံညီလာခံဆိုတာလည်း (၄)ကြိမ်မြောက် ကျင်းပခဲ့ပြီးပြီဖြစ်တယ်။ NCAလက်မှတ်ထိုးထားတဲ့ လက်ရှိ လက်နက်ကိုင် အဓိကအားဖြင့်ဆိုရင် အခု KNUဆိုလည်း ဒီ ဖာပွန်ခရိုင်မှာ အခုလိုမျိုး လက်နက်ကြီးကျနေတယ်။
ပြည်သူ့တွေ ထွက်ပြေးရတဲ့ဆိုတဲ့သတင်းတွေကြားကြားချင်းကို အဖြစ်သင့်ဆုံးကတော့ အစိုးရ လက်ရှိ အာဏာရထားတဲ့ အစိုးရပေါ့နော် NLD ဦးဆောင်တဲ့အစိုးရသည် မဖြစ်မနေ ဒီလက်နက်ကိုင်တွေ ကြားထဲမှာ ဝင်ရောက်ဖြန်ဖျေဖို့လိုပါတယ်။ ဝင်ရောက် ညှိုနိူင်းပေးဖို့ လိုပါတယ်။
ညှိနိူင်းပေးတဲ့အခါမှာလည်း တကယ်ကို ဒီနှစ်ဖက်စလုံးရဲ့ အသံကို စနစ်တကျနားထောင်ဖို့လိုတယ် အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အခုလိုမျိုုးအသံတွေ နောက်စုစည်းတင်ပြချက်တွေပေါ့။ ဒါတွေကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်စားပြီးတော့ အဖြစ်သင့်ဆုံးဟာကို အဖြေရှာဖို့ အချိန်ရောက်ပြီပေါ့။
ကျွန်မတို့ နေ့စဉ်အမျှ စစ်ဘေးပဋိပက္ခ ကြုံနေရတယ်ဆိုတာက နေ့စဉ်အမျှ စိတ်ဒဏ်ရာတွေ ထပ်တိုးဖြစ်နေတာ ကျွန်မတို့ အနာဂတ်အတွက်ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဒါကြောင့်မို့ ဒီအရေးပေါ့နော်။ စစ်ဘေးပဋိပက္ခအရေးသည် လက်ရှိ အစိုးရရဲ့ မဖြစ်မနေ ဦးစားပေးဖြေရှင်းရမယ့် အရေးလို့ မြင်ပါတယ်။ ကျွန်မတို့တွေ့ကတော့ Dialogue လုပ်ခြင်း၊ မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း ဒါမှမဟုတ်အခုဆိုရင်လည်း အွန်လိုင်းတွေပေါ်ကနေ ဆုံတွေ့စကားပြောတာ ဒါတွေက အဓိက လိုအပ်နေတယ်လို့ ကျွန်မတို့ အဓိက မြင်ပါတယ်။ ဆိုတော့ ဒီလိုမျိုး ထိတွေ့ဆက်ဆံမှုတွေ မဖြစ်မနေလုပ်ဖို့လိုတယ်လို့ အဓိက တိုက်တွန်းချင်ပါတယ်။
မေး။ ။ အရပ်ဖက်အဖွဲ့အစည်း ၁၇၂ ဖွဲ့တောင်းဆိုတိုက်တွန်းချက်ကို နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က တကယ်ရော လုပ်ပေးနိုင်ပါ့မလား။
ဖြေ။ ။ စိတ်သာရှင်စော ဘုရားဟောပေါ့နော် ကျွန်မဒီ ဘယ်အရာပဲဖြစ်နေပါစေ အခက်အခဲဘယ်လောက်ပဲရှိနေပါစေ စိတ်ဆန္ဒရှိတယ်ဆိုရင်တော့ အယ် ဒီစိတ်ဆန္ဒရဲ့နောက်ဆက်တွဲမှာဆိုရင် လှုပ်ရှားမှုဆိုတာ ပေါ်လာတယ်။
