Report 670 Views

အခြေအနေသစ်နှင့် ဒီမိုကရက်တစ် မြန်မာနိုင်ငံအဖြစ်သို့ တရားမျှတစွာ ကူးပြောင်းခြင်း နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းလုပ်သားများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေး

October 23rd, 2020  •  Author:   Transnational Institute  •  1 minute read
Featured image

ပြည်သူတို့ကြား ဆွေးနွေးကြရမည့် အရေးကြီးသော ၂၆ ချက်

မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းအလုပ်သမားအများစုမှာ ကျေးလက်ဒေသများမှ ဖြစ်ကာ ထိုဒေသများတွင် ယခုအချိန်ထိနက်ရှိုင်းကျယ်ပြန့်စွာရှိနေပါသေးသည်။ ခန့်မှန်းခြေအားဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၅ သန်းခန့်သည် ထိုင်း၊ တရုတ် နှင့် မလေးရှား စသည့်နိုင်ငံများတွင် အများစု အလုပ်လုပ်နေပြီး တစ်နှစ်အတွင်း ပြည်တွင်းသို့ ငွေပြန်လွှဲသည့် ခန့်မှန်းပမာဏ ဒေါ်လာ ၈ ဘီလီယံခန့်ရှိပါသည်။

ရွှေ့ပြောင်းလုပ်သားများသည် အလွန်တွေးဆကြံစည်တတ်ကြပါသည်။ ၎င်းတို့ကိုယ်တိုင် အလုပ်များရှာဖွေကာ အလုပ်ရှိရာနိုင်ငံခြားသို့ ကိုယ့်အစီအစဉ်နှင့် သွားရောက်နိုင် ကြသည်။ ကပ်ရောဂါဖြစ်သည့် ကာလတွင်လည်း ၎င်းတို့အစီအစဉ်ဖြင့်သာ ကိုယ့်ရပ်ရွာရှိရာ ပြန်လာနိုင်သည်။ ၎င်းတို့၏ ဘဝရှင်သန်ရပ်တည်နိုင်ရန် ကိုယ့အားကိုယ်ကိုးကာရှင်သန်နိုင်သည်။ ထိုကဲ့သို့ အတွေ့အကြုံများကိုကြည့်ခြင်းအားဖြင့် ကျေးလက်ဒေသရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အခြေအနေအား နားလည်နိုင်စွမ်းရှိကာ ပြောင်းလဲယူနိုင်သော အစွမ်းအစ (political agency) ရှိကြသည်ကိုမြင်ရပါသည်။ ကျေးလက်ဒေသတွင် ရှင်သန်ရပ်တည်နေရသူများ အနေဖြင့် ၎င်းတို့၏လူတန်းစားနှင့် လူမှုသင်္ကေတအခြေအနေ. သိမြင်မှုအပေါ် အခြေခံကာ ၎င်းတို့၏အနာဂတ်အား ကိုယ်တိုင်တည်ဆောက်ယူနိုင်ပါမည်လော။ ယခုမေးခွန်း အတွက်အဖြေမရှိသေးပါ။ သို့သော်ငြားလည်း အလွန်ကျော်ကြားသည့် နိုင်ငံရေးဘောဂဗေဓပညာရှင်တစ်ဉီး၏ စကားအတိုင်းဆိုရလျှင် မြန်မာနိုင်ငံ၏ အလုပ်သမား လူတန်းစားအနေဖြင့် ကိုယ့်သမိုင်းကိုယ်ဖန်တီးနိုင်သော်လည်း မိမိကြိုက်နှစ်သက်သည့်၊ ကိုယ်ရွေးချယ်သည့် အခြေအနေအောက်တွင် မဟုတ်နိုင်ဘဲ အတိတ်မှဖြစ်လာသော အခြေအနေများ အောက်တွင်သာလှုပ်ရှားနိုင်ကြသည်။

ယခုသုတေသနအစီရင်ခံစာတွင် ရွှေ့ပြောင်းအလုပ်သမား ၁၃၆ ဉီး (အမျိုးသမီး၊ အမျိုးသား၊ မတူညီသည့် အသက်အုပ်စုများ၊ တိုင်းရင်းသားလူမျိုးစုများ၊ ဒေသအသီးသီး (မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်း နှင့် မွန် ပြည်နယ်) တို့ကိုမေးမြန်းထားပါသည်။ လူအယောက် ၁၂၀ ကို ဧပြီနှင့် ဩဂုတ်လအတွင်းမေးမြန်းခဲ့ကာ ကျန်သည့် ၁၆ယောက်ကို မြန်မာနိုင်ငံအလယ်ပိုင်းရှိ တိုင်း ၃တိုင်း တွင် ၂၀၁၉ ဩဂုတ်နှင့် စက်တင်ဘာ နှစ်လအတွင်း မေးမြန်းခဲ့ပါသည်။ ယခုအစီရင်ခံစာအားဖြင့် မည်သူတွေက ရွှေ့ပြောင်းအလုပ်သမားများဖြစ်သနည်း၊ အဘယ်ကြောင့် ရွှေ့ပြောင်းအလုပ်သမားဖြစ်လာခဲ့နည်း၊ ၎င်းတို့၏ လက်ရှိအခြေအနေများ အပေါ်မည်ကဲ့သို့ ရှုမြင်ကြသနည်း စသည့်မေးခွန်းများနှင့် ဆက်စပ်၍ ပိုမိုနားလည်မှု တည်ဆောက်ယူနိုင်ရန်အတွက်ဖြစ်သည်။ ယခုအစီရင်ခံအကျဉ်းချုပ်တွင် ကိုဗစ်-၁၉မှတဆင့် ပြောသော မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းအလုပ်သမားများ အကြောင်း ဖော်ပြထားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍ နှင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများသို့ အရင်းရှင်စီးပွားရေး ဝင်ရောက် လာမှုအပေါ် ခြုံငုံသုံးသပ်ထားပါသည်။ ယခုသုံးသပ်ချက်များအားဖြင့် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းအား ရင်ဆိုင်ကျော်လွှားနိုင်ရန် ပြည်သူများအတွက် လိုအပ်သောဗဟုသုတ အနေဖြင့် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်။ ထို့အပြင် ကပ်ရောဂါအလွန်တွင် အသစ်ဖြစ်လာမည့် ပုံမှန်အခြေအနေကို လူမှုရေးတရားမျှတမှုရှိစွာ တည်ဆောက်နိုင်ရန် ရည်ရွယ်ပါသည်။ ယခုအစီရင်ခံစာအကျဉ်းချုပ်တွင် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝဇာတ်ကြောင်းများ၊ ကျေးလက်ဒေသ လူမှုအဖွဲ့အစည်း တည်ဆောက်ပုံစသည်တို့ကို အဓိကထား၍ ဖော်ပြကာ မီးမောင်းထိုးပြလိုသည့် အချက်များကိုသာ စုစည်းတင်ပြ ထားပါသည်။ မြန်မာနှင့် အင်္ဂလိပ်နှစ်ဘာသာဖြင့် နိုဝင်ဘာလ ၂၀၂၀ ကုန်တွင် ထွက်လာမည့် အစီရင်ခံစာ အပြည့်အစုံအား စာဖတ်သူများအနေဖြင့် ဖတ်ရှုသုံးသပ်နိုင်ဖို့ရန်လည်း ဖိတ်ခေါ်ပါသည်။


အစီရင်ခံစာအကျဉ်းချုပ်ကို PDF ဖြင့်အပြည့်အစုံယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာ