Press Release 620 Views

ကီရင်၏ ဒုတိယမြောက်သုံးလပတ် ဘဏ္ဍာရေးထုတ်ပြန်ချက်များအပေါ် Justice For Myanmar ၏ တုန့်ပြန်ချက် – မြန်မာစစ်တပ်ဟာ ကီရင်နဲ့ စီးပွားရေးအတူလုပ်ဆောင်ခြင်းမှ အကျိုးအမြတ် မြန်မာကျပ် ၄၅.၅၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၃.၅ သန်း) ရရှိခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှု ၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် ငွေကြေးအထောက်အပံ့ဆက်လက်ရရှိနေဆဲဖြစ်တယ်

August 7th, 2020  •  Author:   Justice For Myanmar  •  1 minute read
Featured image

သြဂုတ် ၇ ၊ ၂၀၂၀ ခုနှစ်

Myanmar Brewery Ltd ဟာမြန်မာစစ်တပ်အတွက် အကျိုးအမြတ်များတဲ့ ငွေကြေးအရင်း အမြစ်တစ်ခုအဖြစ် တည်ရှိနေပြီး သူတို့ရဲ့ တိတ်တိတ်ပုန်းဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို တရားမဝင်ထောက်ပံ့မှုတွေနဲ့ အကျိုးပြုနေဆဲဖြစ်တယ်။ ကီရင်ကုမ္ပဏီအနေနဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို အကျိုးအမြတ်ထောက်ပံ့နေခြင်းဟာ စစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘဏ္ဍာငွေ ထောက်ပံ့နေခြင်းသာဖြစ်တယ်ဆိုတာကို အများက သိရှိကြပြီး ဖြစ်ပါတယ်။

ဒီနေ့ထုတ်ပြန်လိုက်တဲ့ ကီရင်ရဲ့ ဒုတိယမြောက် သုံးလပတ်အစီရင်ခံစာ (ဧပြီ ၁ – ဇွန် ၃၀ ၊ ၂၀၂၀)မှာ Myanmar Brewery Ltd ရဲ့ဝင်ငွေဟာ မြန်မာကျပ် ၂၁၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၅၅.၈၆ သန်း) ဖြစ်ပြီး ပုံမှန်လည်ပတ်အမြတ်ငွေ (normalized operating profit) ကတော့ မြန်မာကျပ် ၉၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၆၈.၃၇ သန်း)ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ Myanmar Brewery Ltd လုပ်ငန်းမှာ မြန်မာစစ်တပ်က ၄၉% ရှယ်ယာထည့်ဝင်ထားပြီး ကျန်ရှိတဲ့ ၅၁ % ကို ကီရင်က ပိုင်ဆိုင်ထားပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “သြဂုတ်လ ၂၅ ရက်နေ့ဆိုရင် မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တာ ၃ နှစ်ပြည့်ပြီပဲဖြစ်ပါတယ်။ ကီရင်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးသန့်စင်မှု စစ်ဆင်ရေး ဆင်နွှဲတဲ့အချိန်တုန်းက ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့သလို စီးပွားရေးလုပ်ငန်း အရလည်း စစ်တပ်ကို အကျိုးအမြတ်များများရစေဖို့ အဓိကထောက်ပံ့ပေးသူအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုအထောက်အပံ့တွေရနေလို့လည်း စစ်တပ်ဟာ ရှမ်း၊ ကချင်နဲ့ ရခိုင်ပြည်နယ် တွေမှာ နိုင်ငံတကာလူ့အခွင့်အရေးချိုးဖောက်မှု နဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအပေါ် ချိုးဖောက်မှု စတဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေနိုင်တာဖြစ်ပါတယ်။ ကီရင်ဟာ အဲ့ဒီရာဇဝတ်မှု တွေမှာ ကြံရာပါအဖြစ်ပါဝင်နေခြင်းအတွက် တာဝန်ယူမှုရှိရမှာဖြစ်ပါတယ်။ Justice For Myanmar အနေနဲ့ ကီရင်ကို လက်ရှိမြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပစ်ဖို့ တိုက်တွန်း ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက်၊ ၂၀၁၇ ရက်နေ့မှာ ကီရင်က မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို အားပေးထောက်ခံပြီး အမေရိကန်ဒေါ်လာ ၁၂,၀၀၀ နီးပါးလှူဒါန်းခဲ့ပါသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ကြီးမှူးကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ အဲ့ဒီ အလှူငွေတွေကို ပေးအပ်ခဲ့ပြီး ကြည်း၊ရေ၊လေ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်မြတ်ထွန်းဦးကိုယ်တိုင် တက်ရောက် လက်ခံခဲ့ပါတယ်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အဆိုအရ အဲ့ဒီ လှူဒါန်းမှုဟာ “ရခိုင်မြောက်ပိုင်း လူနေပျံ့နှံ့မှုပုံစံကို ပြောင်းလဲပစ်ဖို့ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းသွားသော ရိုဟင်ဂျာများကို လူမဆန်တဲ့ခံစားမှုများ ခံစားရရှိစေဖို့ ရည်ရွယ်တဲ့ လူမဆန်တဲ့လုပ်ရပ်”* ကို အားပေးအားမြှောက်ပြုနေတာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဟာ မြန်မာစစ်တပ်က လုပ်ကိုင်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း သာဖြစ်ပြီး ဧရာမအကျင့်ပျက်ခြစားမှုများနဲ့ နိုင်ငံပိုင်တွေကို စစ်တပ်ပိုင်အဖြစ် အလုံးအရင်း သိမ်းပိုက်ရာကနေ ထူထောင်ခဲ့တဲ့လုပ်ငန်းဖြစ်တယ်။ အဲ့ဒီလုပ်ငန်းကပဲ မြန်မာ့ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများအဖို့ သူတို့ရဲ့ဇိမ်ခံမူးရစ်ရာ ရွှေပေါ်မြတင်ဘဝတွေကို ဆက်လက်ထိန်းသိမ်း ထားနိုင်ဖို့ ခြေကုတ်ယူထားနိုင်တဲ့ အဓိကသော့ချက်ဖြစ်နေပါတယ်။