ဒီလှုပ်ရှားမှုတွေ နောက်ဆက်တွဲမှာ ကျွန်မတု့ိဘယ်လိုဖြစ်လာမလည်းဆိုတာ ကျွန်မတု့ိ ပြည်သူ့တွေက လက်ရှိအစိုးရနဲ့ တပြေးညီစောင့်ကြည့်ခွင့်ရမယ်။ အဓိက ကျွန်မတို့ မြင်လိုတာကတော့ အစိုးရသည် ပြည်သူ့တွေ အားလုံးရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးဖို့ အခွင့်အရေးရှိတာ ကာကွယ်ပေးရမယ့်တာဝန်ရှိသည့် အားလျော်စွာ ဒီတာဝန်ရဲ့နောက်ဆက်တွဲမှာ ကျွန်မတု့ိ နိုင်ငံရေးစိတ်ဆန္ဒစေ့ဆော်မှု တာဝန်ရဲ့ စေ့ဆော်မှုတွေ နောက်ဆက်တွဲမှာဆိုရင်တော့ ဒီအရေးအပေါ်မှာ ထုတ်ဖော်ပြောဆိုတာ၊ ဒါ့အပြင် ညှိနိူင်းဆွေးနွေးတာ ဒီလုပ်ရပ်တွေပေါ်လာပါလိမ့်မယ် ။
ဒီလုပ်ရပ်တွေကို ကျွန်မတု့ိက မြင်ချင်ပါတယ်။ဆိုတော့ လုပ်လို့ရသလားလို့ပြောရင် မြန်မာနိုင်ငံမှာ ပြောရမယ်ဆိုရင် တာဝန်အရှိဆုံးက သမ္မတပေါ့။ ကျွန်မတု့ိ ပြည်သူ့တွေ အရပ်သားပြည်သူ့တွေအတွက် အဓိက အားကိုးရာဟာ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေပါတယ်။
ဒါကြောင့်မို့လို့ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က မဖြစ်မနေ ဒီအရေးကို ဝင်ရောက်ပြီးတော့ ပြောဆိုဖို့ တာဝန်ရှိတယ်။ ဆိုတော့ လက်ရှိအခြေအနေပေါ့ တပ်မတော်ဘက်ကိုပြောတဲ့အခါမှာလည်း ဘယ်လိုပြောတယ် ဘယ်လိုရလဒ်တွေရတယ် KNU ဘက်ကို ပြောတဲ့အခါမှာလည်း ဘယ်လိုရလဒ်တွေရတယ်ဆိုတာကိုလည်းသမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူ့ကို ပြန်ပြီး အစီရင်ခံသင့်ပါတယ်လို့ ထင်ပါတယ်ရှင့်။
မေး။ ။ ဖြည့်စွက်ပြောချင်တာရှိလား။
ဖြေ။ ။ ဟုတ်ကဲ့ ကျွန်မတု့ိ ဒေသခံပြည်သူတွေ ၄၀၀၀နီးပါးပေါ့နော်။ ခရိုင်ကနေ ထွက်ပြေးတိမ်ရှောင် နေခဲ့ရတယ်။ သူတို့တွေရဲ့ ဒီအခြေအနေအပေါ်မှာ ကျွန်မတို့ ပြည်သူ့တွေက အိတ်ဖွင့်ပေးစာပေးပြီး အခုလိုမျိုး တောင်းဆိုတဲ့ဟာကို ကျွန်မတု့ိ အခြားသောအရပ်ဖက်အဖွဲ့အစည်းအသီးသီးကလည်း ဝင်ရောက်ထောက်ခံပြီးတော့ ပြည်သူ့တွေအနေနဲ့က ဒီဖြစ်ရပ်တွေကို ရပ်တန့်ဖို့အတွက် ကိုယ်ရဲ့ဒေသအသီးသီးမှာရှိနေတဲ့ တာဝန်ရှိသူတွေ လွှတ်တော်အမတ်တွေက တစ်ဆင့် သတင်းပါးပေးဖို့ ကျွန်မကတော့ တိုက်တွန်းချင်တယ်။
ဒါအပြင်အခုလက်ရှိ ထွက်ပြေးတိမ်ရှောင်နေရတဲ့ပြည်သူ့တွေဟာ စားဝတ်နေရေးပေါ့နော် အခုကာလကြီး အရမ်းအေးတဲ့ကာလမှာ သူတို့ ဒီလိုအခြေအနေတွေ ကြုံတွေရတဲ့အခါကျတော့ အလှူငွေ အများကြီးလိုအပ်နေပါတယ်။ ဒါကိုလည်း တစ်တပ်တစ်အား လှူဒါန်းပေးကြဖို့ိ့ မေတ္တာရပ်ခံချင်ပါတယ်ပေါ့။

မူရင်းသတင်းကိုကြည့်ရန်။