Statement 910 Views

ရခိုင်ပြည်နယ်တွင်ဖက်ဆစ်စစ်တပ်မှအကြမ်းဖက်နေမှုများနှင့်ပတ်သက်၍ ဗကသများအဖွဲ့ချုပ်၏ သဘောထားကြေညာချက်

September 6th, 2020  •  Author:   All Burma Federation of Student Unions  •  1 minute read
Featured image

ရက်စွဲ။ ။၆ရက်၊ စက်တင်ဘာ၊ ၂၀၂၀

၁။ COVID-19 ကပ်ရောဂါကြောင့် ပြည်သူအားလုံး အဖက်ဖက်မှ အကြပ်အတည်းများ ဖြစ်နေချိန်တွင် စစ် အုပ်စု လက်ကိုင်တုတ် ဖက်ဆစ်စစ်တပ်မှာမူ ရခိုင်ပြည်နယ်တွင် COVID-19ကို အကာအကွယ်ယူကာ ပြည်သူလူထုကို အကြမ်းဖက်သည့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။
၂။ (၂၈.၈.၂၀၂၀)ရက်က ကျောက်ဖြူပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးကို ခမရ(၇၅၇) မှ စစ်သားများမှအနိုင်ကျင့်နှိပ်စက်ပြီးနောက် ဝိုင်းဝန်းရိုက်နှက်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခဲ့ သည်။ ဤလုပ်ရပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းပင် ဖြစ်သည်။ (၄.၉.၂၀၂၀)ရက်နေ့က ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့ကို ရွာလုံးကျွတ်မီးရှို့ခဲ့ခြင်းသည် စစ်အုပ်စုလက်ကိုင်တုတ် စစ်တပ်၏ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တိုင်းသိပြည်သိ ဖြစ်စေခဲ့သည်။
၃။ ဖက်ဒရယ်စကားကို နှုတ်ကမချသော်လည်း ဖက်ဆစ်စစ်တပ်သည် ဒုက္ခသည်စခန်းပေါ် လက်နက်ကြီးများ ကျစေသည်အထိ ယုတ်မာလျက်ရှိသည်။ တာဝန်ရှိသူများကလည်း ယနေ့တိုင် နှုတ်ဆိတ် နေသည်မှာ မရိုး ဖြောင့်ခြင်းသဘောဟု သုံးသပ်သည်။ ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထုကို အကြမ်းဖက်နေသည့် လုပ်ရပ်ဟူသမျှသည် စစ်အုပ်စု၏ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် သဘောထားအား ထင်းထင်းကြီး ဖော်ပြ နေခြင်းပင် ဖြစ်သည်။
၄။ ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးတွင် စစ်အုပ်စုလက်ကိုင်တုတ်စစ်တပ်က ကျူးလွန်နေသမျှသော အကြမ်းဖက်လုပ်ရပ်ဟူသမျှကို ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ နိုင်ငံ တဝှမ်းလုံးမှ ပြည်သူလူထုကြီး အနေနှင့် မိမိတို့ တိုင်းရင်းသားညီအစ်ကိုများအပေါ် အကြမ်းဖက်နေသော ဖက်ဆစ် စစ်တပ်၏ လုပ်ရပ်များကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး စစ်ဘေးဒဏ်ခံပြည်သူများနှင့် တသားတည်းရပ်တည်ကြပါရန် ဗကသများအဖွဲ့ချုပ်က လေးနက်စွာ တိုက်တွန်းလိုပါသည်။