Report 930 Views

ရွေးကောက်ပွဲနှင့် ရခိုင်တို့မြေ သုတေသနအစီရင်ခံစာ

November 7th, 2020  •  Author:   Nyan Lynn Thit Analytica  •  0 minute read
Featured image
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၉၁ ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်သည့် ဒေသများကို အမိန့်ကြေငြာချက်များဖြင့် ထုတ်ပြန်ရာတွင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ ( စ )” အားကျင့်သုံး၍ ရွေးကောက်ပွဲကျင်းပမည်မဟုတ်ဟုသာ ဖော်ပြခဲ့ပြီး ‘’ရွေး‌ကောက်ပွဲ ပယ်ဖျက်သည် ၊ ရွေ့ဆိုင်းသည်‘’ ဟူသည့် တိကျစွာသုံးနှုန်းထားခြင်းမျိုး မပါဝင်ခဲ့ပေ။ ကြေငြာချက်များအရ ပြည်နယ် ၆ ခု နှင့် တိုင်းဒေသကြီး ၁ ခုတို့တွင် အပေါ်သက်ရောက်ခဲ့ပြီး မြို့နယ်ပေါင်း ၅၇ မြို့နယ်၌ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများပါဝင်လာခဲ့သည်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီရင်ခံစာပါ တွေ့ရှိချက်များအရ အဓိက အချက် (၃) ချက်ကို အကြံပြုတင်ပြထားပြီး အစီရင်ခံစာအပြည့်အစုံကို အောက်ပါလင့်မှတဆင့် ရယူဖတ်ရှုနိုင်ပါသည်။

အစီရင်ခံစာအပြည့်အစုံဒေါင်းလုတ်ယူပါ။