ရတနာမောင်က ဆက်လက်ပြောကြားတာကတော့ “မြန်မာ့စီးပွားရေးဦးပိုင်ရဲ့ လက်ရှိ ဒုတိယ မြောက်သုံးလပတ်အတွင်း ရလိုက်တဲ့ အမြတ်ငွေ မြန်မာကျပ် ၄၅ ဘီလီယမ် ဆိုတာ တကယ်တော့ မြန်မာပြည်သူတွေ ပိုင်ဆိုင်တဲ့ အမြတ်ငွေတွေဖြစ်ပြီး အားနည်းပြီးထိလျှလွယ်တဲ့ လူ့အဖွဲ့အစည်း တွေကို ထောက်ပံ့ပေးအပ်ဖို့အတွက် အစိုးရက ကိုင်တွယ်အသုံးပြုရမယ့် ငွေတွေလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကိုဗစ် – ၁၉ ရောဂါ နဲ့ ပြင်းထန်လာတဲ့ ပြည်တွင်းစစ် တိုက်ပွဲတွေကြောင့် နစ်နာခဲ့ရသူတွေကို ထောက်ပံ့တဲ့နေရာမှာ ဒီငွေတွေကို သုံးရမှာပါ။ အခုတော့ အဲ့ဒီအစား မြန်မာနိုင်ငံရဲ့ လောဘတကြီး အကျင့်ပျက်ခြစားနေတဲ့ ဗိုလ်ချုပ်ကြီးတွေလက်ထဲ တလွဲအသုံး ပြုနိုင်ဖို့ မလျော်မကန်ရောက်ရှိသွားကြပါပြီ။ ဒါဟာ လက်သင့်ခံနိုင်ဖွယ်မရှိတဲ့အနေအထားပါ။”

အယ်ဒီတာများသို့မှတ်ချက်

*ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်အစီရင်ခံစာ (မြန်မာစစ်တပ်၏ စီးပွားရေး အကျိုးအမြတ်များ) ၊ စာပိုဒ် ၁၂၈။

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။

ထပ်မံသိရှိလိုပါက –
ရတနာမောင်
အီးမေးလ် – [email protected]
ဝဘ်ဆိုဒ် – https://www.justiceformyanmar.org/
တွစ်တာ – @justicemyanmar
ဖေ့ဘုတ် – https://www.facebook.com/justiceformyanmar.org/

Download PDF in English.

Download PDF in Burmese.